ဟယ်ရီ မက်ဂွဲရားဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ယူရိုပါလိဂ် ပွဲကြို ထရိန်နင်မှာ မပါဝင်ပေမယ့် တကယ့် ပွဲမှာ ပါဝင် ကစားနိုင်ခြေ ရှိကြောင်း နည်းပြ ဆိုးရှားက ပြောဆိုထားပါတယ်။
ဒီည ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားမယ့် အချိန်ဟာ လွန်ခဲ့တဲ့ ၂၂ နှစ်က ဆိုးရှား ယူနိုက်တက်နဲ့ အတူ ဘိုင်ယန်မြူးနစ်ကို ၁၉၉၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့ချိန်လည်း ဖြစ်နေပါတယ်။

ဆိုးရှားကတော့ ယူရိုပါလိဂ်မှာသာ ဗိုလ်စွဲနိုင်ခဲ့ရင် ဒါက ယူနိုက်တက် အတွက် ပိုတောက်ပတဲ့ အနာဂတ် ဆီ သွားဖို့ ခြေလှမ်းကြီး တစ်ရပ် ဖြစ်လာမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
မနေ့က အင်္ဂလန်လက်ရွေးစင် အသင်း လူစာရင်းကို နည်းပြ ဆောက်ဂိတ်က ကြေငြာခဲ့ရာ ချယ်ဆီး ခံစစ်မှူး ဘန်ချေးဝဲလ်နဲ့ ယူနိုက်တက်မှ လုခ်ရှောတို့ ပါဝင်ခဲ့ပြီး ဘယ်စွန်ခံစစ်နေရာမှာ ပွဲထွက်ခွင့် အပြိုင်အဆိုင် ဖြစ်ဖို့ ရှိနေပါတယ်။
အသက် ၃၅ နှစ် ရှိပြီ ဖြစ်တဲ့ အက်စတွန်ဗီလာ ဂိုးသမား တွမ်ဟက်တန်ဟာ ယူနိုက်တက်ထံ ပြန်လာဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပြီး ဒီဂီယာနဲ့ ဟန်ဒါဆန် နောက် အရန် ဂိုးသမား အဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ကမ္ဘာ့ အကောင်းဆုံးကလပ်အသင်း ဖြစ်နေတာကြောင့် ဒါကပဲ ကလပ်အသင်း အတွက် ဂုဏ်ယူစရာရော ဖိအားပါ ဖြစ်နေကြောင်း နည်းပြ ဆိုးရှားက ဆိုလိုက်ပြီး ယူနိုက်တက် အသင်းသားတွေ အနေနဲ့ ဒါတွေ လက်ခံ ရင်ဆိုင်ဖို့ ရှိနေရမှာလို့ သတိပေးလိုက်ပါတယ်။

Zawgyi – ဟယ္ရီ မက္ဂြဲရားဟာ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ယူရိုပါလိဂ္ ပြဲၾကိဳ ထရိန္နင္မွာ မပါ၀င္ေပမယ့္ တကယ့္ ပြဲမွာ ပါ၀င္ ကစားနိုင္ေျခ ရွိေၾကာင္း နည္းျပ ဆိုးရွားက ေျပာဆိုထားပါတယ္။
ဒီည ယူရိုပါလိဂ္ ဗိုလ္လုပြဲ ကစားမယ့္ အခ်ိန္ဟာ လြန္ခဲ့တဲ့ ၂၂ နွစ္က ဆိုးရွား ယူနိုက္တက္နဲ႕ အတူ ဘိုင္ယန္ျမဴးနစ္ကို ၁၉၉၉ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ အနိုင္ရ ဗိုလ္စြဲခဲ့ခ်ိန္လည္း ျဖစ္ေနပါတယ္။
ဆိုးရွားကေတာ့ ယူရိုပါလိဂ္မွာသာ ဗိုလ္စြဲနိုင္ခဲ့ရင္ ဒါက ယူနိုက္တက္ အတြက္ ပိုေတာက္ပတဲ့ အနာဂတ္ ဆီ သြားဖို႔ ေျခလွမ္းၾကီး တစ္ရပ္ ျဖစ္လာမွာ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
မေန႔က အဂၤလန္လက္ေရြးစင္ အသင္း လူစာရင္းကို နည္းျပ ေဆာက္ဂိတ္က ေၾကျငာခဲ့ရာ ခ်ယ္ဆီး ခံစစ္မွဴး ဘန္ေခ်း၀ဲလ္နဲ႕ ယူနိုက္တက္မွ လုခ္ေရွာတို႔ ပါ၀င္ခဲ့ျပီး ဘယ္စြန္ခံစစ္ေနရာမွာ ပြဲထြက္ခြင့္ အျပိဳင္အဆိုင္ ျဖစ္ဖို႔ ရွိေနပါတယ္။
အသက္ ၃၅ နွစ္ ရွိျပီ ျဖစ္တဲ့ အက္စတြန္ဗီလာ ဂိုးသမား တြမ္ဟက္တန္ဟာ ယူနိုက္တက္ထံ ျပန္လာဖို႔ သေဘာတူညီမႈ ရခဲ့ျပီ ျဖစ္ျပီး ဒီဂီယာနဲ႕ ဟန္ဒါဆန္ ေနာက္ အရန္ ဂိုးသမား အျဖစ္ တာ၀န္ယူမွာ ျဖစ္ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ဟာ ကမၻာ့ အေကာင္းဆံုးကလပ္အသင္း ျဖစ္ေနတာေၾကာင့္ ဒါကပဲ ကလပ္အသင္း အတြက္ ဂုဏ္ယူစရာေရာ ဖိအားပါ ျဖစ္ေနေၾကာင္း နည္းျပ ဆိုးရွားက ဆိုလိုက္ျပီး ယူနိုက္တက္ အသင္းသားေတြ အေနနဲ႕ ဒါေတြ လက္ခံ ရင္ဆိုင္ဖို႔ ရွိေနရမွာလို႔ သတိေပးလိုက္ပါတယ္။
