ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းဟာ ၎င်းတို့ရဲ့ နွေအဓိကပစ်မှတ်ဖြစ်သူ ဟာလန်းကို ခေါ်ယူနိုင်ရေးအတွက် အသင်းသား (၃) ဦးကို ရောင်းထုတ်ခြင်းဖြင့် ငွေရှာမယ်လို့ လန်ဒန်အခြေစိုက် သတင်းဌာနက ဖော်ပြပါတယ်။
အီတလီကလပ် အေစီမီလန်က ချယ်ဆီးတိုက်စစ်မှူး ဂျီရူးကို ခေါ်ယူဖို့ သဘောတူညီမှု ရထားပြီဖြစ်တယ်။ အေစီမီလန်ဘက်က ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁ သန်းအပြင် ထပ်တိုး ပြောင်းရွှေ့ကြေး ယူရို ၁ သန်း ပေးချေရမှာဖြစ်ကာ လာမယ့်အပတ်မှာ အီတလီကို ဂျီရူး ထွက်ခွာသွားဖွယ် ရှိနေပါတယ်။
အေစီမီလန်ဘက်ကပဲ ချယ်ဆီးအသင်းသားတွေဖြစ်တဲ့ ဇီယက်၊ ဘာကာယိုကိုတို့ကို ထပ်မံ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်။ အဆိုပါ ကစားသမား နှစ်ဦးဟာ ချယ်ဆီးဘက်က ရောင်းထုတ်လိုသူတွေ ဖြစ်ပေမယ့် အခုချိန်ထိ တရားဝင် ကမ်းလှမ်းမှုတွေတော့ လက်ခံရခြင်း မရှိသေးပါဘူး။
ဒါ့အပြင် ဒီနွေမှာ တိုက်စစ်မှူး အေဘရာဟမ်ကို ရောင်းထုတ်ပြီး အသုံးစရိတ် ရှာဖွေဖို့ ချယ်ဆီးဘက်က မျှော်လင့်ထားတယ်။ အေဘရာဟမ်အတွက် ချယ်ဆီးဘက်က ပေါင် သန်း ၄၀ လောက်ရှိမယ့် ကမ်းလှမ်းမှုမျိုး ရမယ်လို့ ယုံကြည်နေပါတယ်။
ဥရောပချန်ပီယံတွေဟာ မနှစ်တုန်းကလည်း မြင့်မားတဲ့ အသုံးစရိတ်တွေ ထုတ်ထားပေမယ့် ဟာလန်းကို ခေါ်ယူခဲ့ပြီးရင် ဆုဖလားတွေကို ထပ်မံ စိန်ခေါ်ဖို့ တောင့်တင်းတဲ့ တိုက်စစ်ပိုင်းကို ပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်နေတယ်။
ကလပ်ဘက်က အသင်းကို အကောင်းဆုံး ဦးဆောင်ပေးထားတဲ့ မန်နေဂျာတူချယ်အတွက် သူ့စိတ်ကြိုက် တိုက်စစ်သမား ခေါ်ယူပေးဖို့လည်း စိတ်အားထက်သန်နေဆဲဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ကလပ္ ခ်ယ္ဆီးအသင္းဟာ ၄င္းတို႔ရဲ႕ ေႏြအဓိကပစ္မွတ္ျဖစ္သူ ဟာလန္းကို ေခၚယူႏုိင္ေရးအတြက္ အသင္းသား (၃) ဦးကို ေရာင္းထုတ္ျခင္းျဖင့္ ေငြရွာမယ္လို႔ လန္ဒန္အေျခစိုက္ သတင္းဌာနက ေဖာ္ျပပါတယ္။
အီတလီကလပ္ ေအစီမီလန္က ခ်ယ္ဆီးတိုက္စစ္မွဴး ဂ်ီရူးကို ေခၚယူဖို႔ သေဘာတူညီမႈ ရထားျပီျဖစ္တယ္။ ေအစီမီလန္ဘက္က ကနဦး ေျပာင္းေရႊ႔ေၾကး ယူရို ၁ သန္းအျပင္ ထပ္တိုး ေျပာင္းေရႊ႔ေၾကး ယူရို ၁ သန္း ေပးေခ်ရမွာျဖစ္ကာ လာမယ့္အပတ္မွာ အီတလီကို ဂ်ီရူး ထြက္ခြာသြားဖြယ္ ရွိေနပါတယ္။
ေအစီမီလန္ဘက္ကပဲ ခ်ယ္ဆီးအသင္းသားေတြျဖစ္တဲ့ ဇီယက္၊ ဘာကာယိုကိုတို႔ကို ထပ္မံ ေခၚယူႏုိင္ဖို႔ ေမွ်ာ္လင့္ေနတယ္။ အဆိုပါ ကစားသမား ႏွစ္ဦးဟာ ခ်ယ္ဆီးဘက္က ေရာင္းထုတ္လိုသူေတြ ျဖစ္ေပမယ့္ အခုခ်ိန္ထိ တရားဝင္ ကမ္းလွမ္းမႈေတြေတာ့ လက္ခံရျခင္း မရွိေသးပါဘူး။
ဒါ့အျပင္ ဒီေႏြမွာ တိုက္စစ္မွဴး ေအဘရာဟမ္ကို ေရာင္းထုတ္ျပီး အသံုးစရိတ္ ရွာေဖြဖို႔ ခ်ယ္ဆီးဘက္က ေမွ်ာ္လင့္ထားတယ္။ ေအဘရာဟမ္အတြက္ ခ်ယ္ဆီးဘက္က ေပါင္ သန္း ၄၀ ေလာက္ရွိမယ့္ ကမ္းလွမ္းမႈမ်ိဳး ရမယ္လို႔ ယံုၾကည္ေနပါတယ္။
ဥေရာပခ်န္ပီယံေတြဟာ မႏွစ္တုန္းကလည္း ျမင့္မားတဲ့ အသံုးစရိတ္ေတြ ထုတ္ထားေပမယ့္ ဟာလန္းကို ေခၚယူခဲ့ျပီးရင္ ဆုဖလားေတြကို ထပ္မံ စိန္ေခၚဖို႔ ေတာင့္တင္းတဲ့ တိုက္စစ္ပိုင္းကို ပိုင္ဆိုင္ႏုိင္မယ္လို႔ ယံုၾကည္ေနတယ္။
ကလပ္ဘက္က အသင္းကို အေကာင္းဆံုး ဦးေဆာင္ေပးထားတဲ့ မန္ေနဂ်ာတူခ်ယ္အတြက္ သူ႔စိတ္ၾကိဳက္ တိုက္စစ္သမား ေခၚယူေပးဖို႔လည္း စိတ္အားထက္သန္ေနဆဲျဖစ္ပါတယ္။
