အာဆင်နယ်အသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အီတလီအသင်းအတွက် ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ လိုကတ်တယ်လီကို ခေါ်ယူဖို့ ရေပန်းစားနေပြီဖြစ်တယ်လို့ သိရပါတယ်။
ဆူဆိုလိုအိုအသင်း အမှုဆောင်ချုပ်က လက်တလောမှာ ဂျူဗင်တပ်နဲ့ အာဆင်နယ်တို့က သူတို့ရဲ့ ကစားသမားကို ခေါ်ယူဖို့ စကားပြောနေကြောင်း ဝန်ခံပါတယ်။ အသက် ၂၃ နှစ်အရွယ် ဆူဆိုလိုအို ကွင်းလယ်လူကို ခေါ်ယူဖို့ မန်စီးတီးကလည်း စိတ်ဝင်စားနေကြောင်း တယ်လီဂရပ်က ဖော်ပြထားခဲ့တယ်။
စီးတီးဟာ ယူရို ၂၀၂၀ မှာ တောက်ပလာနေတဲ့ လိုကတ်တယ်လီကိုလည်း ခြေရာကောက်နေပေမယ့် ဖာနန်ဒင်ဟိုနေရာ အစားထိုးဖို့ အီတလီသားအစား လူငယ်ကစားသမား လာဗီယာကို စီနီယာအသင်းထံ တိုးမြင့်ကစားခွင့်ပေးဖို့ ဆုံးဖြတ်ထားတယ်။ ရာသီကြိုမှာ လာဗီယာ စွမ်းဆောင်နိုင်မယ်ဆိုရင်တော့ မန်စီးတီးက ကွင်းလယ်ခံစစ်အတွက် ရှာဖွေခြင်း မလုပ်ဘဲ အခြားသော နေရာတွေကိုပဲ အာရုံစိုက်သွားဖို့ ရှိနေပါတယ်။
အီတလီကွင်းလယ်လူကို ဂျူဗင်တပ်နဲ့ အာဆင်နယ်တို့က တရားဝင် ချိတ်ဆက်နေကြောင်းကို ဆူဆိုလိုအို အမှုဆောင်ချုပ် Carnevali က ‘ ဂျူဗင်တပ် တစ်သင်းတည်းကပဲ လိုကတ်တယ်လီအတွက် စကားပြောနေပါတယ်။
အာဆင်နယ် အပါအဝင် နိုင်ငံခြားကလပ်တွေကလည်း စိတ်ဝင်စားနေတယ်ဆိုတာ ဟုတ်ပါတယ်။ လက်ရှိမှာ နိုင်ငံခြားကလပ်တွေထဲ အာဆင်နယ် တစ်သင်းတည်းက လိုကတ်တယ်လီအတွက် အရေးပါတဲ့ ချဉ်းကပ်မှုကို လုပ်ထားပါတယ်။ သူတို့က လိုကတ်တယ်လီကို ခေါ်ယူဖို့ အတော်လေး ကြိုးစားနေပါတယ်။ အရေးကြီးတဲ့ ကမ်းလှမ်းမှုလည်း လုပ်ထားတော့ ကျနေ်ာတို့ ကြည့်ရမှာပါ။
ဂျူဗင်တပ်ကလည်း လိုကတ်တယ်လီကို လိုချင်နေပါတယ်။ သူတို့နဲ့ ကျနေ်ာတို့ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိထားတာကြောင့် ဆွေးနွေးညိနှိုင်းဖို့ ရက်ချိန်း လုပ်ရမှာပါ ‘ လို့ ဆိုထားခဲ့တာဖြစ်တယ်။

ZAWGYI – အာဆင္နယ္အသင္းဟာ ယူရို ၂၀၂၀ ျပိဳင္ပြဲဝင္ အီတလီအသင္းအတြက္ ေျခစြမ္းျပေနတဲ့ ကြင္းလယ္လူ လိုကတ္တယ္လီကို ေခၚယူဖို႔ ေရပန္းစားေနျပီျဖစ္တယ္လို႔ သိရပါတယ္။
ဆူဆိုလိုအိုအသင္း အမႈေဆာင္ခ်ဳပ္က လက္တေလာမွာ ဂ်ဴဗင္တပ္နဲ႔ အာဆင္နယ္တို႔က သူတို႔ရဲ႕ ကစားသမားကို ေခၚယူဖို႔ စကားေျပာေနေၾကာင္း ဝန္ခံပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ဆူဆိုလိုအို ကြင္းလယ္လူကို ေခၚယူဖို႔ မန္စီးတီးကလည္း စိတ္ဝင္စားေနေၾကာင္း တယ္လီဂရပ္က ေဖာ္ျပထားခဲ့တယ္။
စီးတီးဟာ ယူရို ၂၀၂၀ မွာ ေတာက္ပလာေနတဲ့ လိုကတ္တယ္လီကိုလည္း ေျခရာေကာက္ေနေပမယ့္ ဖာနန္ဒင္ဟိုေနရာ အစားထိုးဖို႔ အီတလီသားအစား လူငယ္ကစားသမား လာဗီယာကို စီနီယာအသင္းထံ တိုးျမင့္ကစားခြင့္ေပးဖို႔ ဆံုးျဖတ္ထားတယ္။ ရာသီၾကိဳမွာ လာဗီယာ စြမ္းေဆာင္ႏုိင္မယ္ဆိုရင္ေတာ့ မန္စီးတီးက ကြင္းလယ္ခံစစ္အတြက္ ရွာေဖြျခင္း မလုပ္ဘဲ အျခားေသာ ေနရာေတြကိုပဲ အာရံုစိုက္သြားဖို႔ ရွိေနပါတယ္။
အီတလီကြင္းလယ္လူကို ဂ်ဴဗင္တပ္နဲ႔ အာဆင္နယ္တို႔က တရားဝင္ ခ်ိတ္ဆက္ေနေၾကာင္းကို ဆူဆိုလိုအို အမႈေဆာင္ခ်ဳပ္ Carnevali က ‘ ဂ်ဴဗင္တပ္ တစ္သင္းတည္းကပဲ လိုကတ္တယ္လီအတြက္ စကားေျပာေနပါတယ္။
အာဆင္နယ္ အပါအဝင္ ႏုိင္ငံျခားကလပ္ေတြကလည္း စိတ္ဝင္စားေနတယ္ဆိုတာ ဟုတ္ပါတယ္။ လက္ရွိမွာ ႏုိင္ငံျခားကလပ္ေတြထဲ အာဆင္နယ္ တစ္သင္းတည္းက လိုကတ္တယ္လီအတြက္ အေရးပါတဲ့ ခ်ဥ္းကပ္မႈကို လုပ္ထားပါတယ္။ သူတို႔က လိုကတ္တယ္လီကို ေခၚယူဖို႔ အေတာ္ေလး ၾကိဳးစားေနပါတယ္။ အေရးၾကီးတဲ့ ကမ္းလွမ္းမႈလည္း လုပ္ထားေတာ့ က်ေန္ာတို႔ ၾကည့္ရမွာပါ။
ဂ်ဴဗင္တပ္ကလည္း လိုကတ္တယ္လီကို လိုခ်င္ေနပါတယ္။ သူတို႔နဲ႔ က်ေန္ာတို႔ၾကားမွာ ဆက္ဆံေရးေကာင္းေတြ ရွိထားတာေၾကာင့္ ေဆြးေႏြးညိႏိႈင္းဖို႔ ရက္ခ်ိန္း လုပ္ရမွာပါ ‘ လို႔ ဆိုထားခဲ့တာျဖစ္တယ္။
