ယနေ့ ညပိုင်း နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့သတင်းတိုများ (31/05/21)

ဘာစီလိုနာ ခံစစ်မှူး ဆာဂျီနီယို ဒတ်စ်ဟာ ဒီနွေမှာ နူးကမ့်ကနေ ထွက်ခွာဖို့ သတင်းထွက်ပြီး အာဆင်နယ်ထံ ပြောင်းရွှေ့ဖွယ် ရှိခဲ့ပေမယ့် ကစားသမားက စပိန်မှာပဲ ပျော်ရွှင်နေကာ အစွမ်းပြနိုင်ဖို့ ကြိုးစားဦးမယ်လို့ သိရပါတယ်။

အာဆင်နယ် ချိတ်ဆက်နေတဲ့ ခံစစ်မှူး တပ်ဆိုဘာနဲ့ ပတ်သတ်ပြီး လီဗာပူဆင် အားကစား ဒါရိုက်တာကတော့ နောက်ရာသီမှာ တပ်ဆိုဘာက အသင်းနဲ့ အတူ အရေးပါတဲ့ နေရာက ဆက်ရှိနေသင့်ကြောင်း ဆိုလိုက်ပြီး တားဆီးပိတ်ပင်မှုတွေတော့ ပြုလုပ်မှာ မဟုတ်ကြောင်းလည်း ဆိုခဲ့ပါတယ်။

အာတီတာဟာ အသက် ၂၂ နှစ် အရွယ် ခံစစ်မှူး တပ်ဆိုဘာကို အသင်းကနေ ထွက်ခွာမယ့် ဘရာဇီးသား ခံစစ်မှူး ဒေးဗစ် လူးဝစ် နေရာ အစားထိုးဖို့ ကြံရွယ်နေတာ ဖြစ်ပါတယ်။

အငှား ခေါ်ထားခဲ့တဲ့ ကွင်းလယ် ကစားသမား မာတင် အိုဒီဂတ် ကို အာဆင်နယ်တို့ အပြီး ဝယ်ယူလိုပါက ရီးရဲလ်မက်ဒရစ်အား ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ လောက် ပေးရမယ်လို့ သိရပါတယ်။ အာတီတာကလည်း ဒီနွေမှာ ဦးစားပေး ကိစ္စ အနေနဲ့ အိုဒီဂတ်ကို အပြီး ခေါ်ယူနိုင်ဖို့ သတ်မှတ်ထားပါတယ်။

အာဆင်နယ် ဂန္တဝင် ကစားသမားဟောင်း အွန်နရီဟာ ယူရို ပြိုင်ပွဲ မတိုင်ခင်ပဲ ဘယ်လ်ဂျီယံ နည်းပြ အဖွဲ့ထံ ပြန်လည် ပူးပေါင်းလိုက်ပြီ ဖြစ်ပါတယ်။

အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ကွင်းလယ် ကစားသမား ဘစ်ဆိုမာ ကို ဘရိုက်တန်က ဒီနွေမှာ ရောင်းချဖို့ ပြင်ဆင်လာပါတယ်။ အသက် ၂၄ နှစ် အရွယ် ကွင်းလယ်ကစားသမားဟာ လက်ရှိ အသင်းမှာ အင်အားတစ်ရပ် ဖြစ်လာနိုင်တယ်လို့ အာတီတာကလည်း ယုံကြည်နေပါတယ်။

Zawgyi – ဘာစီလိုနာ ခံစစ္မႈး ဆာဂ်ီနီယို ဒတ္စ္ဟာ ဒီေႏြမွာ နူးကမ့္ကေန ထြက္ခြာဖို႔ သတင္းထြက္ျပီး အာဆင္နယ္ထံ ေျပာင္းေရႊ႕ဖြယ္ ရွိခဲ့ေပမယ့္ ကစားသမားက စပိန္မွာပဲ ေပ်ာ္ရႊင္ေနကာ အစြမ္းျပနုိင္ဖို႔ ၾကိဳးစားဦးမယ္လို႔ သိရပါတယ္။

အာဆင္နယ္ ခ်ိတ္ဆက္ေနတဲ့ ခံစစ္မွဴး တပ္ဆိုဘာနဲ႕ ပတ္သတ္ျပီး လီဗာပူဆင္ အားကစား ဒါရိုက္တာကေတာ့ ေနာက္ရာသီမွာ တပ္ဆိုဘာက အသင္းနဲ႕ အတူ အေရးပါတဲ့ ေနရာက ဆက္ရွိေနသင့္ေၾကာင္း ဆိုလိုက္ျပီး တားဆီးပိတ္ပင္မႈေတြေတာ့ ျပဳလုပ္မွာ မဟုတ္ေၾကာင္းလည္း ဆိုခဲ့ပါတယ္။

အာတီတာဟာ အသက္ ၂၂ နွစ္ အရြယ္ ခံစစ္မွဴး တပ္ဆိုဘာကို အသင္းကေန ထြက္ခြာမယ့္ ဘရာဇီးသား ခံစစ္မွဴး ေဒးဗစ္ လူး၀စ္ ေနရာ အစားထိုးဖို႔ ၾကံရြယ္ေနတာ ျဖစ္ပါတယ္။

အငွား ေခၚထားခဲ့တဲ့ ကြင္းလယ္ ကစားသမား မာတင္ အိုဒီဂတ္ ကို အာဆင္နယ္တို႔ အျပီး ၀ယ္ယူလိုပါက ရီးရဲလ္မက္ဒရစ္အား ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၆၀ ေလာက္ ေပးရမယ္လို႔ သိရပါတယ္။ အာတီတာကလည္း ဒီေႏြမွာ ဦးစားေပး ကိစၥ အေနနဲ႕ အိုဒီဂတ္ကို အျပီး ေခၚယူနိုင္ဖို႔ သတ္မွတ္ထားပါတယ္။

အာဆင္နယ္ ဂႏၱ၀င္ ကစားသမားေဟာင္း အြန္နရီဟာ ယူရို ျပိဳင္ပြဲ မတိုင္ခင္ပဲ ဘယ္လ္ဂ်ီယံ နည္းျပ အဖြဲ႕ထံ ျပန္လည္ ပူးေပါင္းလိုက္ျပီ ျဖစ္ပါတယ္။

အာဆင္နယ္ ပစ္မွတ္ထားေနတဲ့ ကြင္းလယ္ ကစားသမား ဘစ္ဆိုမာ ကို ဘရိုက္တန္က ဒီေႏြမွာ ေရာင္းခ်ဖို႔ ျပင္ဆင္လာပါတယ္။ အသက္ ၂၄ နွစ္ အရြယ္ ကြင္းလယ္ကစားသမားဟာ လက္ရွိ အသင္းမွာ အင္အားတစ္ရပ္ ျဖစ္လာနုိင္တယ္လို႔ အာတီတာကလည္း ယံုၾကည္ေနပါတယ္။