လူမျိုးရေးခွဲခြားမှုတွေ အပေါ် ဆောက်ဂိတ် ပြစ်တင်
မားကပ် ရက်ဖို့ဒ်၊ ဂျေဒန် ဆန်ချို၊ ဘူကာယို ဆာကာ စတဲ့ အင်္ဂလန် အသင်းသားတွေဟာ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် လူမှုကွန်ယက်မှာ ဝိုင်းဝန်း ပြစ်တင် ဖိနှိပ်ပြောဆိုခံနေရပါတယ်။
ထိုဖြစ်ရပ်တွေ အပေါ် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ” ကျနော်တို့ ကစားသမား တချို့ အနိုင်ကျင့် ပြောဆိုခံနေရတယ် ဆိုတာက လုံး၀ ခွင့်မလွှတ်နိုင်စရာပဲ။ ဒါက ကျနော်တို့ ရပ်တည်နေတာနဲ့ တခြားစီပဲ။ ကျနော်တို့က အသင်းလိုက် ပြန်စုစည်းကြမှာပါ။ သူတို့နဲ့ အတူ ကျနော်တို့ ရှိနေတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီး ပြောင်းမယ့် လော်ရန် ဂျိမ်းစ်
မန်ချက်စတာယူနိုက်တက် အမျိုးသမီးအသင်းဟာ အသက် ၁၉ နှစ် အရွယ် တိုက်စစ်သမား လော်ရန် ဂျိမ်းစ်ကို ချယ်ဆီး အမျိုးသမီး အသင်းထံ ရောင်းချဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ လန်ဒန်ဖွား လော်ရန် ဂျိမ်းစ်ဟာ စတန်းဖို့ဘရစ်ချ်မှာ အစ်ကို ဖြစ်သူ ရီစီဂျိမ်းစ်လည်း ရှိနေပါတယ်။
ခရစ္စတီယန် ရိုမီယို အတွက် အကယ်ဒမီ လျော်ကြေးပေးလိုတဲ့ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်ဟာ အတ္တလန္တာရဲ့ လူငယ် ဗဟိုခံစစ်မှူး ခရစ္စတီယန် ရိုမီယို ကို ခေါ်ယူလိုနေပြီး ၎င်း အတွက် အကယ်ဒမီ လျော်ကြေး ယူရို ၄၅ သန်း ထိ ပေးချေဖို့ပါ လိုလားမှု ရှိနေပါတယ်။
သရဲနီတွေဟာ ဒီနွေမှာ ဗဟိုခံစစ် နှစ်ဦးထိ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ဟာ ဂျူဗင်တပ် ပိုင်ဆိုင်ထားတဲ့ ရိုမီယို က အာဂျင်တီးနားနဲ့ အတူ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အစွမ်းပြခဲ့တာကြောင့် မျက်စိကျနေတာ ဖြစ်ပါတယ်။

Zawgyi
လူမ်ိဳးေရးခြဲျခားမႈေတြ အေပၚ ေဆာက္ဂိတ္ ျပစ္တင္
မားကပ္ ရက္ဖို႔ဒ္၊ ေဂ်ဒန္ ဆန္ခ်ိဳ၊ ဘူကာယို ဆာကာ စတဲ့ အဂၤလန္ အသင္းသားေတြဟာ ယူရို ၂၀၂၀ ဗိုလ္လုပြဲမွာ ပင္နယ္တီ လြဲေခ်ာ္ခဲ့တာေၾကာင့္ လူမႈကြန္ယက္မွာ ၀ိုင္း၀န္း ျပစ္တင္ ဖိနွိပ္ေျပာဆိုခံေနရပါတယ္။
ထိုျဖစ္ရပ္ေတြ အေပၚ အဂၤလန္နည္းျပ ေဆာက္ဂိတ္က ” က်ေနာ္တို႔ ကစားသမား တခ်ိဳ႕ အနုိင္က်င့္ ေျပာဆိုခံေနရတယ္ ဆိုတာက လံုး၀ ခြင့္မလႊတ္နုိင္စရာပဲ။ ဒါက က်ေနာ္တို႔ ရပ္တည္ေနတာနဲ႕ တျခားစီပဲ။ က်ေနာ္တုိ႔က အသင္းလိုက္ ျပန္စုစည္းၾကမွာပါ။ သူတုိ႔နဲ႕ အတူ က်ေနာ္တို႔ ရွိေနတယ္။ ” လို႔ ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီး ေျပာင္းမယ့္ ေလာ္ရန္ ဂ်ိမ္းစ္
မန္ခ်က္စတာယူနိုက္တက္ အမ်ိဳးသမီးအသင္းဟာ အသက္ ၁၉ နွစ္ အရြယ္ တိုက္စစ္သမား ေလာ္ရန္ ဂ်ိမ္းစ္ကို ခ်ယ္ဆီး အမ်ိဳးသမီး အသင္းထံ ေရာင္းခ်ဖို႔ သေဘာတူလိုက္ျပီ ျဖစ္ပါတယ္။ လန္ဒန္ဖြား ေလာ္ရန္ ဂ်ိမ္းစ္ဟာ စတန္းဖို႔ဘရစ္ခ်္မွာ အစ္ကုိ ျဖစ္သူ ရီစီဂ်ိမ္းစ္လည္း ရွိေနပါတယ္။
ခရစၥတီယန္ ရိုမီယို အတြက္ အကယ္ဒမီ ေလ်ာ္ေၾကးေပးလိုတဲ့ ယူနိုက္တက္
မန္ခ်က္စတာ ယူနိုက္တက္ဟာ အတၱလႏၱာရဲ႕ လူငယ္ ဗဟိုခံစစ္မွဴး ခရစၥတီယန္ ရိုမီယို ကို ေခၚယူလိုေနျပီး ၄င္း အတြက္ အကယ္ဒမီ ေလ်ာ္ေၾကး ယူရို ၄၅ သန္း ထိ ေပးေခ်ဖို႔ပါ လိုလားမႈ ရွိေနပါတယ္။
သရဲနီေတြဟာ ဒီေႏြမွာ ဗဟိုခံစစ္ နွစ္ဦးထိ ေခၚယူနိုင္ဖြယ္ ရွိေနပါတယ္။ ယူနိုက္တက္ဟာ ဂ်ဴဗင္တပ္ ပိုင္ဆိုင္ထားတဲ့ ရိုမီယို က အာဂ်င္တီးနားနဲ႕ အတူ ကိုပါအေမရိကဖလားျပိဳင္ပြဲမွာ အစြမ္းျပခဲ့တာေၾကာင့္ မ်က္စိက်ေနတာ ျဖစ္ပါတယ္။
