ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် အပြောင်းအရွှေ့သတင်းများ (20/05/21)

မန်ချက်စတာ ယူနိုက်တက် ဟာ လီဗာပူး တိုက်စစ်မှူးဟောင်း၊ လက်ရှိ ဆောက်သမ်တန် ကစားသမား ဒန်နီအင့်ကို လာမယ့်နွေမှာ ခေါ်ယူဖို့ စောင့်ကြည့်နေပြီး နည်းပြ ဆိုးရှားက ယူနိုက်တက် တိုက်စစ်ကို အင်အားမြှင့်လိုနေပါတယ်။

မန်စီးတီးနဲ့ ယူနိုက်တက်တို့ မန်ချက်စတာ နှစ်သင်းလုံးဟာ စပါး တိုက်စစ်မှူး ကိန်းကို တစ်ပတ် လုပ်ခ ပေါင် ၃ သိန်းနဲ့ ကမ်းလှမ်းရန် ပြင်ဆင်နေပါတယ်။

နည်းပြ ဆိုးရှားဟာ လာမယ့် အပတ် ဗီလာရီးရဲလ်နဲ့ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ယူနိုက်တက် ပွဲထွက် ဂိုးသမား အဖြစ် ဟန်ဒါဆန်ကို ကျော်ပြီး ဒီဂီယာကို နေရာပေးဖို့ ရှိနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။

ယူနိုက်တက်ဟာ အက်စတွန်ဗီလာ ဂိုးသမား တွမ် ဟက်တန်ကို အရန် ဂိုးသမား အဖြစ် ခေါ်ယူဖို့ ကြိုးစားနေပြီး ရဖို့လည်း နီးစပ်နေပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် ခံစစ်မှူး မက်ဂွဲရားဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ အမှီ ပြန်လည် ကောင်းမွန်ပြီး ကြံ့ခိုင်မှု အပြည့် ရဖို့ မသေချာဘဲ ဖြစ်နေတာကြောင့် ဆိုးရှား အခက်တွေ့နေပါတယ်။

ကွင်းလယ် ကစားသမား စကော့ မက် တော်မီနေးဟာ လီဗာပူးမှာ ဂျော်ဒန် ဟန်ဒါဆန် လွှမ်းမိုးသလို ယူနိုက်တက်မှာလည်း စိတ်ဓာတ်ကောင်းကောင်း ပုံရိပ်ကောင်းနဲ့ လွှမ်းမိုးလာနိုင်လိမ့်မယ်လို့ ဖာဒီနန်က ယုံကြည် မျှော်လင့်နေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ဟာ လီဗာပူး တိုက္စစ္မွဴးေဟာင္း၊ လက္ရွိ ေဆာက္သမ္တန္ ကစားသမား ဒန္နီအင့္ကို လာမယ့္ေႏြမွာ ေခၚယူဖို႔ ေစာင့္ၾကည့္ေနျပီး နည္းျပ ဆိုးရွားက ယူနုိက္တက္ တိုက္စစ္ကို အင္အားျမွင့္လိုေနပါတယ္။

မန္စီးတီးနဲ႕ ယူနိုက္တက္တို႔ မန္ခ်က္စတာ နွစ္သင္းလံုးဟာ စပါး တိုက္စစ္မွဴး ကိန္းကို တစ္ပတ္ လုပ္ခ ေပါင္ ၃ သိန္းနဲ႕ ကမ္းလွမ္းရန္ ျပင္ဆင္ေနပါတယ္။

နည္းျပ ဆိုးရွားဟာ လာမယ့္ အပတ္ ဗီလာရီးရဲလ္နဲ႕ ကစားမယ့္ ယူရိုပါလိဂ္ ဗိုလ္လုပြဲမွာ ယူနိုက္တက္ ပြဲထြက္ ဂိုးသမား အျဖစ္ ဟန္ဒါဆန္ကို ေက်ာ္ျပီး ဒီဂီယာကို ေနရာေပးဖို႔ ရွိေနေၾကာင္း သတင္းထြက္ေပၚေနပါတယ္။

ယူနိုက္တက္ဟာ အက္စတြန္ဗီလာ ဂိုးသမား တြမ္ ဟက္တန္ကို အရန္ ဂိုးသမား အျဖစ္ ေခၚယူဖို႕ ၾကိဳးစားေနျပီး ရဖို႔လည္း နီးစပ္ေနပါတယ္။

ယူနိုက္တက္ အသင္းေခါင္းေဆာင္ ခံစစ္မွဴး မက္ဂြဲရားဟာ ယူရိုပါလိဂ္ ဗိုလ္လုပြဲ အမွီ ျပန္လည္ ေကာငး္မြန္ျပီး ၾကံ႕ခိုင္မႈ အျပည့္ ရဖို႔ မေသခ်ာဘဲ ျဖစ္ေနတာေၾကာင့္ ဆိုးရွား အခက္ေတြ႔ေနပါတယ္။

ကြင္းလယ္ ကစားသမား စေကာ့ မက္ ေတာ္မီေနးဟာ လီဗာပူးမွာ ေဂ်ာ္ဒန္ ဟန္ဒါဆန္ လႊမ္းမိုးသလို ယူနိုက္တက္မွာလည္း စိတ္ဓာတ္ေကာင္းေကာင္း ပံုရိပ္ေကာင္းနဲ႕ လႊမ္းမိုးလာနုိင္လိမ့္မယ္လို႔ ဖာဒီနန္က ယံုၾကည္ ေမွ်ာ္လင့္ေနပါတယ္။