ကြာသပတေးနေ့ နောက်ဆုံးရ ထူးထူးခြားခြား ချယ်ဆီး သတင်းတိုများ (01/07/21)

ယူရို ၂၀၂၀ မှာ ဆုရတဲ့ ချယ်ဆီး အမျိုးသမီးအသင်း နည်းပြ

ယူရို ၂၀၂၀ ပြိုင်ပွဲအတွင်း ပွဲသုံးသပ်သူနဲ့ နောက်ခံ မှတ်ချက်ပေးသူတွေထဲ ဘယ်သူ့ကို သဘောအကျဆုံး ဖြစ်မလဲ ဆိုတာ စစ်တမ်းတစ်ရပ် ကောက်ယူခဲ့ရာ ချယ်ဆီး အမျိုးသမီးအသင်း နည်းပြ အမ်မာ ဟေးရက်စ်က လူကြိုက် အများဆုံး ဖြစ်နေပါတယ်။ ITV က ပြုလုပ်တဲ့ အဆိုပါ လေ့လာမှုမှာ ဟေးရက်စ်က ထိပ်ဆုံးမှာ ရှိနေပါတယ်။

ယူရို အကောင်းဆုံး ၁၁ ယောက် အသင်းထဲ ပါတဲ့ ကွီတာ

ချယ်ဆီး အသင်းခေါင်းဆောင် ကွီတာရဲ့ စပိန်အသင်းဟာ ခရိုအေးရှားကို အချိန်ပိုမှာ အနိုင်ယူပြီး ကွာတား အဆင့် တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၆သင်း ရှုံးထွက်အဆင့် ပွဲစဉ်များမှာ အကောင်းဆုံး ၁၁ ယောက် အသင်းကို WhoScored က ရွေးချယ်ခဲ့ရာ ကွီတာက ပါဝင်ခဲ့ပါတယ်။

ရီစီဂျိမ်းစ်ရဲ့ ညီမ ဖြစ်သူကို ချယ်ဆီး ကမ်းလှမ်း

ချယ်ဆီးအသင်းဟာ ရီစီဂျိမ်းစ်ရဲ့ ညီမ ဖြစ်သူ မန်ယူနိုက်တက် အသင်းမှ လော်ရန် ဂျိမ်းစ် ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း Goal သတင်းက ဖော်ပြထားပါတယ်။ ဒီတလော သီတင်းပတ်တွေ အတွင်း တောက်လျောက် ကြိုးစားနေပေမယ့် လော်ရန်ကို ရဖို့ ခက်ခဲနေပြီး နောက်ဆုံး ကမ်းလှမ်းမှု တစ်ရပ် ချယ်ဆီးက ပြုလုပ်ထားပြီ ဖြစ်ပါတယ်။

အီမာဆန်ကို ခေါ်ထုတ်ဖို့ ကြိုးစားနေတဲ့ အေးဂျင့်

ချယ်ဆီး ဘယ်စွန်ခံစစ်သမား အီမာဆန်ရဲ့ အေးဂျင့် ဖြစ်သူ ပီနီ ဇာဟာဗီကတော့ သူ့ ကစားသမားကို ချယ်ဆီးအသင်းကနေ ထွက်ခွာစေလိုနေပြီး နောက်ဆုံးရက် သတ်မှတ် ကြိုးစားနေတယ်လို့ သိရပါတယ်။

အီမာဆန် ကို ဒီတလော လတွေ အတွင်း အီတလီ ကလပ်တွေက စိတ်ဝင်စားနေပြီး အင်တာမီလန်၊ လာဇီယိုနဲ့ နာပိုလီ အသင်းတို့က ခေါ်ယူလိုဟန် ပြသထားပါတယ်။

