မန်ချက်စတာ ယူနိုက်တက်ဟာ ဘိုကာဂျူနီယာ အသင်းထံ ပြောင်းရွှေ့ရန် ခြေလှမ်းပြင်နေတဲ့ တိုက်စစ်မှူးကြီး ကာဗာနီကို ပရီးမီးယားလိဂ်မှာ တစ်နှစ် ဆက်ထိန်းထားဖို့ အတွက် လစာ တစ်ပတ် ပေါင် ၂ သိန်းခွဲ ပေးကာ စာချုပ်သစ် ချုပ်ဖို့ စည်းရုံးနေပါတယ်။
ကာဗာနီ ထွက်ခွာရင် ခေါ်ယူဖို့ ယူနိုက်တက် ချိန်ရွယ်ထားတဲ့ စပါးတိုက်စစ်မှူး ကိန်းကလည်း သူ့ကို ရောင်းချရန် စဉ်းစားပေးဖို့ တော့တင်ဟမ် စပါးအသင်းထံ တောင်းဆို တိုက်တွန်းထားပါတယ်။

ရိုးမားနည်းပြ ဖြစ်သွားတဲ့ ဂျို့စ် မော်ရင်ညိုဟာ မန်ချက်စတာယူနိုက်တက်မှ တပည့်ဟောင်း ဂိုးသမား ဒီဂီယာ ကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။
မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ဂါနာသား အံ့ဖွယ် လူငယ် ကစားသမား ဆူလေမာနာ ကို အေဂျက်ကလည်း အပြိုင် ကြိုးစားလာပါတယ်။ ဆယ်ကျော်သက် တောင်ပံတိုက်စစ်သမားကို အေဂျက်က ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းဖူးတာက ပယ်ချခံထားရပါတယ်။
အက်စတွန်ဗီလာ ကစားသမာေးဟာင်းကြီး အဘွန်လဟောကတော့ ဗီလာမှာ အငှား ကစားသွားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး တွမ်ဇီဘီ ကို လာမယ့်နွေမှာ ပြန်ခေါ်ဖို့ ကြိုးစားသင့်ကြောင်း အက်စတွန်ဗီလာ အသင်းအား တွန်းအားပေးနေပါတယ်။
ဟာလန်းရဲ့ တန်ကြေးက ပေါင် သန်း ၁၅၀ ထိ ဒေါ့မွန်က သတ်မှတ်ထားတာကြောင့် ယူနိုက်တက်ဟာ လာမယ့်နွေ တိုက်စစ် ဦးစားပေး ပစ်မှတ် အဖြစ် ဆန်ချို ကိုပဲ ပေါင် သန်း ၈၀ နဲ့ ကြိုးစားဖို့ ကြံရွယ်နေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ဘိုကာဂ်ဴနီယာ အသင္းထံ ေျပာင္းေရႊ႕ရန္ ေျခလွမ္းျပင္ေနတဲ့ တိုက္စစ္မွဴးၾကီး ကာဗာနီကို ပရီးမီးယားလိဂ္မွာ တစ္နွစ္ ဆက္ထိန္းထားဖို႔ အတြက္ လစာ တစ္ပတ္ ေပါင္ ၂ သိန္းခြဲ ေပးကာ စာခ်ဳပ္သစ္ ခ်ဳပ္ဖို႔ စည္းရံုးေနပါတယ္။
ကာဗာနီ ထြက္ခြာရင္ ေခၚယူဖို႔ ယူနိုက္တက္ ခ်ိန္ရြယ္ထားတဲ့ စပါးတိုက္စစ္မွဴး ကိန္းကလည္း သူ႔ကို ေရာင္းခ်ရန္ စဥ္းစားေပးဖို႔ ေတာ့တင္ဟမ္ စပါးအသင္းထံ ေတာင္းဆို တိုက္တြန္းထားပါတယ္။
ရိုးမားနည္းျပ ျဖစ္သြားတဲ့ ဂ်ိဳ႔စ္ ေမာ္ရင္ညိဳဟာ မန္ခ်က္စတာယူနိုက္တက္မွ တပည့္ေဟာင္း ဂိုးသမား ဒီဂီယာ ကို ေခၚယူဖို႔ မ်က္စိက်ေနပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ ပစ္မွတ္ထားေနတဲ့ ဂါနာသား အံ့ဖြယ္ လူငယ္ ကစားသမား ဆူေလမာနာ ကို ေအဂ်က္ကလည္း အျပိဳင္ ၾကိဳးစားလာပါတယ္။ ဆယ္ေက်ာ္သက္ ေတာင္ပံတိုက္စစ္သမားကို ေအဂ်က္က ေပါင္ ၁၀ သန္းနဲ႕ ကမ္းလွမ္းဖူးတာက ပယ္ခ်ခံထားရပါတယ္။
အက္စတြန္ဗီလာ ကစားသမာေးဟာင္းၾကီး အဘြန္လေဟာကေတာ့ ဗီလာမွာ အငွား ကစားသြားခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္ ခံစစ္မွဴး တြမ္ဇီဘီ ကို လာမယ့္ေႏြမွာ ျပန္ေခၚဖို႔ ၾကိဳးစားသင့္ေၾကာင္း အက္စတြန္ဗီလာ အသင္းအား တြန္းအားေပးေနပါတယ္။
ဟာလန္းရဲ႕ တန္ေၾကးက ေပါင္ သန္း ၁၅၀ ထိ ေဒါ့မြန္က သတ္မွတ္ထားတာေၾကာင့္ ယူနိုက္တက္ဟာ လာမယ့္ေႏြ တိုက္စစ္ ဦးစားေပး ပစ္မွတ္ အျဖစ္ ဆန္ခ်ိဳ ကိုပဲ ေပါင္ သန္း ၈၀ နဲ႕ ၾကိဳးစားဖို႔ ၾကံရြယ္ေနပါတယ္။
