ကာလရှည် ပစ်မှတ်ကို ဒီနွေမှာတော့ ပေါင် ၈၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်တဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်နွေမှာ ဒေါ့မွန်အသင်းမှ တောင်ပံ ကစားသမား ဆန်ချို ကို ခေါ်ယူနိုင်ဖို့ သေချာသလောက် ရှိကြောင့် အသင်းဘက်ကရော ကစားသမားဘက်က အေးဂျင့်ကပါ ယုံကြည်မှု ရှိနေပါတယ်။

ယူနိုက်တက်ဟာ အသက် ၂၁ နှစ် အရွယ် အင်္ဂလန်သားကို ၂၀၂၀ တည်းက ခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပေမယ့် ဘွန်ဒစ်လီဂါ ကလပ်ဟာ ဆန်ချို အတွက် တန်ကြေး ပေါင် ၁၀၈ သန်း အလိုရှိနေတာကြောင့် ဈေးညှိလို့ မရဘဲ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်က ဆန်ချိုကို လက်လျှော့လိုက်တာ မဟုတ်ဘဲ ခေါ်ယူဖို့ ဆက်လက် စောင့်ကြည့်နေပြီး ကာဗာနီကို သက်တမ်းတိုးလိုက်တာကြောင့် အထောင်တိုက်စစ် မခေါ်ဘဲ ဆန်ချို ကို ပိုအားစိုက် ခေါ်ဖြစ်ဖို့ ဖြစ်လာပါတယ်။

ဆိုးရှားက ဒီနွေမှာ အပြောင်းအရွှေ့ ဘတ်ဂျက် ကို သင့်တင့်အောင် ရရှိမှာ ဖြစ်လို့ ဆန်ချိုအတွက် တလုံးတည်း သုံးဖို့ အလိုရှိနေပါတယ်။ ဒေါ့မွန်က ဒီတလော သီတင်းပတ်တွေမှာ ပုံစံကောင်း ပြန်ရလာပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အခွင့်ကောင်းတွေ ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ့မွန်က ဆန်ချိုကို ဆက်ထိန်းထားဖို့တော့ ပြောဆို ဆွေးနွေးမှု မရှိပါဘူး။

ဆန်ချို လက်ရှိ စာချုပ်ကလည်း ၂နှစ်သာ ကျန်တာကြောင့် ပြောင်းရွှေ့ကြေး များများနဲ့ လက်လွှတ်ဖို့ လာမယ့်နွေကသာ ဒေါ့မွန် အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်ပါတယ်။ ယူနိုက်တက်ကလည်း ဆန်ချိုကို ဒီနွေမှာ ပေါင် ၈၅ သန်းနဲ့ ကမ်းလှမ်းမယ်ဆို အရ ခေါ်နိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။

ဒါပေမယ့် ကနဦး ကမ်းလှမ်းမှု အနေနဲ့ကတော့ ပေါင် ၆၅-၇၅ သန်းလောက်နဲ့ အရင် သွေးတိုးစမ်း ကမ်းလှမ်းပြီးမှ ဒေါ့မွန်နဲ့ ညှိနှိုင်း တိုးမြှင့်ပေးဖွယ် ရှိတယ်လို့ အင်္ဂလန်သတင်းဌာနတွေက သုံးသပ်ထားပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ လာမယ့္ေႏြမွာ ေဒါ့မြန္အသင္းမွ ေတာင္ပံ ကစားသမား ဆန္ခ်ိဳ ကို ေခၚယူနိုင္ဖို႔ ေသခ်ာသေလာက္ ရွိေၾကာင့္ အသင္းဘက္ကေရာ ကစားသမားဘက္က ေအးဂ်င့္ကပါ ယံုၾကည္မႈ ရွိေနပါတယ္။

ယူနိုက္တက္ဟာ အသက္ ၂၁ နွစ္ အရြယ္ အဂၤလန္သားကို ၂၀၂၀ တည္းက ေခၚယူဖို႔ ၾကိဳးစားခဲ့တာ ျဖစ္ေပမယ့္ ဘြန္ဒစ္လီဂါ ကလပ္ဟာ ဆန္ခ်ိဳ အတြက္ တန္ေၾကး ေပါင္ ၁၀၈ သန္း အလိုရွိေနတာေၾကာင့္ ေစ်းညွိလို႔ မရဘဲ အေျပာင္းအေရႊ႕ ပ်က္ျပယ္ခဲ့ပါတယ္။

ဒါေပမယ့္ ယူနိုက္တက္က ဆန္ခ်ိဳကို လက္ေလွ်ာ့လိုက္တာ မဟုတ္ဘဲ ေခၚယူဖို႔ ဆက္လက္ ေစာင့္ၾကည့္ေနျပီး ကာဗာနီကို သက္တမ္းတိုးလိုက္တာေၾကာင့္ အေထာင္တိုက္စစ္ မေခၚဘဲ ဆန္ခ်ိဳ ကို ပိုအားစိုက္ ေခၚျဖစ္ဖို႔ ျဖစ္လာပါတယ္။

ဆိုးရွားက ဒီေႏြမွာ အေျပာင္းအေရႊ႕ ဘတ္ဂ်က္ ကို သင့္တင့္ေအာင္ ရရွိမွာ ျဖစ္လို႔ ဆန္ခ်ိဳအတြက္ တလံုးတည္း သံုးဖို႔ အလိုရွိေနပါတယ္။ ေဒါ့မြန္က ဒီတေလာ သီတင္းပတ္ေတြမွာ ပံုစံေကာင္း ျပန္ရလာျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ အခြင့္ေကာင္းေတြ ရွိေနျပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ေဒါ့မြန္က ဆန္ခ်ိဳကို ဆက္ထိန္းထားဖို႔ေတာ့ ေျပာဆို ေဆြးေႏြးမႈ မရွိပါဘူး။

ဆန္ခ်ိဳ လက္ရွိ စာခ်ဳပ္ကလည္း ၂နွစ္သာ က်န္တာေၾကာင့္ ေျပာင္းေရႊ႕ေၾကး မ်ားမ်ားနဲ႕ လက္လႊတ္ဖို႔ လာမယ့္ေႏြကသာ ေဒါ့မြန္ အတြက္ အေကာင္းဆံုး အခြင့္အေရး ျဖစ္ပါတယ္။ ယူနိုက္တက္ကလည္း ဆန္ခ်ိဳကို ဒီေႏြမွာ ေပါင္ ၈၅ သန္းနဲ႕ ကမ္းလွမ္းမယ္ဆို အရ ေခၚနိုင္မယ္လို႔ ယံုၾကည္မႈ ရွိေနပါတယ္။

ဒါေပမယ့္ ကနဦး ကမ္းလွမ္းမႈ အေနနဲ႕ကေတာ့ ေပါင္ ၆၅-၇၅ သန္းေလာက္နဲ႕ အရင္ ေသြးတိုးစမ္း ကမ္းလွမ္းျပီးမွ ေဒါ့မြန္နဲ႕ ညွိနိႈင္း တိုးျမွင့္ေပးဖြယ္ ရွိတယ္လို႔ အဂၤလန္သတင္းဌာနေတြက သံုးသပ္ထားပါတယ္။