ယူနိုက်တက်ဟာ အက်သလက်တီကို မက်ဒရစ် ဂိုးသမား ဂျန် အော့ဘလက် ကို ခေါ်ယူလိုနေပြီး ကမ်းလှမ်းဖို့ အတွက်လည်း လက်ရှိ ဂိုးသမား ဒီဂီယာ ကို ထည့်သွင်းကာ အလိုက်ပေး ကမ်းလှမ်းသွားလိုနေကြောင်း သိရပါတယ်။
ယူရိုပါလိဂ် ဖလားနဲ့ လွဲချော်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်ဟာ နည်းပြ ဆိုးရှားက နောက်ထပ် သုံးနှစ် သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုရန် ဆွေးနွေးမှု စတင်လိုက်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒီနွေ ဈေးကွက်မှာလည်း ကစားသမား ခေါ်ယူမှု လေးခုထိ ပြုလုပ်ပေးဖို့ ထောက်ပံ့သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ် ကစားသမား ဗာရိန်းကို ခေါ်ဖို့ အေးဂျင့်တွေနဲ့ ချိတ်ဆက်ညှိနှိုင်းနေပြီး ကစားသမား ကိုယ်တိုင်ကလည်း အသင်းပြောင်းဖို့ စဉ်းစားနေကြောင်း သတင်းထွက်နေပေမယ့် ဗာရိန်းက အနာဂတ်ကိစ္စ ပွင့်ပွင့်လင်းလင်း ထုတ်မပြောသေးဘဲ ရှိပါတယ်။
ဗီလာရီးရဲလ် အသင်း ဥက္ကဌကတော့ ဒီနွေမှာ ၎င်းတို့ ခံစစ်မှူး ပါအူးလ် တောရက်စ်ကို ယူနိုက်တက် ဒါမှမဟုတ် မန်စီးတီးက အလိုရှိရင် ရောင်းချသွားဖို့ ရှိကြောင်း လေသံပစ်လိုက်ပေမယ့် လျှော့ဈေးနဲ့တော့ ရောင်းထုတ်မှာ မဟုတ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။
ယူနိုက်တက်ဟာ နွေမှာ ကစားသမား ခေါ်ယူအားဖြည့်မှုတွေ အင်အားနဲ့ လုပ်ဆောင်မှာ ဖြစ်ပြီး ဒီအတွက် အသင်းရဲ့ လက်ရှိ ကစားသမား ၈ ဦးထိ ထုတ်ရောင်းသွားဖွယ် ရှိကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနက သုံးသပ်ထားပါတယ်။
ထို ၈ဦးကတော့ လင်ဂတ်၊ ဒါလော့၊ ဒီဂီယာ ဒါမှမဟုတ် ဟန်ဒါဆန်၊ ပါရဲရား၊ တာဟစ်ချောင်၊ မာတစ်၊ ဖီးဂျုံးစ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi – ယူနိုက္တက္ဟာ အက္သလက္တီကို မက္ဒရစ္ ဂိုးသမား ဂ်န္ ေအာ့ဘလက္ ကို ေခၚယူလိုေနျပီး ကမ္းလွမး္ဖို႔ အတြက္လည္း လက္ရွိ ဂိုးသမား ဒီဂီယာ ကို ထည့္သြင္းကာ အလိုက္ေပး ကမ္းလွမ္းသြားလိုေနေၾကာင္း သိရပါတယ္။
ယူရိုပါလိဂ္ ဖလားနဲ႕ လြဲေခ်ာ္ခဲ့ေပမယ့္ မန္ခ်က္စတာယူနိုက္တက္ဟာ နည္းျပ ဆိုးရွားက ေနာက္ထပ္ သံုးနွစ္ သက္တမ္းတိုး စာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုရန္ ေဆြးေႏြးမႈ စတင္လိုက္ေၾကာင္း သိရပါတယ္။ ဒါ့အျပင္ ဒီေႏြ ေစ်းကြက္မွာလည္း ကစားသမား ေခၚယူမႈ ေလးခုထိ ျပဳလုပ္ေပးဖို႔ ေထာက္ပ့ံသြားမွာ ျဖစ္ေၾကာင္း သိရပါတယ္။
ယူနိုက္တက္ဟာ ရီးရဲလ္မက္ဒရစ္ ကစားသမား ဗာရိန္းကို ေခၚဖို႔ ေအးဂ်င့္ေတြနဲ႕ ခ်ိတ္ဆက္ညွိနိႈင္းေနျပီး ကစားသမား ကိုယ္တိုင္ကလည္း အသင္းေျပာင္းဖို႔ စဥ္းစားေနေၾကာင္း သတင္းထြက္ေနေပမယ့္ ဗာရိန္းက အနာဂတ္ကိစၥ ပြင့္ပြင့္လင္းလင္း ထုတ္မေျပာေသးဘဲ ရွိပါတယ္။
ဗီလာရီးရဲလ္ အသင္း ဥကၠဌကေတာ့ ဒီေႏြမွာ ၄င္းတို႔ ခံစစ္မွဴး ပါအူးလ္ ေတာရက္စ္ကို ယူနိုက္တက္ ဒါမွမဟုတ္ မန္စီးတီးက အလိုရွိရင္ ေရာင္းခ်သြားဖို႔ ရွိေၾကာင္း ေလသံပစ္လိုက္ေပမယ့္ ေလွ်ာ့ေစ်းနဲ႕ေတာ့ ေရာင္းထုတ္မွာ မဟုတ္ေၾကာင္းလည္း သတိေပးခဲ့ပါတယ္။
ယူနိုက္တက္ဟာ ေႏြမွာ ကစားသမား ေခၚယူအားျဖည့္မႈေတြ အင္အားနဲ႕ လုပ္ေဆာင္မွာ ျဖစ္ျပီး ဒီအတြက္ အသင္းရဲ႕ လက္ရွိ ကစားသမား ၈ ဦးထိ ထုတ္ေရာင္းသြားဖြယ္ ရွိေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက သံုးသပ္ထားပါတယ္။
ထို ၈ဦးကေတာ့ လင္ဂတ္၊ ဒါေလာ့၊ ဒီဂီယာ ဒါမွမဟုတ္ ဟန္ဒါဆန္၊ ပါရဲရား၊ တာဟစ္ေခ်ာင္၊ မာတစ္၊ ဖီးဂ်ံဳးစ္တို႔ ျဖစ္တယ္လို႔ သိရပါတယ္။
