တိုကျို အိုလံပစ်မှာ ပြိုင်ပွဲဝင်နေတဲ့ အိုင်ဗရီကို့စ် အသင်းနဲ့ အတူ ယူနိုက်တက် လူငယ် အာမက် ဒီယာလိုလည်း ပါဝင် ကစားနေပါတယ်။ ဒီယာလိုရဲ့ အိုင်ဗရီကို့စ် အသင်းက ဘရာဇီးအသင်းကို ကောင်းစွာ ယှဉ်ကစားပြီး အုပ်စုပွဲစဉ်မှာ ဂိုးမရှိ သရေကျထားပါတယ်။
ယူနိုက်တက်ဟာ တိုက်စစ်မှူး မာရှယ်ကို ဒီနွေမှာ ကမ်းလှမ်းမှုတွေ ရရှိလာရင် ရောင်းချဖို့ စဉ်းစားလာပြီ ဖြစ်ပါတယ်။ မာရှယ်ကို စပါးအသင်းက စိတ်ဝင်စားနေပြီး ယူနိုက်တက် အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ကတော့ စပါးအတွက် အခက်အခဲ ဖြစ်နေပါတယ်။

ယူနိုက်တက်ဟာ ဆန်ချို ကို ခေါ်ယူနိုင်လိုက်ပေမယ့် ဒန်နီရယ် ဂျိမ်းစ်ကိုတော့ ဒီနွေမှာ ရောင်းချဖို့ အစီအစဉ် မရှိဘဲ ဂျိမ်းစ်ကို သက်တမ်းတိုး စာချုပ် ကမ်းလှမ်းကာ အသင်းမှာ ဆက်ထိန်းထားဖွယ် ရှိနေပါတယ်။ ဂျိမ်းစ်ဟာ တောင်ပံတိုက်စစ်နေရာ အတွက် ဆန်ချို၊ ရက်ဖို့ဒ်၊ ဂရင်းဝုဒ်၊ မာရှယ် တို့နဲ့ ပြိုင်ဆိုင်ရတော့မှာပါ။
အေစီမီလန်အသင်းဟာ ယူနိုက်တက် ကစားသမား ဒါလော့ကို နောက်ထပ် တစ်ရာသီ အငှားနဲ့ ခေါ်ယူလိုနေပြီး မန်ချက်စတာ ကလပ်ကလည်း သဘောတူခွင့်ပြုလိုနေပါတယ်။ ဒါပေမယ့် ဒါလော့ အတွက် အငှားကြေး ယူရို ၅သန်းနဲ့ ၆သန်းကြား ဝန်းကျင်ကိုတော့ ယူနိုက်တက်က အလိုရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ ရာသီကြို ထရိန်နင် ကို ဒီတစ်ပတ်ထဲ ပြန်ပူးပေါင်းလာရပြီ ဖြစ်တဲ့ ဗာရိန်းဟာ ယူနိုက်တက်နဲ့ ရီးရဲလ်တို့ရဲ့ ဆွေးနွေးမှု ကြံ့ကြာနေတဲ့ အပေါ် မပျော်ရွှင် ဖြစ်နေပါတယ်။ ဗာရိန်း အတွက် ရီးရဲလ်က ယူရို သန်း ၇၀ (ပေါင် ၅၉.၉ သန်း) အလိုရှိနေပြီး ယူနိုက်တက်ကတော့ ယူရို သန်း ၄၀ (ပေါင် ၃၄.၂ သန်း)သာ ပေးလိုနေတာပါ။
ယူနိုက်တက်ဟာ ပေါ့ဘာကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ဖို့ မသေချာတော့တာကြောင့် ၎င်းအတွက် ပီအက်စ်ဂျီ အသင်းထံမှ ကမ်းလှမ်းမှု ရောက်လာဖို့ မျှော်လင့်နေရပြီ ဖြစ်ကြောင်း မန်ချက်စတာ အခြေစိုက် သတင်းတွေက ဖော်ပြထားပါတယ်။

