ဆုဖလားတွေစိန်ခေါ်နိုင်အောင် ယူနိုက်တက်ကို အသုံးစရိတ် ချပေးသွားတော့မယ့် ဂလေဇာ

မန်ချက်စတာယူနိုက်တက်ရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဂျိုဝယ် ဂလေဇာက ကလပ်ပရိသတ်တွေဖြင့် သီးသန့်တွေ့ဆုံပြီး အနာဂတ်အတွက် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

စူပါလိဂ်ပြိုင်ပွဲမှာ ပါဝင်ဖို့ ရွေးချယ်ခဲ့ခြင်း နောက်ဆက်တွဲအဖြစ် ယူနိုက်တက်ပရိသတ်တွေဟာ အသင်းပိုင်ရှင်ကို ဆန္ဒပြမှုတွေ အားကောင်းခဲ့တယ်။ ကာလရှည် မကျေနပ်မှုတွေအဖြစ် သမိုင်းဝင် အိုထရတ်ဖိုဒ့်ကွင်းကို ပြုပြင်မွန်းမံဖို့ရာ ပျက်ကွက်မှု၊ ဆုဖလားတွေကို စိန်ခေါ်နိုင်အောင် ဦးဆောင်ပေးနိုင်ခြင်း မရှိမှုတွေကြောင့် ဂလေဇာမိသားစုအပေါ် ပရိသတ်တွေက သဘောမတွေ့ပါဘူး။

အနာဂတ်မှာ ကွင်းကို တိုးချဲ့ပေးဖို့၊ လူသစ်ခေါ်ယူရေးတွေမှာ ရင်းနှီးမြုပ်နှံဖို့နဲ့ အသင်းပရိသတ်တွေအတွက် ဘုတ်အဖွဲ့ စီစဉ်ပေးပြီး ကလပ်ရဲ့ စီမံရေးရာတွေမှာ တက်ရောက်ခွင့်ပြုဖို့တွေကိုလည်း ဂလေဇာက အသင်းပရိသတ်တွေဖြင့် ညိနှိုင်းမှုမှာ ကတိပေးမှုတွေ လုပ်ခဲ့တယ်။

ယူနိုက်တက် ဒုတိယအကြီးအကဲ ဂျိုဝယ် ဂလေဇာက “ ယူနိုက်တက် ပြိုင်ဆိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ ဆုဖလားရစေဖို့ကို ကျနော်တို့ အမြဲတမ်း ဦးတည်ပါတယ်။ အကယ်ဒမီအတွက် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဖို့ကော အသင်း ဆုဖလားတွေ အနိုင်ရဖို့ ဈေးကွက်ကနေ ကစားသမားသစ်တွေ ခေါ်ယူပြီး မန်နေဂျာကို ထောက်ပံ့ပေးဖို့ပါ ကျနေ်ာတို့ လုပ်ဆောင်သွားမှာပါ။

ယူနိုက်တက် ဆုဖလားတွေ အမြဲတမ်း အောင်မြင်နေတာကိုပဲ ကျနေ်ာတို့ မြင်ချင်ပါတယ်။ အဲ့လို ဆုဖလားတွေ အောင်မြင်ဖို့လည်း လိုအပ်တဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ကျနေ်ာတို့ လုပ်ပေးသွားမှာပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ယူနိုက်တက်ရဲ့ နွေရာသီ အစီအစဉ်တွေက ခံစစ်သမား နှစ်ဦး၊ တိုက်စစ်သမား တစ်ဦးကို ထပ်မံခေါ်ယူခြင်းဖြင့် ဈေးကွက်ကို ပိတ်သိမ်းဖို့ ဖြစ်ပါတယ်။ အက်သလက်တီကိုမှ ထရစ်ပီယာ၊ ဒေါ့မွန်မှ ဆန်ချိုနဲ့ ရီးရဲလ်မက်ဒရစ်မှ ဗာရိန်းတို့ဟာ မန်ချက်စတာကလပ်ရဲ့ ပစ်မှတ်တွေပဲ ဖြစ်ပါတယ်။။

ZAWGYI – မန္ခ်က္စတာယူႏုိက္တက္ရဲ႕ အေရးပါတဲ့ ပုဂၢိဳလ္တစ္ဦးျဖစ္သူ ဂ်ိဳဝယ္ ဂေလဇာက ကလပ္ပရိသတ္ေတြျဖင့္ သီးသန္႔ေတြ႔ဆံုျပီး အနာဂတ္အတြက္ ေဆြးေႏြးမႈေတြ လုပ္ခဲ့ပါတယ္။

