မန်ချက်စတာ ယူနိုက်တက်ဟာ အဲဗာတန် တိုက်စစ်မှူး ဒိုမိနစ် ကဲလ်ဗတ် လီဝင် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြထားပါတယ်။ ယူနိုက်တက်က စပါးတိုက်စစ်မှူးကိန်းကိုလည်း ချိတ်ဆက်ထားပေမယ့် ဂွတ်ဒီဆင်ပါ့ခ်က အင်္ဂလန်သားကိုလည်း ကမ်းလှမ်းဖွယ် ရှိနေပါတယ်။
ယူနိုက်တက် ကစားသမား သစ် ဖြစ်လာတဲ့ ဆန်ချို က သူ့ရဲ့ မူပိုင် ကျောနံပါတ် ၇ ကို အိုးထရက်ဖို့ဒ်မှာ ဆက်လက် ဝတ်ဆင်လိုတာကြောင့် လက်ရှိ ၇ ဝတ်ဆင်နေတဲ့ ကာဗာနီထံ တောင်းဆိုထားကြောင်း သိရပါတယ်။

ဆန်ချို ကို ခေါ်ယူနိုင်လိုက်ပြီးတဲ့နောက် အပြောင်းအရွှေ့မှာ ယူနိုက်တက်ရဲ့ နောက်ထပ် ဦးစားပေး ကိစ္စက ဘရူနို ဖာနန်ဒက်စ်ကို စာချုပ်သစ် သက်တမ်းတိုးဖို့ ဖြစ်တယ်လို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပါတယ်။
ယူနိုက်တက်ရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲက အရှုံးဟာ ဒီနွေမှာ ဆန်ချို ကို ခေါ်ဖြစ်အောင် ခေါ်ဖို့ တွန်းအားဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယူနိုက်တက်က ထို ရှုံးပွဲအပြီးမှာ နောက်နေ့ နံနက်ခင်းမှာ ချက်ချင်း အစည်းအဝေး ခေါ်ပြီး အခြေအနေ ဆိုးက ရုန်းထွက်ဖို့ အစီအမံများ ချခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၆ နှစ် အရွယ် ပေါ်တူဂီသား ကွင်းလယ်သမားရဲ့ လက်ရှိစာချုပ်က ၂၀၂၅ ထိ ရှိသေးပေမယ့် ယူနိုက်တက်က ဖာနန်ဒက်စ်ကို လက်ရှိ လစာ တစ်ပတ် လုပ်ခ ပေါင် ၁သိန်းကနေ နှစ်ဆတိုးကာ သက်တမ်းတိုး လိုနေတာပါ။
ယူနိုက်တက်ဟာ အပြောင်းအရွှေ့ နောက်ထပ် ပစ်မှတ်တွေ အဖြစ် ဝက်စ်ဟမ်းမှ ဒီကလန် ရိုက်စ်နဲ့ အက်သလက်တီကိုမှ ထရစ်ပီယာ တို့ကို ဆက်လက် ချိတ်ဆက်နေသော်လည်း ဒီနွေမှာ ခေါ်ယူနိုင်ဖို့ အခြေအနေ နည်းပါးကြောင်း တယ်လီဂရပ်ဖ်က သုံးသပ်ထားပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ အဲဗာတန္ တိုက္စစ္မွဴး ဒိုမိနစ္ ကဲလ္ဗတ္ လီ၀င္ ကို ေခၚယူဖို႔ စိတ္၀င္စားေနဆဲ ျဖစ္ေၾကာင္း အဂၤလန္သတင္းေတြက ေဖာ္ျပထားပါတယ္။ ယူနိုက္တက္က စပါးတိုက္စစ္မွဴးကိန္းကိုလည္း ခ်ိတ္ဆက္ထားေပမယ့္ ဂြတ္ဒီဆင္ပါ့ခ္က အဂၤလန္သားကိုလည္း ကမ္းလွမ္းဖြယ္ ရွိေနပါတယ္။
ယူနိုက္တက္ ကစားသမား သစ္ ျဖစ္လာတဲ့ ဆန္ခ်ိဳ က သူ႔ရဲ႕ မူပိုင္ ေက်ာနံပါတ္ ၇ ကို အိုးထရက္ဖို႔ဒ္မွာ ဆက္လက္ ၀တ္ဆင္လိုတာေၾကာင့္ လက္ရွိ ၇ ၀တ္ဆင္ေနတဲ့ ကာဗာနီထံ ေတာင္းဆိုထားေၾကာင္း သိရပါတယ္။
ဆန္ခ်ိဳ ကို ေခၚယူနိုင္လိုက္ျပီးတဲ့ေနာက္ အေျပာင္းအေရႊ႕မွာ ယူနိုက္တက္ရဲ႕ ေနာက္ထပ္ ဦးစားေပး ကိစၥက ဘရူနို ဖာနန္ဒက္စ္ကို စာခ်ဳပ္သစ္ သက္တမ္းတိုးဖို႔ ျဖစ္တယ္လို႔ သတင္းေထာက္ ရိုမန္နိုက ေဖာ္ထုတ္လိုက္ပါတယ္။
ယူနိုက္တက္ရဲ႕ ယူရိုပါလိဂ္ ဗိုလ္လုပြဲက အရွံဳးဟာ ဒီေႏြမွာ ဆန္ခ်ိဳ ကို ေခၚျဖစ္ေအာင္ ေခၚဖို႔ တြန္းအားျဖစ္ခဲ့ေၾကာင္း သိရပါတယ္။ ယူနိုက္တက္က ထို ရွံဳးပြဲအျပီးမွာ ေနာက္ေန႔ နံနက္ခင္းမွာ ခ်က္ခ်င္း အစည္းအေ၀း ေခၚျပီး အေျခအေန ဆိုးက ရုန္းထြက္ဖို႔ အစီအမံမ်ား ခ်ခဲ့တယ္လို႔ သိရပါတယ္။
အသက္ ၂၆ နွစ္ အရြယ္ ေပၚတူဂီသား ကြင္းလယ္သမားရဲ႕ လက္ရွိစာခ်ဳပ္က ၂၀၂၅ ထိ ရွိေသးေပမယ့္ ယူနိုက္တက္က ဖာနန္ဒက္စ္ကို လက္ရွိ လစာ တစ္ပတ္ လုပ္ခ ေပါင္ ၁သိန္းကေန နွစ္ဆတိုးကာ သက္တမ္းတိုး လိုေနတာပါ။
ယူနိုက္တက္ဟာ အေျပာင္းအေရႊ႕ ေနာက္ထပ္ ပစ္မွတ္ေတြ အျဖစ္ ၀က္စ္ဟမ္းမွ ဒီကလန္ ရိုက္စ္နဲ႕ အက္သလက္တီကိုမွ ထရစ္ပီယာ တို႔ကို ဆက္လက္ ခ်ိတ္ဆက္ေနေသာ္လည္း ဒီေႏြမွာ ေခၚယူနိုင္ဖို႔ အေျခအေန နည္းပါးေၾကာင္း တယ္လီဂရပ္ဖ္က သံုးသပ္ထားပါတယ္။
