ဆက်ဆူအိုလို အသင်း စီအီးအိုက ၎င်းတို့ဟာ လိုကတ်တယ်လီ ကို ရောင်းချဖို့ မကြာခင် ဂျူဗင်တပ်နဲ့ ပြောဆို ဆွေးနွေးတော့မှာ ဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ အီတလီသား ကွင်းလယ်သမားကို ဂျူဗင်တပ်တင် မကဘဲ အာဆင်နယ်ကလည်း အလိုရှိနေပါတယ်။
အက်သလက်တီကို ခံစစ်မှူး ထရစ်ပီယာကတော့ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ ကိစ္စကို အပြောင်းအရွှေ့ ဈေးကွက်ပိတ်သည်ထိ စောင့်မျှော်နေဦးမှာ ဖြစ်ကြောင်း တယ်လီဂရပ်ဖ်က ဖော်ပြထားပါတယ်။ ယူနိုက်တက်က ထရစ်ပီယာကို ခေါ်ယူလိုပေမယ့် ဗာရိန်းနဲ့ ဆန်ချို ခေါ်ယူမှု အပြီးမှာ ကစားသမား ထပ်မံ ဝယ်ယူဖို့ အတွက် လက်ရှိ အသင်းသားတွေထဲက ရောင်းထုတ်မှုတွေ အရင် ပြုလုပ်ရဖို့ ရှိနေပါတယ်။

ဒဏ်ရာကြောင့် မြက်ခင်းပြင်ထက် ဝင်ကစားခွင့် ဝေးကွာနေခဲ့တဲ့ လီဗာပူး ခံစစ်မှူး ဗန်ဒိုက်ဟာ ညက ဟယ်သာဘာလင်နဲ့ ခြေစမ်းပွဲမှာ လီဗာပူးအသင်းနဲ့ အတူ ဒုတိယပိုင်းမှာ ပြန် ပါဝင်ကစားခဲ့ပြီ ဖြစ်ပါတယ်။
တိုကျို အိုလံပစ်ပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ နယူးဇီလန် တိုက်စစ်သမား မက်သရူး ဂါဘတ်ကို ဝက်ဖို့ဒ်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ဘရန့်ဖို့ အသင်းတို့က အပြိုင် စောင့်ကြည့်နေပါတယ်။ အသက် ၁၉ နှစ် အရွယ် ဂါဘတ်ဟာ လက်ရှိမှာ ဆွီဒင် ဒုတိယတန်းကလပ် ဖယ်ကန်ဘတ်မှာ ကစားနေသူပါ။
စပါးအသင်း ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ် ခံစစ်မှူး ခရစ္စတီယန် ရိုမီရို အတွက် ဘာစီလိုနာကလည်း ဝင်ရောက် ကြိုးပမ်းနေပြီး ကစားသမား အလိုက်ပေးမှု ပါဝင်တဲ့ ကမ်းလှမ်းမှု တစ်ရပ် ထပ်မံ ပြုလုပ်တော့မယ်လို့ အီတလီသတင်းတွေက ဆိုပါတယ်။
ဆဲလ်တစ် အသင်းဟာ စပါးအသင်းမှ အသက် ၃၄ နှစ် အရွယ် အင်္ဂလန်သား ဂိုးသမားကြီး ဂျိုးဟတ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ချယ်ဆီးတိုက်စစ်သမား ပူလီဆစ်ကတော့ လာမယ့် ဘောလုံးရာသီမှာ ဘာမဆိုဖြစ်သွားနိုင်ပြီး ချယ်ဆီးက ပရီးမီးယားလိဂ် ဖလား စိန်ခေါ်ဖို့ ရည်မှန်းထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Zawgyi
