မန်ချက်စတာ ယူနိုက်တက်ဟာ ဒေါ့မွန်အသင်းထံမှ ဆန်ချို ကို ခေါ်ယူနိုင်လိုက်ပြီ ဖြစ်ကြောင်း ဒီနေ့ တရားဝင် မိတ်ဆက် ကြေငြာသွားခဲ့ပါတယ်။
သရဲနီသစ် ဆန်ချို က သူ့အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့ပြီလို့ နှုတ်ခွန်းဆက်သွားပြီး ငယ်ရွယ်အရည်အသွေးပြည့် စိတ်လှုပ်ရှားစရာ လူစာရင်းနဲ့ အတူ ဆုဖလားတွေ စိန်ခေါ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းက ကိန်းအတွက် မက်လောက်ဖွယ် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၆၀ နဲ့ ကမ်းလှမ်းရင် စပါးက ထွက်ခွာခွင့်ပေးမယ် သတင်းတွေ ထွက်လာပေမယ့် စပါးအသင်းကတော့ ကိန်းကို ဒီနွေမှာ ရောင်းချမှာ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုဆဲ ဖြစ်ကြောင်း လန်ဒန်အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။
ချယ်ဆီး ကစားသမားဟောင်း၊ ရိုးမား အသင်းသား ပက်ဒရို ကို စီးရီးအေကလပ် ဂျီနိုအာ အသင်းက ခေါ်ယူဖို့ စိတ်ဝင်စား ချိတ်ဆက်နေပါတယ်။ ရိုးမားနဲ့ ၂နှစ် စာချုပ် ကျန်သေးတဲ့ ပက်ဒရိုကို ဂျီနိုအာက အငှားနဲ့ ခေါ်လိုနေတာပါ။
ဘာစီလိုနာအသင်း ဥက္ကဌ လာပေါ်တာက ဒီနွေမှာ တိုက်စစ်မှူး ဂရစ်စမန်းကို ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေ ရှိနေကြောင်း အတည်ပြုသွားခဲ့ပါတယ်။ သတင်းတွေ အရ ဂရစ်စမန်းကို အက်သလက်တီကို မက်ဒရစ်နဲ့ မန်စီးတီးတို့က ချိတ်ဆက်နေကြပါတယ်။
စပါးတိုက်စစ်သမား ဆွန်ယောင်မင်က ၂၀၂၅ နွေထိ စပါးအသင်းနဲ့ အတူ ရှိနေစေမယ့် ၄နှစ် စာချုပ်သစ် တစ်ရပ် ဒီနေ့ လက်မှတ်ထိုးလိုက်ကြောင်း ကြေငြာသွားခဲ့ပါတယ်။
ဒီနွေမှာ လီဗာပူးကနေ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာသွားတဲ့ ကွင်းလယ် ကစားသမား ဝိုက်နယ်ဒန်က ပီအက်စ်ဂျီ ခေါ်ဖို့ ကြိုးစားနေတယ် သတင်းထွက်နေတဲ့ ပေါ့ဘာနဲ့ အသင်းတူတူ ကစားလိုကြောင်း ပြောဆိုလိုက်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ေဒါ့မြန္အသင္းထံမွ ဆန္ခ်ိဳ ကို ေခၚယူနုိင္လိုက္ျပီ ျဖစ္ေၾကာင္း ဒီေန႔ တရား၀င္ မိတ္ဆက္ ေၾကျငာသြားခဲ့ပါတယ္။
သရဲနီသစ္ ဆန္ခ်ိဳ က သူ႔အိပ္မက္ေတြ အမွန္တကယ္ ျဖစ္လာခဲ့ျပီလို႔ ႏႈတ္ခြန္းဆက္သြားျပီး ငယ္ရြယ္အရည္အေသြးျပည့္ စိတ္လႈပ္ရွားစရာ လူစာရင္းနဲ႕ အတူ ဆုဖလားေတြ စိန္ေခၚသြားမယ္လို႔ ေျပာဆိုခဲ့ပါတယ္။
မန္စီးတီးအသင္းက ကိန္းအတြက္ မက္ေလာက္ဖြယ္ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၁၆၀ နဲ႕ ကမ္းလွမ္းရင္ စပါးက ထြက္ခြာခြင့္ေပးမယ္ သတင္းေတြ ထြက္လာေပမယ့္ စပါးအသင္းကေတာ့ ကိန္းကို ဒီေႏြမွာ ေရာင္းခ်မွာ မဟုတ္ဘူးလို႔ အခိုင္အမာ ဆိုဆဲ ျဖစ္ေၾကာင္း လန္ဒန္အေျခစိုက္ သတင္းဌာနေတြက ဆိုပါတယ္။
ခ်ယ္ဆီး ကစားသမားေဟာင္း၊ ရိုးမား အသင္းသား ပက္ဒရို ကို စီးရီးေအကလပ္ ဂ်ီနိုအာ အသင္းက ေခၚယူဖို႔ စိတ္၀င္စား ခ်ိတ္ဆက္ေနပါတယ္။ ရိုးမားနဲ႕ ၂နွစ္ စာခ်ဳပ္ က်န္ေသးတဲ့ ပက္ဒရိုကို ဂ်ီနိုအာက အငွားနဲ႕ ေခၚလိုေနတာပါ။
ဘာစီလိုနာအသင္း ဥကၠဌ လာေပၚတာက ဒီေႏြမွာ တိုက္စစ္မွဴး ဂရစ္စမန္းကို ေခၚယူလိုတဲ့ ကလပ္အသင္းေတြ ရွိေနေၾကာင္း အတည္ျပဳသြားခဲ့ပါတယ္။ သတင္းေတြ အရ ဂရစ္စမန္းကို အက္သလက္တီကို မက္ဒရစ္နဲ႕ မန္စီးတီးတို႔က ခ်ိတ္ဆက္ေနၾကပါတယ္။
စပါးတိုက္စစ္သမား ဆြန္ေယာင္မင္က ၂၀၂၅ ေႏြထိ စပါးအသင္းနဲ႕ အတူ ရွိေနေစမယ့္ ၄နွစ္ စာခ်ဳပ္သစ္ တစ္ရပ္ ဒီေန႔ လက္မွတ္ထိုးလိုက္ေၾကာင္း ေၾကျငာသြားခဲ့ပါတယ္။
ဒီေႏြမွာ လီဗာပူးကေန ပီအက္စ္ဂ်ီသို႔ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ထြက္ခြာသြားတဲ့ ကြင္းလယ္ ကစားသမား ၀ိုက္နယ္ဒန္က ပီအက္စ္ဂ်ီ ေခၚဖို႔ ၾကိဳးစားေနတယ္ သတင္းထြက္ေနတဲ့ ေပါ့ဘာနဲ႕ အသင္းတူတူ ကစားလိုေၾကာင္း ေျပာဆိုလိုက္ပါတယ္။
