ယနေ့ညပိုင်း နောက်ဆုံးရ ချယ်ဆီး အပြောင်းအရွှေ့သတင်းတိုများ (20/07/21)

ဟာလန်းအတွက် သွေးတိုးစမ်းမယ့် ပေါင် သန်း ၁၅၀

နော်ဝေသတင်းထောက် Jan Aage Fjortoft အဆိုအရတော့ ချယ်ဆီးအသင်းဟာ ဟာလန်းကို မရောင်းဘူး တင်းခံနေတဲ့ ဒေါ့မွန်အသင်းထံ ပေါင်သန်း ၁၅၀ နဲ့ သွေးတိုးစမ်း ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ဦးမယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒေါ့မွန်ကလည်း ပယ်ချဖွယ်သာ ရှိနေတာကြောင့် နောက်နှစ်နွေမှသာ ပေါင် ၇၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ များနေပါတယ်။

ထရာအိုရေးကို ဆက်လက် စိတ်ဝင်စားနေခြင်း

တေ်ာတော် ယုံကြည်ရတဲ့ သတင်းရင်းမြစ် ဖြစ်တဲ့ The Athletic အဆိုအရတော့ ချယ်ဆီးအသင်းဟာ ဝုဗ် တိုက်စစ်သမား ထရာအိုရေးကို ကာလရှည် စောင့်ကြည့်နေပါတယ်။ ညာတောင်ပံတိုက်စစ်ရော ခံစစ်ပါ ကစားနိုင်တဲ့ ထရာအိုရေး နေရာက ချယ်ဆီးအတွက် အရေးကြီး ဦးစားပေးတော့ မဟုတ်တာကြောင့် ကွင်းလယ်နဲ့ တိုက်စစ်မှူး တစ်ဦးစီကိုတော့ အရင် ခေါ်ယူဖွယ် ရှိပါတယ်။

ဆော ကို အလိုရှိတဲ့ကလပ်တွေထဲ ပါဝင်လာခြင်း

ချယ်ဆီးအသင်းဟာ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်ကစားသမား ဆော နီဂွက်ဇ် ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ ပါဝင်လာပါတယ်။ ဒါပေမယ့် အသက် ၂၆ နှစ် အရွယ် ကစားသမားကို ရဖို့ ဘာစီလိုနာက ရေပန်းစားနေဆဲပါ။

ဝက်စ်ဟမ်း ဒါမှမဟုတ် အာဆင်နယ်ကို သွားဖွယ်ရှိတဲ့ အေဗရာဟမ်

ချယ်ဆီးတိုက်စစ်မှူး တမ်မီ အေဗရာဟမ်ဟာ အသင်းမှာ ပွဲကစားခွင့် နည်းပါးနေတာကြောင့် နောက်ရာသီ ဆက်ရှိနေဖို့ အခွင့်အရေး နည်းနေပြီး လန်ဒန်မြို့ခံ အသင်းတွေ ဖြစ်တဲ့ ဝက်စ်ဟမ်း ဒါမှမဟုတ် အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ဖို့ များကြောင်း သတင်းထွက်နေပါတယ်။

Zawgyi

ဟာလန္းအတြက္ ေသြးတိုးစမ္းမယ့္ ေပါင္ သန္း ၁၅၀

ေနာ္ေ၀သတင္းေထာက္ Jan Aage Fjortoft အဆိုအရေတာ့ ခ်ယ္ဆီးအသင္းဟာ ဟာလန္းကို မေရာင္းဘူး တင္းခံေနတဲ့ ေဒါ့မြန္အသင္းထံ ေပါင္သန္း ၁၅၀ နဲ႕ ေသြးတိုးစမ္း ကမ္းလွမ္းမႈ တစ္ရပ္ ျပဳလုပ္ဦးမယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ေဒါ့မြန္ကလည္း ပယ္ခ်ဖြယ္သာ ရွိေနတာေၾကာင့္ ေနာက္နွစ္ေႏြမွသာ ေပါင္ ၇၅ သန္းနဲ႕ ေခၚယူနိုင္ဖို႔ မ်ားေနပါတယ္။

ထရာအိုေရးကို ဆက္လက္ စိတ္၀င္စားေနျခင္း

ေတ္ာေတာ္ ယံုၾကည္ရတဲ့ သတင္းရင္းျမစ္ ျဖစ္တဲ့ The Athletic အဆိုအရေတာ့ ခ်ယ္ဆီးအသင္းဟာ ၀ုဗ္ တိုက္စစ္သမား ထရာအိုေရးကို ကာလရွည္ ေစာင့္ၾကည့္ေနပါတယ္။ ညာေတာင္ပံတိုက္စစ္ေရာ ခံစစ္ပါ ကစားနိုင္တဲ့ ထရာအိုေရး ေနရာက ခ်ယ္ဆီးအတြက္ အေရးၾကီး ဦးစားေပးေတာ့ မဟုတ္တာေၾကာင့္ ကြင္းလယ္နဲ႕ တိုက္စစ္မွဴး တစ္ဦးစီကိုေတာ့ အရင္ ေခၚယူဖြယ္ ရွိပါတယ္။

ေဆာ ကို အလိုရွိတဲ့ကလပ္ေတြထဲ ပါ၀င္လာျခင္း

ခ်ယ္ဆီးအသင္းဟာ အက္သလက္တီကို မက္ဒရစ္ ကြင္းလယ္ကစားသမား ေဆာ နီဂြက္ဇ္ ကို ေခၚယူလိုတ့ဲ အသင္းေတြထဲ ပါ၀င္လာပါတယ္။ ဒါေပမယ့္ အသက္ ၂၆ နွစ္ အရြယ္ ကစားသမားကို ရဖို႔ ဘာစီလိုနာက ေရပန္းစားေနဆဲပါ။

၀က္စ္ဟမ္း ဒါမွမဟုတ္ အာဆင္နယ္ကို သြားဖြယ္ရွိတဲ့ ေအဗရာဟမ္

ခ်ယ္ဆီးတိုက္စစ္မွဴး တမ္မီ ေအဗရာဟမ္ဟာ အသင္းမွာ ပြဲကစားခြင့္ နည္းပါးေနတာေၾကာင့္ ေနာက္ရာသီ ဆက္ရွိေနဖို႔ အခြင့္အေရး နည္းေနျပီး လန္ဒန္ျမိဳ႔ခံ အသင္းေတြ ျဖစ္တဲ့ ၀က္စ္ဟမ္း ဒါမွမဟုတ္ အာဆင္နယ္ အသင္းထံ ေျပာင္းေရႊ႕ဖို႔ မ်ားေၾကာင္း သတင္းထြက္ေနပါတယ္။