ဘယ်လ်ဂျီယံကို နိုင်တဲ့ပွဲမှာ အီတလီကွင်းလယ်ကနေ ထိပ်တန်းအဆင့် ခြေစွမ်းပြသွားပြန်တဲ့ ဂျော်ဂျင်ဟို

ချယ်ဆီးကြယ်ပွင့် ဂျော်ဂျင်ဟိုကတော့ ယူရို ၂၀၂၀ ကွာတားဖိုင်နယ် ဘယ်လ်ဂျီယံကို နိုင်တဲ့ ပွဲမှာ အီတလီ ကွင်းလယ်ကနေ ထိပ်တန်းအဆင့် ရှိတဲ့ ခြေစွမ်းမျိုးကို ပြသသွားပြန်ပါတယ်။ ဘာရယ်လာနဲ့ လိုရန်ဇို တို့ သွင်းဂိုးတွေနဲ့ အီတလီဟာ ဘယ်လ်ဂျီယံအသင်းကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် ရောက်ရှိသွားပါတယ်။

လက်ရှိ ကမ္ဘာ့ နံပါတ် ၁ အသင်း ဖြစ်တဲ့ ဘယ်လ်ဂျီယံက ဒီနှစ်ထဲမှာ ရှုံးပွဲ မရှိသေးပေမယ့် ယူရို ကွာတားမှာ အီတလီရဲ့ ဖြုတ်ချခြင်း ခံလိုက်ရပါတယ်။ မန်စီနီရဲ့ အသင်းမှာ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့ကြသူ များခဲ့ပေမယ့် ဂျော်ဂျင်ဟိုရဲ့ အရေးပါတဲ့ ခြေစွမ်းတွေကို မေ့ထားလို့ မရပါဘူး။

ချယ်ဆီး ကွင်းလယ်သမားဟာ ဒီတလောနှစ်တွေ အတွင်း ဝေဖန်မှုတွေ များစွာ ခံခဲ့ရပေမယ့် သူ့ အလုပ် သူ အာရုံစိုက်ကာ စွမ်းဆောင်ရည်နဲ့ သက်သေပြနေပါတယ်။ အသက် ၂၉ နှစ် အရွယ် အီတလီသားဟာ ညက ပွဲမှာ ဘောလုံး ပေးပို့မှု မပြီးမြောက်တာ တစ်ကြိမ်သာ ရှိခဲ့ပါတယ်။

ဘယ်လ်ဂျီယံနဲ့ ပွဲ အတွင်း ဂျော်ဂျင်ဟိုရဲ့ ဘောလုံး ပေးပို့မှု ၇၁ ကြိမ် ရှိခဲ့ပြီး အကြိမ် ၇၀ အောင်မြင်ခဲ့ပါတယ်။ ဒါက ၎င်းရဲ့ ဘောလုံးပေး တိကျမှုနှုန်း ၉၉% လောက် ရှိနေပြီး ကမ္ဘာ့ နံပါတ် ၁ အသင်းကို ရင်ဆိုင်ခဲ့ရာမှာ လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံနဲ့ ပွဲက ဂျော်ဂျင်ဟိုရဲ့ အထင်ကြီးဖွယ် စွမ်းဆောင်ထားတဲ့ အချက်အလက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • 85 touches
  • 70 completed passes (98.6%)
  • 1 key pass
  • 4/4 long balls
  • 5/9 ground duels
  • 3 interceptions
  • 2 clearances
  • 1 blocked shot
  • 3 fouls earned

ဂျော်ဂျင်ဟို ကို အီတလီအသင်းဖော် လိုရန်ဇိုက ဘလွန်းဒီအော ဆန်ကာတင် စာရင်းမှာ ပါဝင်သင့်ကြောင်း ကွာတားပွဲ မတိုင်ခင်တည်းက ချီးကျူး ထောက်ခံထားပြီး ချယ်ဆီးနဲ့ အတူ ဥရောပ ချန်ပီယံ ဖြစ်ထားတဲ့ ဂျော်ဂျင်ဟို ဟာ ယူရိုမှာ အီတလီနဲ့ ထပ် အောင်မြင်ရင် အခြေအနေကောင်းတွေ ရှိလာနိုင်ပါတယ်။

အီတလီအသင်းဟာ အင်္ဂါနေ့ ဝင်ဘာလေကွင်းမှာ စပိန်အသင်းနဲ့ ဆီမီးဖိုင်နယ် ပွဲ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး ဂျော်ဂျင်ဟိုက ချယ်ဆီးအသင်းဖော် ကွီတာကို ပြိုင်ဘက် အဖြစ် ပြန်တွေ့ရမှာပါ။