စူပါလိဂ္ျပိဳင္ပြဲမွာ ပါဝင္ဖို႔ ေရြးခ်ယ္ခဲ့ျခင္း ေနာက္ဆက္တြဲအျဖစ္ ယူႏုိက္တက္ပရိသတ္ေတြဟာ အသင္းပိုင္ရွင္ကို ဆႏၵျပမႈေတြ အားေကာင္းခဲ့တယ္။ ကာလရွည္ မေက်နပ္မႈေတြအျဖစ္ သမိုင္းဝင္ အိုထရတ္ဖိုဒ့္ကြင္းကို ျပဳျပင္မြန္းမံဖို႔ရာ ပ်က္ကြက္မႈ၊ ဆုဖလားေတြကို စိန္ေခၚႏုိင္ေအာင္ ဦးေဆာင္ေပးႏုိင္ျခင္း မရွိမႈေတြေၾကာင့္ ဂေလဇာမိသားစုအေပၚ ပရိသတ္ေတြက သေဘာမေတြ႔ပါဘူး။

အနာဂတ္မွာ ကြင္းကို တိုးခ်ဲ႔ေပးဖို႔၊ လူသစ္ေခၚယူေရးေတြမွာ ရင္းႏွီးျမဳပ္ႏွံဖို႔နဲ႔ အသင္းပရိသတ္ေတြအတြက္ ဘုတ္အဖြဲ႔ စီစဥ္ေပးျပီး ကလပ္ရဲ႕ စီမံေရးရာေတြမွာ တက္ေရာက္ခြင့္ျပဳဖို႔ေတြကိုလည္း ဂေလဇာက အသင္းပရိသတ္ေတြျဖင့္ ညိႏိႈင္းမႈမွာ ကတိေပးမႈေတြ လုပ္ခဲ့တယ္။

ယူႏုိက္တက္ ဒုတိယအၾကီးအကဲ ဂ်ိဳဝယ္ ဂေလဇာက “ ယူႏုိက္တက္ ျပိဳင္ဆိုင္တဲ့ ျပိဳင္ပြဲတိုင္းမွာ ဆုဖလားရေစဖို႔ကို က်ေနာ္တို႔ အျမဲတမ္း ဦးတည္ပါတယ္။ အကယ္ဒမီအတြက္ ရင္းႏွီးျမဳပ္ႏွံမႈေတြ လုပ္ဖို႔ေကာ အသင္း ဆုဖလားေတြ အႏုိင္ရဖို႔ ေစ်းကြက္ကေန ကစားသမားသစ္ေတြ ေခၚယူျပီး မန္ေနဂ်ာကို ေထာက္ပံ့ေပးဖို႔ပါ က်ေန္ာတို႔ လုပ္ေဆာင္သြားမွာပါ။

ယူႏုိက္တက္ ဆုဖလားေတြ အျမဲတမ္း ေအာင္ျမင္ေနတာကိုပဲ က်ေန္ာတို႔ ျမင္ခ်င္ပါတယ္။ အဲ့လို ဆုဖလားေတြ ေအာင္ျမင္ဖို႔လည္း လိုအပ္တဲ့ ရင္းႏွီးျမဳပ္ႏွံမႈေတြကို က်ေန္ာတို႔ လုပ္ေပးသြားမွာပါ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ယူႏိုက္တက္ရဲ႕ ေႏြရာသီ အစီအစဥ္ေတြက ခံစစ္သမား ႏွစ္ဦး၊ တိုက္စစ္သမား တစ္ဦးကို ထပ္မံေခၚယူျခင္းျဖင့္ ေစ်းကြက္ကို ပိတ္သိမ္းဖို႔ ျဖစ္ပါတယ္။ အက္သလက္တီကိုမွ ထရစ္ပီယာ၊ ေဒါ့မြန္မွ ဆန္ခ်ိဳနဲ႔ ရီးရဲလ္မက္ဒရစ္မွ ဗာရိန္းတို႔ဟာ မန္ခ်က္စတာကလပ္ရဲ႕ ပစ္မွတ္ေတြပဲ ျဖစ္ပါတယ္။။