ယူနိုက်တက်ပရိသတ်တွေ သဘောတွေ့မယ့် ဆုဖလား အနိုင်ယူရေးကိစ္စ စကားပြောလာတဲ့ ဆန်ချို

ယူနိုက်တက် ကစားသမားသစ်ဖြစ်လာတဲ့ ဆန်ချိုက အသင်းနဲ့ ပထမဆုံး မိတ်ဆက်မှုမှာပဲ ပရိသတ်တွေအတွက် ထိုက်တန်တဲ့ ဆုဖလားတွေကို အောင်မြင်အောင် ရယူပေးလိုကြောင်း ထုတ်ပြောလာပါတယ်။

မနေ့တုန်းကပဲ ယူနိုက်တက်ဟာ ဒေါ့မွန်အသင်းမှ လူငယ်တိုက်စစ်သမား ဆန်ချိုကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပြီဖြစ်တယ်။ အသက် ၂၁ နှစ်အရွယ် တောင်ပံတိုက်စစ်သမားဟာ ယူနိုက်တက်နဲ့ ၂၀၂၆ ခုနှစ်ထိ ရှိနေမယ့် စာချုပ်ကို ချုပ်ဆိုခဲ့ကာ ကျောနံပါတ် ၂၅ ကို ဝတ်ဆင်ကစားပါမယ်။

ဆန်ချိုဟာ ဒေါ့မွန်အတွက် ကစားပေးရတဲ့ ၄ ရာသီအတွင်း သွင်းဂိုး ၅၀ နဲ့ ဂိုးထောက်ပံ့မှု ၆၄ ကြိမ် လုပ်ထားနိုင်ခဲ့ကာ ဒီနွေဈေးကွက်အတွင်း ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း ခေါ်ယူမှုအဖြစ် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာပါ။ သူကတော့ ယူနိုက်တက်ကို ပြောင်းလာရတာက အိပ်မက်တွေ အမှန်တကယ် ဖြစ်လာတာပါလို့ ပျော်ရွှင်စွာ ထုတ်ပြောသွားပါတယ်။

ဆန်ချိုက “ ပထမအသင်းမှာ ဘောလုံးကစားခွင့်အတွက် အခွင့်အရေး ပေးခဲ့တဲ့ ဒေါ့မွန်အသင်းကို အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ သို့ပေမယ့်လည်း တစ်ရက်မှာတော့ အင်္ဂလန်ကို ပြန်ရမယ်ဆိုတာကို ကျနော် နားလည်ထားပါတယ်။

ယူနိုက်တက်ထံ ပြောင်းရွှေ့ခွင့်ရခဲ့တာက အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့တာပါပဲ။ ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ပြဖို့အတွက် မစောင့်နိုင်အောင် ဖြစ်နေရပါပြီ။ ယူနိုက်တက်က ငယ်ရွယ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတယ်ဆိုတာ ကျနော် သိထားပါတယ်။

ကျနေ်ာတို့တွေ ပရိသတ်တွေအတွက် ထိုက်တန်တဲ့ စပယ်ရှယ် ဆုဖလားတွေကို အနိုင်ရအောင် တိုးတက်လာဖို့ အတူတကွ ကြိုးစားနိုင်မယ်ဆိုတာကို နားလည်ပါတယ်။ ကျနော်ရဲ့ ကစားပွဲတွေကို ဆက်ပြီး တိုးတက်လာဖို့ရာ မန်နေဂျာဆိုးရှား၊ သူ့ရဲ့ နည်းပြအဖွဲ့နဲ့အတူ အလုပ်တွဲလုပ်နိုင်ဖို့လည်း စောင့်မျှော်နေပါတယ်။ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

မနှစ်ကရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာ ရခဲ့တဲ့ ယူနိုက်တက်အတွက် ရာသီသစ်မှာ ဆုဖလားတွေ စိန်ခေါ်နိုင်အောင် ဆန်ချို ကူညီပေးနိုင်မယ်လို့ ယူနိုက်တက် ပရိသတ်တွေကလည်း ယုံကြည်နေကြပြီ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္ ကစားသမားသစ္ျဖစ္လာတဲ့ ဆန္ခ်ိဳက အသင္းနဲ႔ ပထမဆံုး မိတ္ဆက္မႈမွာပဲ ပရိသတ္ေတြအတြက္ ထိုက္တန္တဲ့ ဆုဖလားေတြကို ေအာင္ျမင္ေအာင္ ရယူေပးလိုေၾကာင္း ထုတ္ေျပာလာပါတယ္။

