ကစားသမား တစ်ဦးနှင့်သာဆိုရင် ချယ်ဆီးက ရီးရဲလ်မက်ဒရစ်ကို အနိုင်ရပြီးနေပြီဆိုတဲ့ မှတ်ချက်

ချယ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲအပြီးမှာ နှစ်ဘက်အသင်းဟာ ချီးကျူးခံရမှုတွေကို သီးခြားစီ ပိုင်ဆိုင်ခဲ့ပါတယ်။

ချယ်ဆီးအသင်းသား အချို့ကလည်း ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့သလို ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ကန်တေက ရရှိခဲ့တာဖြစ်တယ်။ ဒါပေမယ့်လို့ ချယ်ဆီး ကစားသမားဟောင်း ဂျိုးကိုးက ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းက အကောင်းဆုံး ကစားသမားကို ထုတ်ဖော်ချီးကျူးမှုနှင့်အတူ ချယ်ဆီးကို သတိပေးမှု လုပ်ခဲ့ပါတယ်။

ဂျိုးကို ချီးကျူးခဲ့သူကတော့ ပူလီဆစ်ရဲ့ ဦးဆောင်ဂိုးကို ခြေဖျက်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား ဘန်ဇီမာကိုဖြစ်တယ်။ ဝါရင့် တိုက်စစ်သမားဟာ လာလီဂါကလပ်ရဲ့ တိုက်စစ်ကို ဦးဆောင်ခဲ့သူအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။

BT Sport ကနေ ဂျိုးကိုးက ပြောရာမှာ ” ဘန်ဇီမာက ခေါင်းဆောင်ကောင်းတစ်ဦးပဲ ဖြစ်ပါတယ်။ သူက တိုက်စစ်လိုင်းကို ဦးဆောင်ပြီး ပထမပိုင်း နာရီဝက်လောက်မှာ ရီးရဲလ်ရဲ့ အတောက်ပဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

အဆုံးသတ်မှုကလည်း ပြောင်မြောက်လွန်းလှပါတယ်။ အဲ့တာက ပွဲတွေမှာ ထိပ်တန်းဆိုတဲ့ တိုက်စစ်သမားတွေမှ လုပ်နိုင်တာမျိုး ဖြစ်ပါတယ်။ ဒုတိယအကျော့ပွဲမှာတော့ ချယ်ဆီးက ဘန်ဇီမာကို ထိန်းချုပ်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဖာဒီနန်ကလည်း ” ချယ်ဆီးရဲ့ တိုက်စစ်မှာ ဘန်ဇီမာလို တိုက်စစ်သမား ရှိမယ်ဆိုရင် ပထမအကျော့ပွဲကို သူတို့ အနိုင်ရခဲ့မှာပါ။ ဘန်ဇီမာက သိပ်ကိုကောင်းတဲ့ ထိပ်တန်း နည်းစနစ်သမား ဖြစ်ပါတယ် ” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ZAWGYI – ခ်ယ္ဆီးနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ သေရက်ခဲ့တဲ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲအျပီးမွာ ႏွစ္ဘက္အသင္းဟာ ခ်ီးက်ဴးခံရမႈေတြကို သီးျခားစီ ပိုင္ဆိုင္ခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းသား အခ်ိဳ႔ကလည္း ေျပာင္ေျမာက္တဲ့ စြမ္းေဆာင္ရည္ေတြ ျပသႏုိင္ခဲ့သလို ပြဲစဥ္ရဲ႕ အေကာင္းဆံုးကစားသမားဆုကို ကန္ေတက ရရွိခဲ့တာျဖစ္တယ္။ ဒါေပမယ့္လို႔ ခ်ယ္ဆီး ကစားသမားေဟာင္း ဂ်ိဳးကိုးက ျပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္အသင္းက အေကာင္းဆံုး ကစားသမားကို ထုတ္ေဖာ္ခ်ီးက်ဴးမႈႏွင့္အတူ ခ်ယ္ဆီးကို သတိေပးမႈ လုပ္ခဲ့ပါတယ္။

ဂ်ိဳးကို ခ်ီးက်ဴးခဲ့သူကေတာ့ ပူလီဆစ္ရဲ႕ ဦးေဆာင္ဂိုးကို ေျခဖ်က္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ တိုက္စစ္သမား ဘန္ဇီမာကိုျဖစ္တယ္။ ဝါရင့္ တိုက္စစ္သမားဟာ လာလီဂါကလပ္ရဲ႕ တိုက္စစ္ကို ဦးေဆာင္ခဲ့သူအျဖစ္ အသိအမွတ္ျပဳျခင္း ခံခဲ့ရပါတယ္။

BT Sport ကေန ဂ်ိဳးကိုးက ေျပာရာမွာ ” ဘန္ဇီမာက ေခါင္းေဆာင္ေကာင္းတစ္ဦးပဲ ျဖစ္ပါတယ္။ သူက တိုက္စစ္လိုင္းကို ဦးေဆာင္ျပီး ပထမပိုင္း နာရီဝက္ေလာက္မွာ ရီးရဲလ္ရဲ႕ အေတာက္ပဆံုး ကစားသမား ျဖစ္ခဲ့ပါတယ္။

အဆံုးသတ္မႈကလည္း ေျပာင္ေျမာက္လြန္းလွပါတယ္။ အဲ့တာက ပြဲေတြမွာ ထိပ္တန္းဆိုတဲ့ တိုက္စစ္သမားေတြမွ လုပ္ႏုိင္တာမ်ိဳး ျဖစ္ပါတယ္။ ဒုတိယအေက်ာ့ပြဲမွာေတာ့ ခ်ယ္ဆီးက ဘန္ဇီမာကို ထိန္းခ်ဳပ္ႏုိင္ေအာင္ ၾကိဳးစားရမွာျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဖာဒီနန္ကလည္း ” ခ်ယ္ဆီးရဲ႕ တိုက္စစ္မွာ ဘန္ဇီမာလို တိုက္စစ္သမား ရွိမယ္ဆိုရင္ ပထမအေက်ာ့ပြဲကို သူတို႔ အႏုိင္ရခဲ့မွာပါ။ ဘန္ဇီမာက သိပ္ကိုေကာင္းတဲ့ ထိပ္တန္း နည္းစနစ္သမား ျဖစ္ပါတယ္ ” လို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။