ချယ်ဆီးအသင်းဟာ စပါးအသင်းကနေ ထွက်ခွာလိုနေတဲ့ တိုက်စစ်မှူး ဟယ်ရီ ကိန်းကို ရဖို့ အသင်း တိုက်စစ်မှူး တမ်မီ အေဗရာဟမ်နဲ့ ဂိုးသမား ကီပါတို့ ကို အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
ကိန်းကို ဥရောပ ထိပ်သီး ကလပ်အသင်း တော်တော်များများက အလို ရှိနေပြီး ကစားသမား ကိုယ်တိုင်ကလည်း အခြား စိန်ခေါ်မှုနဲ့ ဆုဖလားတွေ အတွက် အသင်း ပြောင်းလိုကြောင်း သဘောထားကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားပါတယ်။
ပရီးမီးယားလိဂ်မှာ အစွမ်းပြပြီးသား ကိန်း ကို မန်ချက်စတာ ယူနိုက်တက်က ချဉ်းကပ်နေပြီ ဖြစ်ပြီး မန်စီးတီး၊ ချယ်ဆီးနဲ့ ရီးရဲလ် မက်ဒရစ်တို့ကလည်း ခေါ်ယူလိုတာကြောင့် ကာလရှည် စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။
ချယ်ဆီးဟာ ကိန်းကို ရောင်းဖို့ စပါး ဥက္ကဌ လီဗိုင်းက တော်တော် လက်တွန့်နေမှာကို ကောင်းစွာ သိတာကြောင့် စပါးဘက်က မက်လောက်မယ့် ကစားသမား နှစ်ဦးကို အလဲအထပ် သဘော ကမ်းလှမ်းဖို့ ကြံရွယ်နေကြောင်း ESPN က ဖော်ထုတ်ထားပါတယ်။
ချယ်ဆီးက အသင်းမှာ ပုံမှန် နေရာမပေးနိုင်တော့တဲ့ တိုက်စစ်မှူး အေဗရာဟမ် ကို စပါးထံ ပေးအပ်လိုပြီး အေဗရာဟမ် အတွက် တန်ကြေးကို ချယ်ဆီးက ပေါင် သန်း ၄၀ လောက် သတ်မှတ်ထားပါတယ်။ ဂိုးသမား ကီပါကတော့ မန်ဒီရောက်လာပြီး အရန် အနေနဲ့သာ ရှိနေတာကြောင့် အသင်း ပြောင်းလိုနေသူ ဖြစ်ပါတယ်။
ချယ်ဆီးဟာ ကီပါကို ထိုစဉ်က ကလပ်စံချိန်တင်ကြေး ပေါင် ၇၁.၄ သန်းနဲ့ ၂၀၁၈ မှာ ခေါ်ခဲ့တာ ဖြစ်ပြီး ချယ်ဆီးနဲ့ လာဘ်သိပ်မရှိလှတဲ့ ကီပါကို တူချယ်ကလည်း အလဲအထပ် ထည့်ပေးလိုနေပါတယ်။
Zawgyi – ခ်ယ္ဆီးအသင္းဟာ စပါးအသင္းကေန ထြက္ခြာလိုေနတဲ့ တိုက္စစ္မွဴး ဟယ္ရီ ကိန္းကို ရဖို႔ အသင္း တိုက္စစ္မွဴး တမ္မီ ေအဗရာဟမ္နဲ႕ ဂိုးသမား ကီပါတို႕ ကို အလိုက္ေပး ကမ္းလွမ္းဖို႔ ျပင္ဆင္ေနပါတယ္။
ကိန္းကို ဥေရာပ ထိပ္သီး ကလပ္အသင္း ေတာ္ေတာ္မ်ားမ်ားက အလို ရွိေနျပီး ကစားသမား ကုိယ္တိုင္ကလည္း အျခား စိန္ေခၚမႈနဲ႕ ဆုဖလားေတြ အတြက္ အသင္း ေျပာင္းလိုေၾကာင္း သေဘာထားကို ပြင့္ပြင့္လင္းလင္း ေဖာ္ျပထားပါတယ္။
ပရီးမီးယားလိဂ္မွာ အစြမ္းျပျပီးသား ကိန္း ကို မန္ခ်က္စတာ ယူနိုက္တက္က ခ်ဥ္းကပ္ေနျပီ ျဖစ္ျပီး မန္စီးတီး၊ ခ်ယ္ဆီးနဲ႕ ရီးရဲလ္ မက္ဒရစ္တို႔ကလည္း ေခၚယူလိုတာေၾကာင့္ ကာလရွည္ ေစာင့္ၾကည့္ေနၾကတာ ျဖစ္ပါတယ္။
ခ်ယ္ဆီးဟာ ကိန္းကို ေရာင္းဖို႔ စပါး ဥကၠဌ လီဗိုင္းက ေတာ္ေတာ္ လက္တြန္႔ေနမွာကို ေကာင္းစြာ သိတာေၾကာင့္ စပါးဘက္က မက္ေလာက္မယ့္ ကစားသမား နွစ္ဦးကို အလဲအထပ္ သေဘာ ကမ္းလွမ္းဖုိ႕ ၾကံရြယ္ေနေၾကာင္း ESPN က ေဖာ္ထုတ္ထားပါတယ္။
ခ်ယ္ဆီးက အသင္းမွာ ပံုမွန္ ေနရာမေပးနုိင္ေတာ့တဲ့ တိုက္စစ္မွဴး ေအဗရာဟမ္ ကို စပါးထံ ေပးအပ္လိုျပီး ေအဗရာဟမ္ အတြက္ တန္ေၾကးကို ခ်ယ္ဆီးက ေပါင္ သန္း ၄၀ ေလာက္ သတ္မွတ္ထားပါတယ္။ ဂိုးသမား ကီပါကေတာ့ မန္ဒီေရာက္လာျပီး အရန္ အေနနဲ႕သာ ရွိေနတာေၾကာင့္ အသင္း ေျပာင္းလိုေနသူ ျဖစ္ပါတယ္။
ခ်ယ္ဆီးဟာ ကီပါကို ထိုစဥ္က ကလပ္စံခ်ိန္တင္ေၾကး ေပါင္ ၇၁.၄ သန္းနဲ႕ ၂၀၁၈ မွာ ေခၚခဲ့တာ ျဖစ္ျပီး ခ်ယ္ဆီးနဲ႕ လာဘ္သိပ္မရိွလွတဲ့ ကီပါကို တူခ်ယ္ကလည္း အလဲအထပ္ ထည့္ေပးလိုေနပါတယ္။