ဂျော်ဂျင်ဟို ကို ရုပ်တု ထုပြီး ဂုဏ်ပြုသင့်ခြင်းနဲ့ ယနေ့ ညပိုင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ

ချယ်ဆီးက ဂျော်ဂျင်ဟို ကို ရုပ်တု ထုပြီးတောင် ဂုဏ်ပြုသင့်တယ် – ရော်ဘတ်တို ကားလို့စ်

ဘရာဇီး ဂန္တဝင် ကစားသမားကြီး ရော်ဘတ်တို ကားလို့စ်က – ” ဂျော်ဂျင်ဟိုက အီတလီ အသင်းအတွက် တကယ့် အဆုံးအဖြတ် ကစားသမားပဲ။ သူသာ ဘရာဇီးအသင်းနဲ့ ဆို ကိုပါအမေရိကမှာလည်း ခြေစွမ်းပြမှာပဲ။ ချယ်ဆီး အသင်း အတွက် ဆို ယူရိုပါရော ချန်ပီယံလိဂ် ဖလားပါ ဗိုလ်စွဲအောင် သူက ကူညီပေးထားတာ ဖြစ်လို့ ကလပ်က သူ့ရုပ်တု တောင် ထုပြီး ဂုဏ်ပြုသင့်တယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

ဂျော်ဂျင်ဟို က ဒီနှစ် ဘလွန်းဒီအော ဆုမှာ ပါဝင်သင့်တယ်လို့ ပြောဆိုမှုတွေလည်း အီတလီအသင်း နဲ့ အတူ ယူရိုမှာ ဗိုလ်စွဲပြီးနောက် ပိုမို ရေပန်းစားလာနေပါတယ်။

တူချယ်ရဲ့ ညီမျှတဲ့ အမြင်နဲ့ ကစားသမားတွေ အပေါ် စီမံမှု

ချယ်ဆီးနည်းပြ တူချယ်ကတော့ ကလပ်အသင်းမှာ ကစားသမားတွေ အပေါ် သူ ဘယ်လို သာတူညီမျှ သဘောထားပြီး စီမံနေသလဲ ဆိုတာကို ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

” ကျနော်တို့ အနေနဲ့ နှစ်တိုင်းမှာ ကစားသမားတိုင်း ကျနော်တို့ဆီ လာဖို့ ပျော်ရွှင်နေအောင် အနေအထားကောင်းတွေ ဖန်တီးရပါတယ်။ ကစားသမားတိုင်းက သူတို့ကို တန်ဖိုးထားခံရ၊ ယုံကြည်မှု ရှိနေရတဲ့ အခြေအနေမျိုး ရှိအောင်ပါ။ တချိန်တည်းမှာပဲ ကစားသမားတွေက သူတို့ ဆီကနေ ကျနော်တို့ ဘာမျှော်လင့်သလဲ ဆိုတာ သိဖို့နဲ့ သူတို့ အရည်အသွေးတွေ အတွက် ကြိုးစားဖို့လည်း လုပ်ဆောင်ပေးရတယ်။ ” လို့ တူချယ်က ပြောဆိုခဲ့ပါတယ်။

ကစားသမား လုပ်ခလစာပိုင်း တည်ငြိမ်အောင် ထိန်းထားနိုင်တဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ စူပါလိဂ် စတင်လိုခဲ့တဲ့ ကလပ်အသင်းတွေထဲမှာ ဆိုရင် ကစားသမားတွေကို လခအများဆုံး ပေးမှုမှာ အဆင့် ၆ မှာ ရပ်တည်နေပါတယ်။ ချယ်ဆီး က ကစားသမားတွေ လစာပေးနှုန်းကို တည်ငြိမ်အောင် ထိန်းထားတာကြောင့် ၂၀၁၉ ရော ၂၀၂၀ မှာပါ မပြောင်းမလဲ အဆင့်မှာ ရှိနေပါတယ်။

Zawgyi –

ခ်ယ္ဆီးက ေဂ်ာ္ဂ်င္ဟုိ ကို ရုပ္တု ထုျပီးေတာင္ ဂုဏ္ျပဳသင့္တယ္ – ေရာ္ဘတ္တို ကားလို႔စ္

