ဘရာဇီးသား တိုက်စစ်သမား ဝီလီယံ ဟာ ဒီနွေမှာ အာဆင်နယ် အသင်းကနေ သေချာပေါက် ထွက်ခွာမှာ ဖြစ်တယ်လို့ အီတလီ သတင်းထောက် Fabrizio Romano က ဖော်ထုတ်လိုက်ပါတယ်။ အခြား အင်္ဂလိပ်အသင်းတွေထံ ပြောင်းရွှေ့ဖို့ လှုပ်ရှားမှု ဘာမှ မရှိသေးပေမယ့် အာဆင်နယ်ကနေ ထွက်ခွာမှာတော့ သေချာကြောင်း ၎င်းက ဆိုပါတယ်။
စီးရီးအေ ကလပ် ရိုးမားအသင်းဟာ အာဆင်နယ် ကွင်းလယ် ကစားသမား ဇာခါ ကို ဒီနွေမှာ ခေါ်ဖို့ ပစ်မှတ်ထားနေပြီး ဆွေးေွနးမှုတွေတောင် စတင်ထားတယ်လို့ သိရပါတယ်။
လီဗာပူးအသင်းဟာ အာဆင်နယ်နဲ့ အပြိုင် ကြိုးစားနေတဲ့ ဘရိုက်တန် ကွင်းလယ် ဘစ်ဆိုမာ ကို ခေါ်ယူဖို့ သိပ်ကြီး စိတ်ဝင်စားခြင်း မရှိကြေငာ်း သတင်းထွက်ပေါ်လာပြီး အာဆင်နယ်ကလည်း ဘစ်ဆိုမာကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားတာ မဟုတ်ဘူးလို့ သိရပါတယ်။
ဗီလာရီးရဲလ်နဲ့ အတူ ယူရိုပါလိဂ် ဗိုလ်စွဲသွားတဲ့ အူနိုင်း အမ်မရီနဲ့ အတူ လက်တွဲ အလုပ်လုပ်ဖူးခဲ့တဲ့ အတွက် ဂုဏ်ယူကြောင်း အာဆင်နယ် ကွင်းလယ် သမား ဂွမ်ဒူဇီက ဆိုလိုက်ပြီး ဒါဟာ အာတီတာနဲ့ အာဆင်နယ် ပရိသတ်တွေ အတွက် မကျေလည်စရာလို့ သုံးသပ်နေကြပါတယ်။
ဟယ်သာ ဘာလင်မှာ အငှား သွားရောက် ကစားနေတဲ့ ဂွမ်ဒူဇီ ကို အာဆင်နယ် ပရိသတ်တွေထဲက သဘောကျသူ ရှိသလို မနှစ်သက်သူတွေလည်း ရှိနေကြပြီး ၎င်းရဲ့ အပြုအမူတွေကြောင့် ပြင်သစ်သားကို ဘာလို့ ပြန်ခေါ်သင့်လဲ နားမလည်ကြောင်း ပြောဆိုသူတွေ ပိုများလာပါတယ်။

Zawgyi – ဘရာဇီးသား တိုက်စစ်သမား ၀ီလီယံ ဟာ ဒီနွေမှာ အာဆင်နယ် အသင်းကနေ သေချာပေါက် ထွက်ခွာမှာ ဖြစ်တယ်လို့ အီတလီ သတင်းထောက် Fabrizio Romano က ဖော်ထုတ်လိုက်ပါတယ်။ အခြား အင်္ဂလိပ်အသင်းတွေထံ ပြောင်းရွှေ့ဖို့ လှုပ်ရှားမှု ဘာမှ မရှိသေးပေမယ့် အာဆင်နယ်ကနေ ထွက်ခွာမှာတော့ သေချာကြောင်း ၄င်းက ဆိုပါတယ်။
စီးရီးအေ ကလပ် ရိုးမားအသင်းဟာ အာဆင်နယ် ကွင်းလယ် ကစားသမား ဇာခါ ကို ဒီနွေမှာ ခေါ်ဖို့ ပစ်မှတ်ထားနေပြီး ဆွေွးေနးမှုတွေတောင် စတင်ထားတယ်လို့ သိရပါတယ်။
ဟယ်သာ ဘာလင်မှာ အငှား သွားရောက် ကစားနေတဲ့ ဂွမ်ဒူဇီ ကို အာဆင်နယ် ပရိသတ်တွေထဲက သဘောကျသူ ရှိသလို မနှစ်သက်သူတွေလည်း ရှိနေကြပြီး ၄င်းရဲ့ အပြုအမူတွေကြောင့် ပြင်သစ်သားကို ဘာလို့ ပြန်ခေါ်သင့်လဲ နားမလည်ကြောင်း ပြောဆိုသူတွေ ပိုများလာပါတယ်။