Zawgyi – ခ်ယ္ဆီးၾကယ္ပြင့္ ေဂ်ာ္ဂ်င္ဟိုကေတာ့ ယူရို ၂၀၂၀ ကြာတားဖိုင္နယ္ ဘယ္လ္ဂ်ီယံကို နုိင္တဲ့ ပြဲမွာ အီတလီ ကြင္းလယ္ကေန ထိပ္တန္းအဆင့္ ရွိတဲ့ ေျခစြမ္းမ်ိဳးကို ျပသသြားျပန္ပါတယ္။ ဘာရယ္လာနဲ႕ လိုရန္ဇို တို႔ သြင္းဂိုးေတြနဲ႕ အီတလီဟာ ဘယ္လ္ဂ်ီယံအသင္းကို အနုိင္ယူျပီး ဆီမီးဖိုင္နယ္ ေရာက္ရွိသြားပါတယ္။

လက္ရွိ ကမၻာ့ နံပါတ္ ၁ အသင္း ျဖစ္တဲ့ ဘယ္လ္ဂ်ီယံက ဒီနွစ္ထဲမွာ ရွံဳးပြဲ မရွိေသးေပမယ့္ ယူရို ကြာတားမွာ အီတလီရဲ႕ ျဖဳတ္ခ်ျခင္း ခံလိုက္ရပါတယ္။ မန္စီနီရဲ႕ အသင္းမွာ ထူးခၽြန္တဲ့ စြမ္းေဆာင္ရည္ေတြ ျပသခဲ့ၾကသူ မ်ားခဲ့ေပမယ့္ ေဂ်ာ္ဂ်င္ဟိုရဲ႕ အေရးပါတဲ့ ေျခစြမ္းေတြကို ေမ့ထားလို႔ မရပါဘူး။

ခ်ယ္ဆီး ကြင္းလယ္သမားဟာ ဒီတေလာနွစ္ေတြ အတြင္း ေ၀ဖန္မႈေတြ မ်ားစြာ ခံခဲ့ရေပမယ့္ သူ႔ အလုပ္ သူ အာရံုစိုက္ကာ စြမ္းေဆာင္ရည္နဲ႕ သက္ေသျပေနပါတယ္။ အသက္ ၂၉ နွစ္ အရြယ္ အီတလီသားဟာ ညက ပြဲမွာ ေဘာလံုး ေပးပို႔မႈ မျပီးေျမာက္တာ တစ္ၾကိမ္သာ ရွိခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံနဲ႕ ပြဲ အတြင္း ေဂ်ာ္ဂ်င္ဟိုရဲ႕ ေဘာလံုး ေပးပို႔မႈ ၇၁ ၾကိမ္ ရွိခဲ့ျပီး အၾကိမ္ ၇၀ ေအာင္ျမင္ခဲ့ပါတယ္။ ဒါက ၄င္းရဲ႕ ေဘာလံုးေပး တိက်မႈႏႈန္း ၉၉% ေလာက္ ရွိေနျပီး ကမၻာ့ နံပါတ္ ၁ အသင္းကို ရင္ဆိုင္ခဲ့ရာမွာ လုပ္နုိင္ခဲ့တာ ျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံနဲ႕ ပြဲက ေဂ်ာ္ဂ်င္ဟိုရဲ႕ အထင္ၾကီးဖြယ္ စြမ္းေဆာင္ထားတဲ့ အခ်က္အလက္ေတြက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

  • 85 touches
  • 70 completed passes (98.6%)
  • 1 key pass
  • 4/4 long balls
  • 5/9 ground duels
  • 3 interceptions
  • 2 clearances
  • 1 blocked shot
  • 3 fouls earned

ေဂ်ာ္ဂ်င္ဟို ကို အီတလီအသင္းေဖာ္ လိုရန္ဇိုက ဘလြန္းဒီေအာ ဆန္ကာတင္ စာရင္းမွာ ပါ၀င္သင့္ေၾကာင္း ကြာတားပြဲ မတိုင္ခင္တည္းက ခ်ီးက်ဴး ေထာက္ခံထားျပီး ခ်ယ္ဆီးနဲ႕ အတူ ဥေရာပ ခ်န္ပီယံ ျဖစ္ထားတဲ့ ေဂ်ာ္ဂ်င္ဟို ဟာ ယူရိုမွာ အီတလီနဲ႕ ထပ္ ေအာင္ျမင္ရင္ အေျခအေနေကာင္းေတြ ရွိလာနုိင္ပါတယ္။

အီတလီအသင္းဟာ အဂၤါေန႔ ၀င္ဘာေလကြင္းမွာ စပိန္အသင္းနဲ႕ ဆီမီးဖိုင္နယ္ ပြဲ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ျပီး ေဂ်ာ္ဂ်င္ဟိုက ခ်ယ္ဆီးအသင္းေဖာ္ ကြီတာကို ျပိဳင္ဘက္ အျဖစ္ ျပန္ေတြ႔ရမွာပါ။