ဆက္ဆူအိုလို အသင္း စီအီးအိုက ၄င္းတို႔ဟာ လိုကတ္တယ္လီ ကို ေရာင္းခ်ဖုိ႔ မၾကာခင္ ဂ်ဴဗင္တပ္နဲ႕ ေျပာဆို ေဆြးေႏြးေတာ့မွာ ျဖစ္ေၾကာင္း ဖြင့္ဟလိုက္ပါတယ္။ အီတလီသား ကြင္းလယ္သမားကို ဂ်ဴဗင္တပ္တင္ မကဘဲ အာဆင္နယ္ကလည္း အလိုရွိေနပါတယ္။
အက္သလက္တီကို ခံစစ္မွဴး ထရစ္ပီယာကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ထံ ေျပာင္းေရႊ႕ဖို႔ ကိစၥကို အေျပာင္းအေရႊ႕ ေစ်းကြက္ပိတ္သည္ထိ ေစာင့္ေမွ်ာ္ေနဦးမွာ ျဖစ္ေၾကာင္း တယ္လီဂရပ္ဖ္က ေဖာ္ျပထားပါတယ္။ ယူနိုက္တက္က ထရစ္ပီယာကို ေခၚယူလိုေပမယ့္ ဗာရိန္းနဲ႕ ဆန္ခ်ိဳ ေခၚယူမႈ အျပီးမွာ ကစားသမား ထပ္မံ ၀ယ္ယူဖို႔ အတြက္ လက္ရွိ အသင္းသားေတြထဲက ေရာင္းထုတ္မႈေတြ အရင္ ျပဳလုပ္ရဖို႔ ရွိေနပါတယ္။
ဒဏ္ရာေၾကာင့္ ျမက္ခင္းျပင္ထက္ ၀င္ကစားခြင့္ ေ၀းကြာေနခဲ့တဲ့ လီဗာပူး ခံစစ္မွဴး ဗန္ဒိုက္ဟာ ညက ဟယ္သာဘာလင္နဲ႕ ေျခစမ္းပြဲမွာ လီဗာပူးအသင္းနဲ႕ အတူ ဒုတိယပိုင္းမွာ ျပန္ ပါ၀င္ကစားခဲ့ျပီ ျဖစ္ပါတယ္။
တိုက်ိဳ အိုလံပစ္ျပိဳင္ပြဲမွာ ေျခစြမ္းျပေနတဲ့ နယူးဇီလန္ တိုက္စစ္သမား မက္သရူး ဂါဘတ္ကို ၀က္ဖို႔ဒ္၊ ခရစၥတယ္ပဲေလ့စ္နဲ႕ ဘရန္႔ဖို႔ အသင္းတို႔က အျပိဳင္ ေစာင့္ၾကည့္ေနပါတယ္။ အသက္ ၁၉ နွစ္ အရြယ္ ဂါဘတ္ဟာ လက္ရွိမွာ ဆီြဒင္ ဒုတိယတန္းကလပ္ ဖယ္ကန္ဘတ္မွာ ကစားေနသူပါ။
စပါးအသင္း ပစ္မွတ္ထားေနတဲ့ ဂ်ဴဗင္တပ္ ခံစစ္မွဴး ခရစၥတီယန္ ရိုမီရို အတြက္ ဘာစီလိုနာကလည္း ၀င္ေရာက္ ၾကိဳးပမ္းေနျပီး ကစားသမား အလိုက္ေပးမႈ ပါ၀င္တဲ့ ကမ္းလွမ္းမႈ တစ္ရပ္ ထပ္မံ ျပဳလုပ္ေတာ့မယ္လို႔ အီတလီသတင္းေတြက ဆိုပါတယ္။
ဆဲလ္တစ္ အသင္းဟာ စပါးအသင္းမွ အသက္ ၃၄ နွစ္ အရြယ္ အဂၤလန္သား ဂိုးသမားၾကီး ဂ်ိဳးဟတ္ ကို ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။
ခ်ယ္ဆီးတိုက္စစ္သမား ပူလီဆစ္ကေတာ့ လာမယ့္ ေဘာလံုးရာသီမွာ ဘာမဆိုျဖစ္သြားနိုင္ျပီး ခ်ယ္ဆီးက ပရီးမီးယားလိဂ္ ဖလား စိန္ေခၚဖို႔ ရည္မွန္းထားေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။