Zawgyi – တိုက်ိဳ အိုလံပစ္မွာ ျပိဳင္ပြဲ၀င္ေနတဲ့ အိုင္ဗရီကို႔စ္ အသင္းနဲ႕ အတူ ယူနိုက္တက္ လူငယ္ အာမက္ ဒီယာလိုလည္း ပါ၀င္ ကစားေနပါတယ္။ ဒီယာလိုရဲ႕ အိုင္ဗရီကို႔စ္ အသင္းက ဘရာဇီးအသင္းကို ေကာင္းစြာ ယွဥ္ကစားျပီး အုပ္စုပြဲစဥ္မွာ ဂိုးမရွိ သေရက်ထားပါတယ္။
ယူနိုက္တက္ဟာ တိုက္စစ္မွဴး မာရွယ္ကို ဒီေႏြမွာ ကမ္းလွမ္းမႈေတြ ရရွိလာရင္ ေရာင္းခ်ဖို႔ စဥ္းစားလာျပီ ျဖစ္ပါတယ္။ မာရွယ္ကို စပါးအသင္းက စိတ္၀င္စားေနျပီး ယူနိုက္တက္ အလိုရွိေနတဲ့ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၅၀ ကေတာ့ စပါးအတြက္ အခက္အခဲ ျဖစ္ေနပါတယ္။
ယူနိုက္တက္ဟာ ဆန္ခ်ိဳ ကို ေခၚယူနုိင္လိုက္ေပမယ့္ ဒန္နီရယ္ ဂ်ိမ္းစ္ကိုေတာ့ ဒီေႏြမွာ ေရာင္းခ်ဖို႔ အစီအစဥ္ မရွိဘဲ ဂ်ိမ္းစ္ကို သက္တမ္းတိုး စာခ်ဳပ္ ကမ္းလွမ္းကာ အသင္းမွာ ဆက္ထိန္းထားဖြယ္ ရွိေနပါတယ္။ ဂ်ိမ္းစ္ဟာ ေတာင္ပံတိုက္စစ္ေနရာ အတြက္ ဆန္ခ်ိဳ၊ ရက္ဖို႕ဒ္၊ ဂရင္း၀ုဒ္၊ မာရွယ္ တို႔နဲ႕ ျပိဳင္ဆိုင္ရေတာ့မွာပါ။
ေအစီမီလန္အသင္းဟာ ယူနိုက္တက္ ကစားသမား ဒါေလာ့ကို ေနာက္ထပ္ တစ္ရာသီ အငွားနဲ႕ ေခၚယူလိုေနျပီး မန္ခ်က္စတာ ကလပ္ကလည္း သေဘာတူခြင့္ျပဳလိုေနပါတယ္။ ဒါေပမယ့္ ဒါေလာ့ အတြက္ အငွားေၾကး ယူရို ၅သန္းနဲ႕ ၆သန္းၾကား ၀န္းက်င္ကိုေတာ့ ယူနိုက္တက္က အလိုရွိေနပါတယ္။
ရီးရဲလ္မက္ဒရစ္ရဲ႕ ရာသီၾကိဳ ထရိန္နင္ ကို ဒီတစ္ပတ္ထဲ ျပန္ပူးေပါင္းလာရျပီ ျဖစ္တဲ့ ဗာရိန္းဟာ ယူနိုက္တက္နဲ႕ ရီးရဲလ္တို႔ရဲ႕ ေဆြးေႏြးမႈ ၾကံ႕ၾကာေနတဲ့ အေပၚ မေပ်ာ္ရႊင္ ျဖစ္ေနပါတယ္။ ဗာရိန္း အတြက္ ရီးရဲလ္က ယူရို သန္း ၇၀ (ေပါင္ ၅၉.၉ သန္း) အလိုရွိေနျပီး ယူနိုက္တက္ကေတာ့ ယူရို သန္း ၄၀ (ေပါင္ ၃၄.၂ သန္း)သာ ေပးလိုေနတာပါ။
ယူနိုက္တက္ဟာ ေပါ့ဘာကို သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုနိုင္ဖို႔ မေသခ်ာေတာ့တာေၾကာင့္ ၄င္း္အတြက္ ပီအက္စ္ဂ်ီ အသင္းထံမွ ကမ္းလွမ္းမႈ ေရာက္လာဖို႔ ေမွ်ာ္လင့္ေနရျပီ ျဖစ္ေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းေတြက ေဖာ္ျပထားပါတယ္။