Zawgyi

ယူရို ၂၀၂၀ မွာ ဆုရတဲ့ ခ်ယ္ဆီး အမ်ိဳးသမီးအသင္း နည္းျပ

ယူရို ၂၀၂၀ ျပိဳင္ပြဲအတြင္း ပြဲသံုးသပ္သူနဲ႕ ေနာက္ခံ မွတ္ခ်က္ေပးသူေတြထဲ ဘယ္သူ႔ကို သေဘာအက်ဆံုး ျဖစ္မလဲ ဆိုတာ စစ္တမ္းတစ္ရပ္ ေကာက္ယူခဲ့ရာ ခ်ယ္ဆီး အမ်ိဳးသမီးအသင္း နည္းျပ အမ္မာ ေဟးရက္စ္က လူၾကိဳက္ အမ်ားဆံုး ျဖစ္ေနပါတယ္။ ITV က ျပဳလုပ္တဲ့ အဆိုပါ ေလ့လာမႈမွာ ေဟးရက္စ္က ထိပ္ဆံုးမွာ ရွိေနပါတယ္။

ယူရို အေကာင္းဆံုး ၁၁ ေယာက္ အသင္းထဲ ပါတဲ့ ကြီတာ

ခ်ယ္ဆီး အသင္းေခါင္းေဆာင္ ကြီတာရဲ႕ စပိန္အသင္းဟာ ခရိုေအးရွားကို အခ်ိန္ပိုမွာ အနုိင္ယူျပီး ကြာတား အဆင့္ တက္ေရာက္သြားျပီ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ၁၆သင္း ရွံဳးထြက္အဆင့္ ပြဲစဥ္မ်ားမွာ အေကာင္းဆံုး ၁၁ ေယာက္ အသင္းကို WhoScored က ေရြးခ်ယ္ခဲ့ရာ ကြီတာက ပါ၀င္ခဲ့ပါတယ္။

ရီစီဂ်ိမ္းစ္ရဲ႕ ညီမ ျဖစ္သူကို ခ်ယ္ဆီး ကမ္းလွမ္း

ခ်ယ္ဆီးအသင္းဟာ ရီစီဂ်ိမ္းစ္ရဲ႕ ညီမ ျဖစ္သူ မန္ယူနိုက္တက္ အသင္းမွ ေလာ္ရန္ ဂ်ိမ္းစ္ ကို ေခၚယူဖို႔ ကမ္းလွမ္းမႈေတြ ျပဳလုပ္ထားေၾကာင္း Goal သတင္းက ေဖာ္ျပထားပါတယ္။ ဒီတေလာ သီတင္းပတ္ေတြ အတြင္း ေတာက္ေလ်ာက္ ၾကိဳးစားေနေပမယ့္ ေလာ္ရန္ကို ရဖို႔ ခက္ခဲေနျပီး ေနာက္ဆံုး ကမ္းလွမ္းမႈ တစ္ရပ္ ခ်ယ္ဆီးက ျပဳလုပ္ထားျပီ ျဖစ္ပါတယ္။

အီမာဆန္ကို ေခၚထုတ္ဖို႔ ၾကိဳးစားေနတဲ့ ေအးဂ်င့္

ခ်ယ္ဆီး ဘယ္စြန္ခံစစ္သမား အီမာဆန္ရဲ႕ ေအးဂ်င့္ ျဖစ္သူ ပီနီ ဇာဟာဗီကေတာ့ သူ႔ ကစားသမားကို ခ်ယ္ဆီးအသင္းကေန ထြက္ခြာေစလိုေနျပီး ေနာက္ဆံုးရက္ သတ္မွတ္ ၾကိဳးစားေနတယ္လို႔ သိရပါတယ္။

အီမာဆန္ ကို ဒီတေလာ လေတြ အတြင္း အီတလီ ကလပ္ေတြက စိတ္၀င္စားေနျပီး အင္တာမီလန္၊ လာဇီယိုနဲ႕ နာပိုလီ အသင္းတို႔က ေခၚယူလိုဟန္ ျပသထားပါတယ္။