ယနေ့ ညပိုင်း နောက်ဆုံးရ ချယ်ဆီး အပြောင်းအရွှေ့ သတင်းများ (01/06/21)

အေစီမီလန် အသင်းဟာ အငှား ခေါ်ထားတဲ့ ချယ်ဆီးအသင်းသား တိုမိုရီ ကို အပြီး သတ် ခေါ်ယူရန် ဆွေးနွေးမှုများ စတင် ထားကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ အင်္ဂလန်သား ခံစစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီမှာ အေစီမီလန် အတွက် ၂၂ ပွဲ ကစားခဲ့သူပါ။

ချယ်ဆီး ဂန္တဝင် ကစာသမားကြီး ဇိုလာကတော့ မေဆန်မောင့်ဟာ ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်လာနေပြီး အင်္ဂလန်သားရဲ့ ကြိုးစားအားထုတ်မှုက အသိအမှတ်ပြုစရာ ဖြစ်ကြောင်း ချီးကျူးစကား ဆိုခဲ့ပါတယ်။

ယူရို သန်း ၈၀ လို့ ဈေးသတ်မှတ်ထားတဲ့ အင်တာမီလန် ခံစစ်မှူး ဟာကိမိကို ချယ်ဆီးကလည်း စိတ်ဝင်စားနေပေမယ့် ပီအက်စ်ဂျီကတော့ မိုရိုကိုသားကို ရဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။

ချယ်ဆီးအသင်းဟာ တိုက်စစ်မှူး တမ်မီ အေဗရာဟမ် အတွက် ပေါင် သန်း ၄၀ လောက် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှ လက်ခံ စဉ်းစားသွားမယ်လို့ သိရပါတယ်။

ရိုးမား တောင်ပံတိုက်စစ်သမား ဖြစ်တဲ့ ချယ်ဆီး ကစားသမားဟောင်း ပက်ဒရို ကို ပရီးမီးယားလိဂ်မှ အဲဗာတန်က ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ အသက် ၃၅ နှစ် ရှိပြီ ဖြစ်တဲ့ ပက်ဒရိုဟာ ရိုးမားနဲ့ စာချုပ် သက်တမ်း ၂ နှစ် ကျန်ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ ခြေစွမ်းကောင်းတွေ ပြဖို့ ရုန်းကန်နေရဆဲ ဖြစ်တဲ့ ဟာဇက်က အသင်းဟောင်း ချယ်ဆီးထံ ပြန်လာမယ့် သတင်းများကို ငြင်းပယ်လိုက်ပြီး ဘာနေဗြူးမှာ သူ့ခြေစွမ်းကို သက်သေပြလိုသေးကြောင်း ပြောဆိုခဲ့ပါတယ်။

Zawgyi – ေအစီမီလန္ အသင္းဟာ အငွား ေခၚထားတဲ့ ခ်ယ္ဆီးအသင္းသား တိုမိုရီ ကို အျပီး သတ္ ေခၚယူရန္ ေဆြးေႏြးမႈမ်ား စတင္ ထားေၾကာင္း သတင္းေတြမွာ ေဖာ္ျပထားပါတယ္။ အဂၤလန္သား ခံစစ္မွဴးဟာ ျပီးခဲ့တဲ့ ရာသီမွာ ေအစီမီလန္ အတြက္ ၂၂ ပြဲ ကစားခဲ့သူပါ။

ခ်ယ္ဆီး ဂႏၱ၀င္ ကစာသမားၾကီး ဇိုလာကေတာ့ ေမဆန္ေမာင့္ဟာ ျပီးျပည့္စံုတဲ့ ကစားသမား ျဖစ္လာေနျပီး အဂၤလန္သားရဲ႕ ၾကိဳးစားအားထုတ္မႈက အသိအမွတ္ျပဳစရာ ျဖစ္ေၾကာင္း ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။

ယူရို သန္း ၈၀ လို႔ ေစ်းသတ္မွတ္ထားတဲ့ အင္တာမီလန္ ခံစစ္မွဴး ဟာကိမိကို ခ်ယ္ဆီးကလည္း စိတ္၀င္စားေနေပမယ့္ ပီအက္စ္ဂ်ီကေတာ့ မိုရိုကိုသားကို ရဖို႔ ထိပ္ဆံုးက ေရပန္းစားေနပါတယ္။

ခ်ယ္ဆီးအသင္းဟာ တိုက္စစ္မွဴး တမ္မီ ေအဗရာဟမ္ အတြက္ ေပါင္ သန္း ၄၀ ေလာက္ ေျပာင္းေရႊ႕ေၾကးနဲ႕ ကမ္းလွမ္းမွ လက္ခံ စဥ္းစားသြားမယ္လို႔ သိရပါတယ္။

ရိုးမား ေတာင္ပံတိုက္စစ္သမား ျဖစ္တဲ့ ခ်ယ္ဆီး ကစားသမားေဟာင္း ပက္ဒရို ကို ပရီးမီးယားလိဂ္မွ အဲဗာတန္က ေခၚယူဖို႔ ေစာင့္ၾကည့္ေနပါတယ္။ အသက္ ၃၅ နွစ္ ရွိျပီ ျဖစ္တဲ့ ပက္ဒရိုဟာ ရိုးမားနဲ႕ စာခ်ဳပ္ သက္တမ္း ၂ နွစ္ က်န္ရွိေနပါတယ္။

ရီးရဲလ္မက္ဒရစ္မွာ ေျခစြမ္းေကာင္းေတြ ျပဖို႔ ရုနး္ကန္ေနရဆဲ ျဖစ္တဲ့ ဟာဇက္က အသင္းေဟာင္း ခ်ယ္ဆီးထံ ျပန္လာမယ့္ သတင္းမ်ားကို ျငင္းပယ္လိုက္ျပီး ဘာေနျဗဴးမွာ သူ႔ေျခစြမ္းကို သက္ေသျပလိုေသးေၾကာင္း ေျပာဆိုခဲ့ပါတယ္။