ယူနိုက်တက် ကစားသမား ၆ဦးထိ ပါဝင်နေတဲ့ ဒီရာသီ ယူရိုပါလိဂ် အကောင်းဆုံး လူစာရင်း ယူအီးအက်ဖ်အေ ကြေငြာ

မန်ချက်စတာ ယူနိုက်တက်ဟာ ယူအီးအက်ဖ်အေက ရွေးချယ် ကြေငြာလိုက်တဲ့ ဒီရာသီ ယူရိုပါလိဂ် အကောင်းဆုံး ၂၃ ဦး လူစာရင်းမှာ အသင်းသား ၆ ဦးထိ ပါဝင်နေပါတယ်။

ယူနိုက်တက်က ဒီရာသီ ယူရိုပါလိဂ် ဗိုလ်စွဲဖို့ အလွန် ရေပန်းစားခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ဗီလာရီးရဲလ်ကို ပင်နယ်တီ အဆုံးအဖြတ်ကျမှ အရေးနိမ့်ကာ ဖလားလက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက် အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကတော့ တစ်ရာသီလုံး အကောင်းဆုံး လူစာရင်းမှာ အသိအမှတ်ပြု ပါဝင်လာပါတယ်။

ယူနိုက်တက် ကွင်းလယ် ပလေးမိတ်ကာ ဖြစ်တဲ့ ဖာနန်ဒက်စ်ကတော့ ဒီရာသီ ဥရောပပွဲတွေမှာ ယူနိုက်တက် အတွက် ၉ ဂိုးထိ သွင်းယူပေးထားပါတယ်။

တစ်ရာသီ လုံး အကောင်းဆုံး လူစာရင်းထဲမှာ မန်ချက်စတာ ယူနိုက်တက်မှ ဘရူနို ဖာနန်ဒက်စ် အပြင် မက်ဂွဲရား၊ ဝမ် ဘစ်ဆာကာ၊ ပေါ့ဘာ၊ တော်မီနေးနဲ့ ကာဗာနီ တို့ ပါဝင်နေတာပါ။ ယူအီးအက်ဖ်အေရဲ့ ၂၃ ဦး လူစာရင်းက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Goalkeepers

  • Dominik Livaković (Dinamo Zagreb)
  • Pau López (Roma)
  • Gerónimo Rulli (Villarreal)

Defenders

  • Raúl Albiol (Villarreal)
  • Harry Maguire (Manchester United)
  • Aaron Wan-Bissaka (Manchester United)
  • Gianluca Mancini (Roma)
  • Leonardo Spinzzola (Roma)
  • Alfonso Pedraza (Villarreal)
  • Pau Torres (Villarreal)

Midfielders

  • Bruno Fernandes (Manchester United)
  • Daniel Parejo (Villarreal)
  • Lorenzo Pellegrini (Roma)
  • Paul Pogba (Manchester United)
  • Étienne Capoue (Villarreal)
  • Mislav Oršić (Dinamo Zagreb)
  • Lukáš Provod (Slavia Praha)
  • Scott McTominay (Manchester United)

Forwards

  • Gerard Moreno (Villarreal)
  • Edinson Cavani (Manchester United)
  • Dušan Tadiċ (Ajax)
  • Edin Džeko (Roma)
  • Nicolas Pépé (Arsenal)

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ယူအီးအက္ဖ္ေအက ေရြးခ်ယ္ ေၾကျငာလိုက္တဲ့ ဒီရာသီ ယူရိုပါလိဂ္ အေကာင္းဆံုး ၂၃ ဦး လူစာရင္းမွာ အသင္းသား ၆ ဦးထိ ပါ၀င္ေနပါတယ္။

ယူနိုက္တက္က ဒီရာသီ ယူရိုပါလိဂ္ ဗိုလ္စြဲဖို႔ အလြန္ ေရပန္းစားခဲ့ေပမယ့္ ဗိုလ္လုပြဲမွာ ဗီလာရီးရဲလ္ကို ပင္နယ္တီ အဆံုးအျဖတ္က်မွ အေရးနိမ့္ကာ ဖလားလက္လႊတ္ခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ယူနိုက္တက္ အသင္းသားေတြရဲ႕ စြမ္းေဆာင္ရည္ကေတာ့ တစ္ရာသီလံုး အေကာင္းဆံုး လူစာရင္းမွာ အသိအမွတ္ျပဳ ပါ၀င္လာပါတယ္။

ယူနိုက္တက္ ကြင္းလယ္ ပေလးမိတ္ကာ ျဖစ္တဲ့ ဖာနန္ဒက္စ္ကေတာ့ ဒီရာသီ ဥေရာပပြဲေတြမွာ ယူနိုက္တက္ အတြက္ ၉ ဂိုးထိ သြင္းယူေပးထားပါတယ္။

တစ္ရာသီ လံုး အေကာငး္ဆံုး လူစာရင္းထဲမွာ မန္ခ်က္စတာ ယူနိုက္တက္မွ ဘရူနို ဖာနန္ဒက္စ္ အျပင္ မက္ဂြဲရား၊ ၀မ္ ဘစ္္ဆာကာ၊ ေပါ့ဘာ၊ ေတာ္မီေနးနဲ႕ ကာဗာနီ တို႔ ပါ၀င္ေနတာပါ။ ယူအီးအက္ဖ္ေအရဲ႕ ၂၃ ဦး လူစာရင္းက အထက္ ေဖာ္ျပပါ အတိုင္း ျဖစ္ပါတယ္။