ဆန်ချို အပြောင်းအရွှေ့အတွက် နောက်ဆုံးရက် ဒေါ့မွန် သတ်မှတ်
စကိုင်းစပေါ့ သတင်း အဆိုအရ ဒေါ့မွန်အသင်းဟာ ဆန်ချို အပြောင်းအရွှေ့ကို ရာသီကြို ထရိန်နင် မတိုင်ခင် ဇူလိုင် ၂၃ နောက်ဆုံးထား အပြီးသတ်ဖို့ သတ်မှတ်ထားကြောင်း သိရပါတယ်။ ယူနိုက်တက်နဲ့ ဒေါ့မွန်တို့ကြား ဆွေးနွေးမှုကတော့ တော်တော်ခရီးရောက်နေပြီ ဖြစ်ပြီး ပြောင်းရွှေ့ကြေး အနည်းငယ်သာ ကွာဟတော့တာပါ။

ယူနိုက်တက်ရဲ့ ပြုမူဆက်ဆံပုံကို သဘောမကျ ဖြစ်နေတဲ့ တွမ်ဇီဘီ
ပြီးခဲ့တဲ့ ရာသီက အထင်ကြီးလောက်ဖွယ် ခြေစွမ်းတချို့ ပြသခဲ့သည့်တိုင် မန်ချက်စတာ ယူနိုက်တက်က အသိအမှတ်ပြုခြင်း မခံရတဲ့ အပေါ် တွမ်ဇီဘီက မပျော်ရွှင် ဖြစ်နေတယ်လို့ မန်ချက်တာ အခြေစိုက် MEN သတင်းဌာန က ဖော်ပြထားပါတယ်။
ဗာရိန်းအတွက် ရီးရဲလ် ဈေးလျှော့ပေးလာ
ရီးရဲလ်မက်ဒရစ် အသင်းဟာ ယူနိုက်တက် ပစ်မှတ် ခံစစ်မှူး ဗာရိန်းအတွက် ယခင်က ယူရို သန်း ၆၀ တောင်းဆို ခဲ့သော်လည်း ယူရို သန်း ၅၀ သို့ ဈေးလျှော့ပေး ညှိနှိုင်းလိုနေကြောင်း စပိန်သတင်းတွေက ဖော်ပြလာပါတယ်။

အဝေးဂိုး စည်းမျဉ်း ပယ်ဖျက်
ယူအီးအက်ဖ်အေကတော့ လာမယ့် ဘောလုံး ရာသီမှာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် အပါအဝင် ဥရောပပြိုင်ပွဲတွေ အားလုံးကနေ အဝေးဂိုး စည်းမျဉ်းကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာခဲ့ပါတယ်။
ယူနိုက်တက် မြို့ခံ ပြိုင်ဘက် မန်စီးတီးထံ ရောက်ဖို့များလာတဲ့ ဂရေးလစ်ချ်
ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ အက်စတွန်ဗီလာ ကွင်းလယ်ကစားသမား ဂျက် ဂရေးလစ်ချ်ဟာ မန်စီးတီးအသင်းထံ ပြောင်းရွှေ့နိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။ ဗီလာကတော့ သူတို့ အဓိက ကစားသမား အတွက် ပေါင် သန်း ၁၀၀ အောက် ကမ်းလှမ်းမှု လက်ခံမှာ မဟုတ်ဘူး ဆိုထားပါတယ်။

Zawgyi
ဆန္ခ်ိဳ အေျပာင္းအေရႊ႕အတြက္ ေနာက္ဆံုးရက္ ေဒါ့မြန္ သတ္မွတ္
စကိုင္းစေပါ့ သတင္း အဆိုအရ ေဒါ့မြန္အသင္းဟာ ဆန္ခ်ိဳ အေျပာင္းအေရႊ႕ကို ရာသီၾကိဳ ထရိန္နင္ မတိုင္ခင္ ဇူလိုင္ ၂၃ ေနာက္ဆံုးထား အျပီးသတ္ဖို႔ သတ္မွတ္ထားေၾကာင္း သိရပါတယ္။ ယူနိုက္တက္နဲ႕ ေဒါ့မြန္တို႔ၾကား ေဆြးေႏြးမႈကေတာ့ ေတာ္ေတာ္ခရီးေရာက္ေနျပီ ျဖစ္ျပီး ေျပာင္းေရႊ႕ေၾကး အနည္းငယ္သာ ကြာဟေတာ့တာပါ။
ယူနိုက္တက္ရဲ႕ ျပဳမူဆက္ဆံပံုကို သေဘာမက် ျဖစ္ေနတဲ့ တြမ္ဇီဘီ
ျပီးခဲ့တဲ့ ရာသီက အထင္ၾကီးေလာက္ဖြယ္ ေျခစြမ္းတခ်ိဳ႕ ျပသခဲ့သည့္တိုင္ မန္ခ်က္စတာ ယူနိုက္တက္က အသိအမွတ္ျပဳျခင္း မခံရတဲ့ အေပၚ တြမ္ဇီဘီက မေပ်ာ္ရႊင္ ျဖစ္ေနတယ္လို႔ မန္ခ်က္တာ အေျခစိုက္ MEN သတင္းဌာန က ေဖာ္ျပထားပါတယ္။
ဗာရိန္းအတြက္ ရီးရဲလ္ ေစ်းေလွ်ာ့ေပးလာ
ရီးရဲလ္မက္ဒရစ္ အသင္းဟာ ယူနိုက္တက္ ပစ္မွတ္ ခံစစ္မွဴး ဗာရိန္းအတြက္ ယခင္က ယူရို သန္း ၆၀ ေတာင္းဆို ခဲ့ေသာ္လည္း ယူရို သန္း ၅၀ သို႔ ေစ်းေလွ်ာ့ေပး ညွိနိႈင္းလိုေနေၾကာင္း စပိန္သတင္းေတြက ေဖာ္ျပလာပါတယ္။
အေ၀းဂိုး စည္းမ်ဥ္း ပယ္ဖ်က္
ယူအီးအက္ဖ္ေအကေတာ့ လာမယ့္ ေဘာလံုး ရာသီမွာ ခ်န္ပီယံလိဂ္နဲ႕ ယူရိုပါလိဂ္ အပါအ၀င္ ဥေရာပျပိဳင္ပြဲေတြ အားလံုးကေန အေ၀းဂိုး စည္းမ်ဥ္းကို ပယ္ဖ်က္လိုက္ျပီ ျဖစ္ေၾကာင္း တရား၀င္ ေၾကျငာခဲ့ပါတယ္။
ယူနိုက္တက္ ျမိဳ႔ခံ ျပိဳင္ဘက္ မန္စီးတီးထံ ေရာက္ဖို႔မ်ားလာတဲ့ ဂေရးလစ္ခ်္
ယူနိုက္တက္ ပစ္မွတ္ထားေနတဲ့ အက္စတြန္ဗီလာ ကြင္းလယ္ကစားသမား ဂ်က္ ဂေရးလစ္ခ်္ဟာ မန္စီးတီးအသင္းထံ ေျပာင္းေရႊ႕နုိင္ဖို႔ နီးစပ္ေနေၾကာင္း သိရပါတယ္။ ဗီလာကေတာ့ သူတို႔ အဓိက ကစားသမား အတြက္ ေပါင္ သန္း ၁၀၀ ေအာက္ ကမ္းလွမ္းမႈ လက္ခံမွာ မဟုတ္ဘူး ဆိုထားပါတယ္။
