ယနေ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် အပြောင်းအရွှေ့သတင်းတိုများ (30/05/21)

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေ အပြောင်းအရွှေ့ အသုံးစရိတ် အတွက် ပေါင် သန်း ၁၅၀ လျာထားကြောင်း သိရပါတယ်။ ဒါကလည်း လက်ရှိကစားသမားတွေ ရောင်းချရမှု အပေါ် မူတည်ဦးမှာ ဖြစ်ပြီး ဆိုးရှားကတော့ စီနီယာ အသင်းကြီး အတွက် အနည်းဆုံး ကစားသာမး ၃ ဦး ခေါ်ယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုနဲ့လည်း ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားပြီး ခေါ်ယူမှုကို အမြန်ဆုံး အပြီးသတ်လိုနေပါတယ်။ ဒါပေမယ့် ဂျာမနီက သတင်းတွေ အရတော့ ယူနိုက်တက်က ဒေါ့မွန်ထံ တရားဝင် ကမ်းလှမ်းမှု တစုံတရာ မပြုလုပ်ရသေးဘူးလို့ ဆိုပါတယ်။

ဂျူဗင်တပ် အသင်းထံသို့ အယ်လီဂရီက နည်းပြ အဖြစ် ပြန်လာတဲ့နောက် ခရစ္စတီယာနို ရော်နယ်ဒိုက အသင်းကနေ ထွက်ခွာနိုင်တယ် ရေပန်းစားလာပြီး စပိန်သတင်းတွေကတော့ ရော်နယ်ဒိုဟာ အိုးထရက်ဖို့ဒ် ပြန်ဖို့ စိတ်ဝင်စားနေကြောင်း ဖော်ထုတ်ထားပါတယ်။

မန်စီးတီးဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ချယ်ဆီးကို ရှုံးနိမ့်ကာ ဖလား လက်လွှတ်လိုက်ရတဲ့နောက် ယူနိုက်တက် ကစားသမားဟောင်း အီဗရာ က မန်စီးတီးအား အင်စတာဂရမ်ကနေ လှောင်ပြောင်စနောက်လိုက်ပါတယ်။

ခြေကျင်းဝတ် ဒဏ်ရာ ရထားတဲ့ ယူနိုက်တက် ခံစစ်မှူး မက်ဂွဲရားဟာ အင်္ဂလန်အသင်းနဲ့ အတူ ယူရို အဖွင့်ပွဲ ခရိုအေးရှားနဲ့ ပွဲမှာ ပါဝင်ဖို့ မသေချာပေမယ့် ဇွန် ၁၃ ရက်နေ့ ကြံ့ခိုင်မှု အပြည့် ပြန်ကောင်းမွန်လာဖို့ ပစ်မှတ်ထားနေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီေႏြ အေျပာင္းအေရႊ႕ အသံုးစရိတ္ အတြက္ ေပါင္ သန္း ၁၅၀ လ်ာထားေၾကာင္း သိရပါတယ္။ ဒါကလည္း လက္ရွိကစားသမားေတြ ေရာင္းခ်ရမႈ အေပၚ မူတည္ဦးမွာ ျဖစ္ျပီး ဆိုးရွားကေတာ့ စီနီယာ အသင္းၾကီး အတြက္ အနည္းဆံုး ကစားသာမး ၃ ဦး ေခၚယူနိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။

ယူနိုက္တက္ဟာ ဆန္ခ်ိဳနဲ႕လည္း ပုဂၢိဳလ္ေရး သေဘာတူညီမႈ ရထားျပီး ေခၚယူမႈကို အျမန္ဆံုး အျပီးသတ္လိုေနပါတယ္။ ဒါေပမယ့္ ဂ်ာမနီက သတင္းေတြ အရေတာ့ ယူနိုက္တက္က ေဒါ့မြန္ထံ တရား၀င္ ကမ္းလွမ္းမႈ တစံုတရာ မျပဳလုပ္ရေသးဘူးလို႔ ဆိုပါတယ္။

ဂ်ဴဗင္တပ္ အသင္းထံသို႔ အယ္လီဂရီက နည္းျပ အျဖစ္ ျပန္လာတဲ့ေနာက္ ခရစၥတီယာနို ေရာ္နယ္ဒိုက အသင္းကေန ထြက္ခြာနိုင္တယ္ ေရပန္းစားလာျပီး စပိန္သတင္းေတြကေတာ့ ေရာ္နယ္ဒိုဟာ အိုးထရက္ဖို႕ဒ္ ျပန္ဖို႔ စိတ္၀င္စားေနေၾကာင္း ေဖာ္ထုတ္ထားပါတယ္။

မန္စီးတီးဟာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ခ်ယ္ဆီးကို ရွံဳးနိမ့္ကာ ဖလား လက္လႊတ္လိုက္ရတဲ့ေနာက္ ယူနိုက္တက္ ကစားသမားေဟာင္း အီဗရာ က မန္စီးတီးအား အင္စတာဂရမ္ကေန ေလွာင္ေျပာင္စေနာက္လိုက္ပါတယ္။

ေျခက်င္း၀တ္ ဒဏ္ရာ ရထားတဲ့ ယူနိုက္တက္ ခံစစ္မွဴး မက္ဂြဲရားဟာ အဂၤလန္အသင္းနဲ႕ အတူ ယူရို အဖြင့္ပြဲ ခရိုေအးရွားနဲ႕ ပြဲမွာ ပါ၀င္ဖို႔ မေသခ်ာေပမယ့္ ဇြန္ ၁၃ ရက္ေန႔ ၾကံ႕ခိုင္မႈ အျပည့္ ျပန္ေကာင္းမြန္လာဖို႔ ပစ္မွတ္ထားေနပါတယ္။