မေန႔တုန္းကပဲ ယူႏုိက္တက္ဟာ ေဒါ့မြန္အသင္းမွ လူငယ္တိုက္စစ္သမား ဆန္ခ်ိဳကို အျပီးသတ္ ေခၚယူႏုိင္ခဲ့ျပီျဖစ္ေၾကာင္း တရားဝင္ ေၾကညာခဲ့ျပီျဖစ္တယ္။ အသက္ ၂၁ ႏွစ္အရြယ္ ေတာင္ပံတိုက္စစ္သမားဟာ ယူႏုိက္တက္နဲ႔ ၂၀၂၆ ခုႏွစ္ထိ ရွိေနမယ့္ စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ကာ ေက်ာနံပါတ္ ၂၅ ကို ဝတ္ဆင္ကစားပါမယ္။

ဆန္ခ်ိဳဟာ ေဒါ့မြန္အတြက္ ကစားေပးရတဲ့ ၄ ရာသီအတြင္း သြင္းဂိုး ၅၀ နဲ႔ ဂိုးေထာက္ပံ့မႈ ၆၄ ၾကိမ္ လုပ္ထားႏုိင္ခဲ့ကာ ဒီေႏြေစ်းကြက္အတြင္း ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္း ေခၚယူမႈအျဖစ္ မန္ခ်က္စတာယူႏုိက္တက္ကို ေျပာင္းေရႊ႔ခဲ့တာပါ။ သူကေတာ့ ယူႏုိက္တက္ကို ေျပာင္းလာရတာက အိပ္မက္ေတြ အမွန္တကယ္ ျဖစ္လာတာပါလို႔ ေပ်ာ္ရႊင္စြာ ထုတ္ေျပာသြားပါတယ္။

ဆန္ခ်ိဳက “ ပထမအသင္းမွာ ေဘာလံုးကစားခြင့္အတြက္ အခြင့္အေရး ေပးခဲ့တဲ့ ေဒါ့မြန္အသင္းကို အျမဲတမ္း ေက်းဇူးတင္ေနမွာပါ။ သို႔ေပမယ့္လည္း တစ္ရက္မွာေတာ့ အဂၤလန္ကို ျပန္ရမယ္ဆိုတာကို က်ေနာ္ နားလည္ထားပါတယ္။

ယူႏုိက္တက္ထံ ေျပာင္းေရႊ႔ခြင့္ရခဲ့တာက အိပ္မက္ေတြ အမွန္တကယ္ ျဖစ္လာခဲ့တာပါပဲ။ ပရီးမီးယားလိဂ္မွာ စြမ္းေဆာင္ျပဖို႔အတြက္ မေစာင့္ႏုိင္ေအာင္ ျဖစ္ေနရပါျပီ။ ယူႏုိက္တက္က ငယ္ရြယ္ျပီး စိတ္လႈပ္ရွားစရာေကာင္းတဲ့ လူစာရင္းကို ပိုင္ဆိုင္ထားတယ္ဆိုတာ က်ေနာ္ သိထားပါတယ္။

က်ေန္ာတို႔ေတြ ပရိသတ္ေတြအတြက္ ထိုက္တန္တဲ့ စပယ္ရွယ္ ဆုဖလားေတြကို အႏုိင္ရေအာင္ တိုးတက္လာဖို႔ အတူတကြ ၾကိဳးစားႏုိင္မယ္ဆိုတာကို နားလည္ပါတယ္။ က်ေနာ္ရဲ႕ ကစားပြဲေတြကို ဆက္ျပီး တိုးတက္လာဖို႔ရာ မန္ေနဂ်ာဆိုးရွား၊ သူ႔ရဲ႕ နည္းျပအဖြဲ႔နဲ႔အတူ အလုပ္တြဲလုပ္ႏုိင္ဖို႔လည္း ေစာင့္ေမွ်ာ္ေနပါတယ္။ ” လို႔ ဆုိသြားခဲ့တာျဖစ္ပါတယ္။

မႏွစ္ကရာသီ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္ ၂ ေနရာ ရခဲ့တဲ့ ယူႏုိက္တက္အတြက္ ရာသီသစ္မွာ ဆုဖလားေတြ စိန္ေခၚႏုိင္ေအာင္ ဆန္ခ်ိဳ ကူညီေပးႏုိင္မယ္လို႔ ယူႏုိက္တက္ ပရိသတ္ေတြကလည္း ယံုၾကည္ေနၾကျပီ ျဖစ္ပါတယ္။