ဘရာဇီး ဂႏၱ၀င္ ကစားသမားၾကီး ေရာ္ဘတ္တို ကားလို႔စ္က – ” ေဂ်ာ္ဂ်င္ဟိုက အီတလီ အသင္းအတြက္ တကယ့္ အဆံုးအျဖတ္ ကစားသမားပဲ။ သူသာ ဘရာဇီးအသင္းနဲ႕ ဆို ကိုပါအေမရိကမွာလည္း ေျခစြမ္းျပမွာပဲ။ ခ်ယ္ဆီး အသင္း အတြက္ ဆို ယူရိုပါေရာ ခ်န္ပီယံလိဂ္ ဖလားပါ ဗိုလ္စြဲေအာင္ သူက ကူညီေပးထားတာ ျဖစ္လို႔ ကလပ္က သူ႔ရုပ္တု ေတာင္ ထုျပီး ဂုဏ္ျပဳသင့္တယ္။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

ေဂ်ာ္ဂ်င္ဟုိ က ဒီနွစ္ ဘလြန္းဒီေအာ ဆုမွာ ပါ၀င္သင့္တယ္လို႔ ေျပာဆိုမႈေတြလည္း အီတလီအသင္း နဲ႕ အတူ ယူရိုမွာ ဗိုလ္စြဲျပီးေနာက္ ပိုမို ေရပန္းစားလာေနပါတယ္။

တူခ်ယ္ရဲ႕ ညီမွ်တဲ့ အျမင္နဲ႕ ကစားသမားေတြ အေပၚ စီမံမႈ

ခ်ယ္ဆီးနည္းျပ တူခ်ယ္ကေတာ့ ကလပ္အသင္းမွာ ကစားသမားေတြ အေပၚ သူ ဘယ္လို သာတူညီမွ် သေဘာထားျပီး စီမံေနသလဲ ဆိုတာကို ဖြင့္ဟ ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္တို႔ အေနနဲ႕ နွစ္တိုင္းမွာ ကစားသမားတိုင္း က်ေနာ္တို႔ဆီ လာဖို႔ ေပ်ာ္ရႊင္ေနေအာင္ အေနအထားေကာင္းေတြ ဖန္တီးရပါတယ္။ ကစားသမားတိုင္းက သူတို႔ကို တန္ဖိုးထားခံရ၊ ယံုၾကည္မႈ ရွိေနရတဲ့ အေျခအေနမ်ိဳး ရွိေအာင္ပါ။ တခ်ိန္တည္းမွာပဲ ကစားသမားေတြက သူတို႔ ဆီကေန က်ေနာ္တို႔ ဘာေမွ်ာ္လင့္သလဲ ဆိုတာ သိဖို႔နဲ႕ သူတို႔ အရည္အေသြးေတြ အတြက္ ၾကိဳးစားဖို႔လည္း လုပ္ေဆာင္ေပးရတယ္။ ” လို႔ တူခ်ယ္က ေျပာဆိုခဲ့ပါတယ္။

ကစားသမား လုပ္ခလစာပိုင္း တည္ျငိမ္ေအာင္ ထိန္းထားနုိင္တဲ့ ခ်ယ္ဆီး

ခ်ယ္ဆီးအသင္းဟာ စူပါလိဂ္ စတင္လိုခဲ့တဲ့ ကလပ္အသင္းေတြထဲမွာ ဆိုရင္ ကစားသမားေတြကို လခအမ်ားဆံုး ေပးမႈမွာ အဆင့္ ၆ မွာ ရပ္တည္ေနပါတယ္။ ခ်ယ္ဆီး က ကစားသမားေတြ လစာေပးႏႈန္းကို တည္ျငိမ္ေအာင္ ထိန္းထားတာေၾကာင့္ ၂၀၁၉ ေရာ ၂၀၂၀ မွာပါ မေျပာင္းမလဲ အဆင့္မွာ ရွိေနပါတယ္။