မန်ချက်စတာယူနိုက်တက်ဟာ အက်စတွန်ဗီလာအသင်းမှ အသက် ၃၅ နှစ် အရွယ် ဂိုးသမား တွမ်ဟက်တန်ကို ပြောင်းရွှေ့ကြေး အလွတ်၊ နှစ်နှစ် စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ ယူနိုက်တက် အကယ်ဒမီမှာ လူငယ်ဘ၀ ကုန်ဆုံးဖူးတဲ့ ဟက်တန်ဟာ ၂၀၂၃ ထိ အိုးထရက်ဖို့ဒ်မှာ ပြန်ရှိတော့မှာ ဖြစ်ပါတယ်။
အသက် ၂၀ အရွယ် ချယ်ဆီးကွင်းလယ် လူငယ်လေး ဘီလီဂေးလ်မားဟာ လာမယ့် ဘောလုံးရာသီမှာ နောဝစ်ချ် အသင်းထံ အငှား သွားရောက် ကစားဖို့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။
စပါးတိုက်စစ်သမား ဆွန်ယောင်မင်ဟာ ကလပ်အသင်းက ခွင့်ပြုပေမယ့် တိုကျိုမှာ ကျင်းပမယ့် ၂၀၂၂ နွေရာသီ အိုလံပစ်ပြိုင်ပွဲမှာ တောင်ကိုရီးယား လက်ရွေးစင် အသင်းနဲ့ အတူ မပါဝင်တော့ဘဲ နှုတ်ထွက်လိုက်ပါတယ်။
အသက် ၃၃ နှစ် အရွယ် ယူနိုက်တက် ဝါရင့် ကွင်းလယ်ကစားသမား ဟွမ် မာတာ က ကလပ်အသင်းနဲ့ နောက်ထပ် တစ်နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပြီး ၂၀၂၂ နွေထိ ယူနိုက်တက်နဲ့ ဆက်ရှိနေတော့မှာပါ။
လီဗာပူး လူငယ်တိုက်စစ်မှူး လီရန် မီလာ ကို ဘေဆယ်လ် အသင်းက ပေါင် ၁.၃ သန်းနဲ့ ခေါ်ဖို့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။ ကနေဒါ လက်ရွေးစင် ကစားသမားဟာ လောလောဆယ် အမေရိကန်မှာ CONCACAF ဖလား ပြိုင်ပွဲ ပါဝင် ယှဉ်ပြိုင်နေတာ ဖြစ်လို့ ၎င်း ပြန်လာတာနဲ့ ဆေးစစ်မှု ခံယူကာ လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။
အီတလီက သတင်းတွေ အရ အာဆင်နယ်အသင်းဟာ ဆူဆိုအိုလို ကွင်းလယ် ကစားသမား လိုကတ်တယ်လီ အတွက် ယူရို သန်း ၄၀ နဲ့ ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ထားကြောင်း သိရပါတယ်။ ကစားသမားက ဂျူဗင်တပ်ထံ ပြောင်းဖို့ ပိုလိုလားပေမယ့် အာဆင်နယ်က အရေးသာနေပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ဟာ အက္စတြန္ဗီလာအသင္းမွ အသက္ ၃၅ နွစ္ အရြယ္ ဂိုးသမား တြမ္ဟက္တန္ကို ေျပာင္းေရႊ႕ေၾကး အလြတ္၊ နွစ္နွစ္ စာခ်ဳပ္နဲ႕ ေခၚယူလိုက္ပါတယ္။ ယူနုိက္တက္ အကယ္ဒမီမွာ လူငယ္ဘ၀ ကုန္ဆံုးဖူးတဲ့ ဟက္တန္ဟာ ၂၀၂၃ ထိ အိုးထရက္ဖို႔ဒ္မွာ ျပန္ရွိေတာ့မွာ ျဖစ္ပါတယ္။
အသက္ ၂၀ အရြယ္ ခ်ယ္ဆီးကြင္းလယ္ လူငယ္ေလး ဘီလီေဂးလ္မားဟာ လာမယ့္ ေဘာလံုးရာသီမွာ ေနာ၀စ္ခ်္ အသင္းထံ အငွား သြားေရာက္ ကစားဖို႔ သေဘာတူညီမႈ ရသြားခဲ့ျပီ ျဖစ္ပါတယ္။
စပါးတိုက္စစ္သမား ဆြန္ေယာင္မင္ဟာ ကလပ္အသင္းက ခြင့္ျပဳေပမယ့္ တိုက်ိဳမွာ က်င္းပမယ့္ ၂၀၂၂ ေႏြရာသီ အိုလံပစ္ျပိဳင္ပြဲမွာ ေတာင္ကိုရီးယား လက္ေရြးစင္ အသင္းနဲ႕ အတူ မပါ၀င္ေတာ့ဘဲ ႏႈတ္ထြက္လိုက္ပါတယ္။
အသက္ ၃၃ နွစ္ အရြယ္ ယူနိုက္တက္ ၀ါရင့္ ကြင္းလယ္ကစားသမား ဟြမ္ မာတာ က ကလပ္အသင္းနဲ႕ ေနာက္ထပ္ တစ္နွစ္ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ျပီး ၂၀၂၂ ေႏြထိ ယူနိုက္တက္နဲ႕ ဆက္ရွိေနေတာ့မွာပါ။
လီဗာပူး လူငယ္တိုက္စစ္မွဴး လီရန္ မီလာ ကို ေဘဆယ္လ္ အသင္းက ေပါင္ ၁.၃ သန္းနဲ႕ ေခၚဖို႔ သေဘာတူညီမႈ ရသြားခဲ့ျပီ ျဖစ္ပါတယ္။ ကေနဒါ လက္ေရြးစင္ ကစားသမားဟာ ေလာေလာဆယ္ အေမရိကန္မွာ CONCACAF ဖလား ျပိဳင္ပြဲ ပါ၀င္ ယွဥ္ျပိဳင္ေနတာ ျဖစ္လို႔ ၄င္း ျပန္လာတာနဲ႕ ေဆးစစ္မႈ ခံယူကာ လက္မွတ္ထိုးမွာ ျဖစ္ပါတယ္။
အီတလီက သတင္းေတြ အရ အာဆင္နယ္အသငး္ဟာ ဆူဆိုအိုလို ကြင္းလယ္ ကစားသမား လိုကတ္တယ္လီ အတြက္ ယူရို သန္း ၄၀ နဲ႕ ကမ္းလွမ္းမႈ တစ္ရပ္ ျပဳလုပ္ထားေၾကာင္း သိရပါတယ္။ ကစားသမားက ဂ်ဴဗင္တပ္ထံ ေျပာင္းဖို႔ ပိုလိုလားေပမယ့္ အာဆင္နယ္က အေရးသာေနပါတယ္။
