ဒီတစ်ပတ် အတွင်း မီလန်ပြောင်းတော့မယ့် ဂျီရူး
BBC နဲ့ အခြားသတင်းတွေ ဖော်ပြချက်အရ ချယ်ဆီး တိုက်စစ်မှူး ဂျီရူးဟာ သောကြာနေ့မှာ အေစီမီလန်နဲ့ ၂နှစ် သဘောတူ စာချုပ် ချုပ်ဆိုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရာသီကြို ပွဲဦးထွက် ခြေစမ်းပွဲ
ချယ်ဆီးအသင်းဟာ ရာသီကြိုကာလ ပထမဆုံး ခြေစမ်းပွဲ အဖြစ် ချန်ပီယံရှစ် ကလပ် ပီတာဘရော့နဲ့ စနေနေ့မှာ အသင်းရဲ့ ကော့ဘ်ဟမ်း ထရိန်နင် ကွင်းမှာပဲ ယှဉ်ပြိုင် ကစားဖို့ စီစဉ်ထားပါတယ်။ ပွဲက ကွင်းပိတ် ခြေစမ်းပွဲ ဖြစ်ပြီး ရုပ်သံထုတ်လွှင့်မှုနဲ့ ပရိသတ် ဝင်ခွင့် ရရှိမှာ မဟုတ်ပါဘူး။
ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းမှာ ပါတဲ့ ဂျော်ဂျင်ဟို
ချယ်ဆီး ဒုတိယ အသင်းခေါင်းဆောင် ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟိုဟာ ယူရို ၂၀၂၀ မှာ ဗိုလ်စွဲသွားတဲ့ အီတလီ အသင်းနဲ့ အတူ ထူးချွန်စွာ ခြေစွမ်းပြခဲ့တဲ့နောက် ပြိုင်ပွဲ အကောင်းဆုံး ၁၁ ယောက် အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။
ဟာလန်းကို ခေါ်ဖို့ ကစားသမား ၃ ယောက် ထုတ်ရောင်းမည်
ချယ်ဆီးအသင်းဟာ ဟာလန်းကို ပြောင်းရွှေ့ကြေး များစွာ သုံး ခေါ်ယူမှ ရမှာ ဖြစ်တာကြောင့် စီနီယာ အသင်းမှ ဇီယက်၊ အေဗရာဟမ်နဲ့ အိုဒွိုင်းတို့ကို ရောင်းချဖွယ် ရှိနေကြောင်း ဂျာမန်သတင်းတွေက ဖော်ပြထားပါတယ်။

Zawgyi
ဒီတစ္ပတ္ အတြင္း မီလန္ေျပာင္းေတာ့မယ့္ ဂ်ီရူး
BBC နဲ႕ အျခားသတင္းေတြ ေဖာ္ျပခ်က္အရ ခ်ယ္ဆီး တိုက္စစ္မွဴး ဂ်ီရူးဟာ ေသာၾကာေန႔မွာ ေအစီမီလန္နဲ႕ ၂နွစ္ သေဘာတူ စာခ်ဳပ္ ခ်ဳပ္ဆိုေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။
ရာသီၾကိဳ ပြဲဦးထြက္ ေျခစမ္းပြဲ
ခ်ယ္ဆီးအသင္းဟာ ရာသီၾကိဳကာလ ပထမဆံုး ေျခစမ္းပြဲ အျဖစ္ ခ်န္ပီယံရွစ္ ကလပ္ ပီတာဘေရာ့နဲ႕ စေနေန႔မွာ အသင္းရဲ႕ ေကာ့ဘ္ဟမ္း ထရိန္နင္ ကြင္းမွာပဲ ယွဥ္ျပိဳင္ ကစားဖို႔ စီစဥ္ထားပါတယ္။ ပြဲက ကြင္းပိတ္ ေျခစမ္းပြဲ ျဖစ္ျပီး ရုပ္သံထုတ္လႊင့္မႈနဲ႕ ပရိသတ္ ၀င္ခြင့္ ရရွိမွာ မဟုတ္ပါဘူး။
ယူရို ၂၀၂၀ ျပိဳင္ပြဲရဲ႕ အေကာင္းဆံုး အသင္းမွာ ပါတဲ့ ေဂ်ာ္ဂ်င္ဟို
ခ်ယ္ဆီး ဒုတိယ အသင္းေခါင္းေဆာင္ ကြင္းလယ္ ကစားသမား ေဂ်ာ္ဂ်င္ဟိုဟာ ယူရို ၂၀၂၀ မွာ ဗုိလ္စြဲသြားတဲ့ အီတလီ အသင္းနဲ႕ အတူ ထူးခၽြန္စြာ ေျခစြမ္းျပခဲ့တဲ့ေနာက္ ျပိဳင္ပြဲ အေကာင္းဆံုး ၁၁ ေယာက္ အသင္းမွာ ေရြးခ်ယ္ခံခဲ့ရပါတယ္။
ဟာလန္းကို ေခၚဖို႔ ကစားသမား ၃ ေယာက္ ထုတ္ေရာင္းမည္
ခ်ယ္ဆီးအသင္းဟာ ဟာလန္းကို ေျပာင္းေရႊ႕ေၾကး မ်ားစြာ သံုး ေခၚယူမွ ရမွာ ျဖစ္တာေၾကာင့္ စီနီယာ အသင္းမွ ဇီယက္၊ ေအဗရာဟမ္နဲ႕ အိုဒြိဳင္းတို႔ကို ေရာင္းခ်ဖြယ္ ရွိေနေၾကာင္း ဂ်ာမန္သတင္းေတြက ေဖာ္ျပထားပါတယ္။
