ချယ်ဆီးအသင်းဟာ စိန့်အီတီနီမှ အသက် ၁၇နှစ်အရွယ် ကွင်းလယ်ကစားသမား လူးကပ် ဂေါ်နာ ဒိုအော့ ကို စောင့်ကြည့်နေတယ်လို့ သိရပြီး ၎င်းကို ဒေါ့မွန်နဲ့ လီဗာကူဆင် အသင်းတို့ကလည်း စိတ်ဝင်စားနေပါတယ်။
ဂရစ်စမန်းနဲ့ ဖိလစ် ကော်တင်ညို တို့ဟာ ဒီနွေမှာ အသင်းပြောင်း သတင်းတွေ များစွာ ထွက်နေပေမယ့် လာမယ့် ရာသီမှာ ဘာစီလိုနာအသင်းနဲ့ပဲ အတူ ဆက်ရှိမယ်လို့ စပိန် AS သတင်းဌာနက ဆိုပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ဂျက် ဂရေးလစ်ချ် အတွက် မန်စီးတီး အသင်းရဲ့ ပေါင် သန်း ၁၀၀ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေကြောင်း စကိုင်းစပေါ့ သတင်းဌာနက ဆိုပါတယ်။
လီဗာပူးအသင်းဟာ မွန်ချင်ဂလာဘတ် ကွင်းလယ်ကစားသမား နွိုက်ဟောက်စ် ကို ခေါ်ယူလိုနေသေးပေမယ့် ကစားသမား ရဲ့ ယူရို သန်း ၄၀ တန် ပြောင်းရွှေ့ကြေးကြောင့် အခက်တွေ့နေပါတယ်။
ဂျိမ်းစ် ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်းထံ အငှား ကစားခဲ့ပြီးနောက် ဒီရာသီ မိခင်ကလပ် ရီးရဲလ် မက်ဒရစ် အသင်းထံ ပြန်သွားမယ် သတင်းထွက်နေပေမယ့် ကစားသမားက မက်ဒရစ်ကို မပြန်လိုဘူးလို့ သိရပါတယ်။
ဒီနွေ ဈေးကွက်ထဲမှာ လှုပ်ရှားမှု နည်းနေတဲ့ လီဗာပူးအသင်းက ထရန့် အလက်ဇန်းဒါး အာနိုး ကို သက်တမ်း တိုးပြီးနောက် စီနီယာ အသင်းသား ၆ ဦးကို သက်တမ်းတိုးဖို့ ဆက်လက် လှုပ်ရှားနေပါတယ်။
ချယ်ဆီး လူငယ် ကစားသမား ကော်နာ ဂလဲဟား ဟာ လန်ဒန်မြို့ခံ တစ်သင်းပဲ ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ် ထံ အငှား သွားရောက် ကစားပြီဖြစ်ပြီး ပဲလေ့စ်က အတည်ပြု ကြေငြာသွားခဲ့ပါတယ်။
ဘရိုက်တန်ကနေ ပြောင်းရွှေ့လာပြီး အာဆင်နယ် ကစားသမား ဖြစ်လာတဲ့ ခံစစ်မှူး ဘန်ဝှိုက်ဟာ အသင်းဖော် အသစ်တွေနဲ့ အတူ ပထမဆုံး ထရိန်နင်မှာ ပူးပေါင်း လေ့ကျင့်နေပြီ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ စိန္႔အီတီနီမွ အသက္ ၁၇နွစ္အရြယ္ ကြင္းလယ္ကစားသမား လူးကပ္ ေဂၚနာ ဒိုေအာ့ ကို ေစာင့္ၾကည့္ေနတယ္လို႔ သိရျပီး ၄င္းကို ေဒါ့မြန္နဲ႕ လီဗာကူဆင္ အသင္းတို႔ကလည္း စိတ္၀င္စားေနပါတယ္။
ဂရစ္စမန္းနဲ႕ ဖိလစ္ ေကာ္တင္ညိဳ တို႔ဟာ ဒီေႏြမွာ အသင္းေျပာင္း သတင္းေတြ မ်ားစြာ ထြက္ေနေပမယ့္ လာမယ့္ ရာသီမွာ ဘာစီလိုနာအသင္းနဲ႕ပဲ အတူ ဆက္ရွိမယ္လို႔ စပိန္ AS သတင္းဌာနက ဆိုပါတယ္။
အက္စတြန္ဗီလာအသင္းဟာ ဂ်က္ ဂေရးလစ္ခ်္ အတြက္ မန္စီးတီး အသင္းရဲ႕ ေပါင္ သန္း ၁၀၀ ကမ္းလွမ္းမႈကို လက္ခံဖြယ္ ရွိေနေၾကာင္း စကိုင္းစေပါ့ သတင္းဌာနက ဆိုပါတယ္။
လီဗာပူးအသင္းဟာ မြန္ခ်င္ဂလာဘတ္ ကြင္းလယ္ကစားသမား ႏြိဳက္ေဟာက္စ္ ကို ေခၚယူလိုေနေသးေပမယ့္ ကစားသမား ရဲ႕ ယူရို သန္း ၄၀ တန္ ေျပာင္းေရႊ႕ေၾကးေၾကာင့္ အခက္ေတြ႔ေနပါတယ္။
ဂ်ိမ္းစ္ ရိုဒရီဂြက္ဇ္ဟာ ျပီးခဲ့တဲ့ရာသီက အဲဗာတန္အသင္းထံ အငွား ကစားခဲ့ျပီးေနာက္ ဒီရာသီ မိခင္ကလပ္ ရီးရဲလ္ မက္ဒရစ္ အသင္းထံ ျပန္သြားမယ္ သတင္းထြက္ေနေပမယ့္ ကစားသမားက မက္ဒရစ္ကို မျပန္လိုဘူးလို႔ သိရပါတယ္။
ဒီေႏြ ေစ်းကြက္ထဲမွာ လႈပ္ရွားမႈ နည္းေနတဲ့ လီဗာပူးအသင္းက ထရန္႔ အလက္ဇန္းဒါး အာနိုး ကို သက္တမ္း တိုးျပီးေနာက္ စီနီယာ အသင္းသား ၆ ဦးကို သက္တမ္းတိုးဖို႔ ဆက္လက္ လႈပ္ရွားေနပါတယ္။
ခ်ယ္ဆီး လူငယ္ ကစားသမား ေကာ္နာ ဂလဲဟား ဟာ လန္ဒန္ျမိဳ႔ခံ တစ္သင္းပဲ ျဖစ္တဲ့ ခရစၥတယ္ပဲေလ့စ္ ထံ အငွား သြားေရာက္ ကစားျပီျဖစ္ျပီး ပဲေလ့စ္က အတည္ျပဳ ေၾကျငာသြားခဲ့ပါတယ္။
ဘရိုက္တန္ကေန ေျပာင္းေရႊ႕လာျပီး အာဆင္နယ္ ကစားသမား ျဖစ္လာတဲ့ ခံစစ္မွဴး ဘန္၀ိႈက္ဟာ အသင္းေဖာ္ အသစ္ေတြနဲ႕ အတူ ပထမဆံုး ထရိန္နင္မွာ ပူးေပါင္း ေလ့က်င့္ေနျပီ ျဖစ္ပါတယ္။
