ဝက်စ်ဟမ်းအသင်းကတော့ ကွင်းလယ် ကစားသမား ဒီကလန်ရိုက်စ် အတွက် ကမ်းလှမ်းမှုတွေ ဒီနွေမှာ လက်ခံရရှိခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ ရိုက်စ်ကို ချိတ်ဆက်နေတဲ့ အသင်းတွေထဲမှာ ယူနိုက်တက်နဲ့ ချယ်ဆီး တို့ ပါဝင်ပေမယ့် ဒီတလောမှာ သတင်းတွေ ငြိမ်သက်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ခံစစ်မှူး ဗာရိန်းကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့ ပြောဆိုဆွေးနွေးနေဆဲ ဖြစ်ကြောင်း အင်္ဂလန် သတင်းတွေက ဆိုပါတယ်။ ပြင်သစ်သားဟာ ဒီနွေ ယူနိုက်တက်ရဲ့ အဓိက ခံစစ် ပစ်မှတ် ဖြစ်ပြီး ပြောင်းရွှေ့ကြေး ကိစ္စ ဆက်လက်ညှိနှိုင်းနေရဆဲပါ။

အဲဗာတန်အသင်းဟာ ကိုလံဘီယာ ပလေးမိတ်ကာ ကစားသမား ဂျိမ်းစ် ရိုဒရီဂွက်ဇ် ကို ဒီနွေမှာ ထွက်ခွာနိုင်ကြောင်း အသိပေးထားပြီလို့ သိရပါတယ်။ ၎င်းက စပိန်နဲ့ အီတလီဘက်သို့ ပြောင်းရွှေ့ဖွယ် ရှိပါတယ်။
လက်စတာအသင်းဟာ အာဆင်နယ် ကြယ်ပွင့် မစ်လန်းနိုင်းစ် ကို အလိုရှိတဲ့ ကလပ်အသင်းတွေထဲ ပါဝင်လာပါတယ်။ နိုင်းစ်ဟာ ပြီးခဲ့တဲ့ ရာသီက ဝက်စ်ဘရွန်းမှာ အငှားထွက် ကစားနေပြီး ဒီနွေမှာ ၎င်းကို လက်စတာ၊ ဘန်လေနဲ့ ဆောက်သမ်တန်တို့က အလိုရှိနေပါတယ်။
လိဒ်ယူနိုက်တက် အသင်းဟာ ချယ်ဆီး လူငယ် ကစားသမား လူးဝစ် ဘိတ်ကို ပေါင် ၁.၅ သန်းနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ဆယ်ကျော်သက် လူငယ်လေးဟာ လိဒ်နဲ့ သုံးနှစ် စာချုပ် ချုပ်ဆိုခဲ့တာပါ။
မန်စီးတီး တိုက်စစ်မှူး ရာဟင်း စတားလင်းကို လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်း က ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။
ချယ်ဆီးအသင်းဟာ ၎င်းတို့ရဲ့ တိုက်စစ်ကစားသမားဟောင်း ဟာဇက် ကို ရီးရဲလ်မက်ဒရစ်ထံမှ ပြန်ခေါ်ဖို့ မေးမြန်းနေကြောင်း စပိန် AS သတင်းဌာနက ဖော်ထုတ်ထားပါတယ်။

Zawgyi – ၀က္စ္ဟမ္းအသင္းကေတာ့ ကြင္းလယ္ ကစားသမား ဒီကလန္ရိုက္စ္ အတြက္ ကမ္းလွမ္းမႈေတြ ဒီေႏြမွာ လက္ခံရရွိျခင္း မရွိေသးဘူးလို႔ ဆိုပါတယ္။ ရိုက္စ္ကို ခ်ိတ္ဆက္ေနတဲ့ အသင္းေတြထဲမွာ ယူနိုက္တက္နဲ႕ ခ်ယ္ဆီး တို႔ ပါ၀င္ေပမယ့္ ဒီတေလာမွာ သတင္းေတြ ျငိမ္သက္ေနပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ဟာ ခံစစ္မွဴး ဗာရိန္းကို ေခၚယူဖို႔ ရီးရဲလ္မက္ဒရစ္နဲ႕ ေျပာဆိုေဆြးေႏြးေနဆဲ ျဖစ္ေၾကာင္း အဂၤလန္ သတင္းေတြက ဆိုပါတယ္။ ျပင္သစ္သားဟာ ဒီေႏြ ယူနိုက္တက္ရဲ႕ အဓိက ခံစစ္ ပစ္မွတ္ ျဖစ္ျပီး ေျပာင္းေရႊ႕ေၾကး ကိစၥ ဆက္လက္ညွိနိႈင္းေနရဆဲပါ။
အဲဗာတန္အသင္းဟာ ကိုလံဘီယာ ပေလးမိတ္ကာ ကစားသမား ဂ်ိမ္းစ္ ရိုဒရီဂြက္ဇ္ ကို ဒီေႏြမွာ ထြက္ခြာနုိင္ေၾကာင္း အသိေပးထားျပီလို႔ သိရပါတယ္။ ၄င္းက စပိန္နဲ႕ အီတလီဘက္သို႔ ေျပာင္းေရႊ႕ဖြယ္ ရွိပါတယ္။
လက္စတာအသင္းဟာ အာဆင္နယ္ ၾကယ္ပြင့္ မစ္လန္းနိုင္းစ္ ကို အလိုရွိတဲ့ ကလပ္အသင္းေတြထဲ ပါ၀င္လာပါတယ္။ နုိင္းစ္ဟာ ျပီးခဲ့တဲ့ ရာသီက ၀က္စ္ဘရြန္းမွာ အငွားထြက္ ကစားေနျပီး ဒီေႏြမွာ ၄င္းကို လက္စတာ၊ ဘန္ေလနဲ႕ ေဆာက္သမ္တန္တို႔က အလိုရွိေနပါတယ္။
လိဒ္ယူနိုက္တက္ အသင္းဟာ ခ်ယ္ဆီး လူငယ္ ကစားသမား လူး၀စ္ ဘိတ္ကို ေပါင္ ၁.၅ သန္းနဲ႕ ေခၚယူလိုက္ျပီ ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ လူငယ္ေလးဟာ လိဒ္နဲ႕ သံုးနွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာပါ။
မန္စီးတီး တိုက္စစ္မွဴး ရာဟင္း စတားလင္းကို လာလီဂါ ထိပ္သီး ဘာစီလိုနာ အသင္း က ဦးစားေပး ပစ္မွတ္အျဖစ္ သတ္မွတ္လိုက္ေၾကာင္း သိရပါတယ္။
ခ်ယ္ဆီးအသင္းဟာ ၄င္းတို႔ရဲ႕ တိုက္စစ္ကစားသမားေဟာင္း ဟာဇက္ ကို ရီးရဲလ္မက္ဒရစ္ထံမွ ျပန္ေခၚဖို႔ ေမးျမန္းေနေၾကာင္း စပိန္ AS သတင္းဌာနက ေဖာ္ထုတ္ထားပါတယ္။
