ဖီနာဘာချီ အသင်းဟာ အာဆင်နယ် ခံစစ်မှူး ဆီဒရစ် ဆောရက်စ် ကို အလိုရှိနေပြီး အသက် ၂၉ နှစ် အရွယ် ကစားသမားကို ကနဦး အငှား၊ နောက်နှစ်နွေမှာ အပြီးဝယ်ယူခွင့်နဲ့ ကမ်းလှမ်းလိုနေတာပါ။
ယူနိုက်တက်ရဲ့ ချိတ်ဆက်မှုတွေ ရှိနေပေမယ့် ဘိုင်ယန်မြူးနစ် ကွင်းလယ် ကစားသမား ဂေါ်ရက်စကာဟာ အသင်းနဲ့ သက်တမ်းတိုးပြီး ဆက်ရှိနေမယ်လို့ နည်းပြ နစ်ဂေးစ်မန်းက ယုံကြည်မှု ရှိနေပါတယ်။ ဂေါ်ရက်စကာရဲ့ လက်ရှိ စာချုပ်က ၂၀၂၂ နွေမှာ ကုန်ဆုံးတော့မှာ ဖြစ်လို့ နောက်ဆုံး ၁၂လထဲ ဝင်ရောက်နေပြီ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ကွင်းလယ် ကစားသမား ကော်လာဒို ကို ကလပ်ဘရူဂေးအသင်းထံ တစ်ရာသီ အငှားနဲ့ ထွက်ခွာခွင့်ပြုလိုက်ပြီ ဖြစ်ပြီး နောက်နှစ်မှာတော့ ကော်လာဒိုကို ပြန်ခေါ်မှာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းနဲ့ အဲဗာတန် အသင်းတို့ဟာ ဖလာမန်ဂို တိုက်စစ်မှူး ဂါဘရီရယ် ဘာဘိုဆာ ကို ခေါ်ယူဖို့ ချဉ်းကပ်နေကြောင်း သိရပါတယ်။ လာမယ့် သီတင်းပတ်တွေ အတွင်း တစ်သင်းသင်းက ၎င်းအတွက် ပေါင် သန်း ၄၀ ပြောင်းရွှေ့ကြေး ပေးနိုင်ရင် ခေါ်ယူနိုင်ဖို့လည်း အခွင့်သာနေပါတယ်။
ရှက်ဖီးယူနိုက်တက်ဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်သမား ဂျိမ်းစ် ဂါနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အသက ၂၀ ကွင်းလယ်သမားလေးကို ရှက်ဖီးက အငှားနဲ့ ခေါ်ယူလိုနေပြီး ၎င်းကို နော့တင်ဟမ်ဖောရက်စ်ကလည်း အလိုရှိနေပါတယ်။
ပရီးမီးယားလိဂ်ထံ ပြန်သွားဖို့ သတင်းထွက်နေတဲ့ ကွင်းလယ် ကစားသမား ရမ်ဆေးဟာ ဂျူဗင်တပ် အသင်း အတွက် အရေးပါတဲ့ အသင်းသား ဖြစ်ကြောင်း နည်းပြ အယ်လီဂရီက ပြောဆိုလိုက်ပြီး အသင်းပြောင်း သတင်းတွေကို မှေးမှိန်စေလိုက်ပါတယ်။
ဂရေးလစ်ချ် အတွက် မန်စီးတီးရဲ့ စံချိန်တင် ကမ်းလှမ်းမှုကို ငြင်းရခက်နေပြီ ဖြစ်တဲ့ အက်စတွန်ဗီလာ က ဂရေးလစ်ချ်ကို လက်လွှတ်ရရင် အစားထိုးဖို့ ကစားသမား ရှာဖွေနေပြီး နောဝစ်ချ် ကွင်းလယ် ကန့်ဝဲလ် အတွက် မေးမြန်းထားရာ ပေါင် သန်း ၄၀ ထိ သုံးရဖို့ ရှိနေပါတယ်။
အာဆင်နယ် လူငယ်ကြယ်ပွင့် ရေးစ် နယ်ဆန်ကို ဂန်းနား ဂန္တဝင်ကြီး ပက်ထရစ် ဗီအဲရာ နည်းပြ လုပ်နေတဲ့ ခရစ္စတယ်ပဲလေ့စ်က ခေါ်ယူလိုနေပါတယ်။ နယ်ဆိုကို ပွဲကစားခွင့် ပေးမယ် ဆိုရင်တော့ ပဲလေ့စ်က အငှားနဲ့ ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။

Zawgyi
ဖီနာဘာခ်ီ အသင္းဟာ အာဆင္နယ္ ခံစစ္မွဴး ဆီဒရစ္ ေဆာရက္စ္ ကို အလိုရွိေနျပီး အသက္ ၂၉ နွစ္ အရြယ္ ကစားသမားကို ကနဦး အငွား၊ ေနာက္နွစ္ေႏြမွာ အျပီး၀ယ္ယူခြင့္နဲ႕ ကမ္းလွမ္းလိုေနတာပါ။
ယူနိုက္တက္ရဲ႕ ခ်ိတ္ဆက္မႈေတြ ရွိေနေပမယ့္ ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္ ကစားသမား ေဂၚရက္စကာဟာ အသင္းနဲ႕ သက္တမ္းတိုးျပီး ဆက္ရွိေနမယ္လို႔ နည္းျပ နစ္ေဂးစ္မန္းက ယံုၾကည္မႈ ရွိေနပါတယ္။ ေဂၚရက္စကာရဲ႕ လက္ရွိ စာခ်ဳပ္က ၂၀၂၂ ေႏြမွာ ကုန္ဆံုးေတာ့မွာ ျဖစ္လို႔ ေနာက္ဆံုး ၁၂လထဲ ၀င္ေရာက္ေနျပီ ျဖစ္ပါတယ္။
ဘာစီလိုနာ အသင္းဟာ ကြင္းလယ္ ကစားသမား ေကာ္လာဒို ကို ကလပ္ဘရူေဂးအသင္းထံ တစ္ရာသီ အငွားနဲ႕ ထြက္ခြာခြင့္ျပဳလိုက္ျပီ ျဖစ္ျပီး ေနာက္နွစ္မွာေတာ့ ေကာ္လာဒိုကို ျပန္ေခၚမွာ ျဖစ္ပါတယ္။
၀က္စ္ဟမ္းနဲ႕ အဲဗာတန္ အသင္းတို႔ဟာ ဖလာမန္ဂို တိုက္စစ္မွဴး ဂါဘရီရယ္ ဘာဘိုဆာ ကို ေခၚယူဖို႔ ခ်ဥ္းကပ္ေနေၾကာင္း သိရပါတယ္။ လာမယ့္ သီတင္းပတ္ေတြ အတြင္း တစ္သင္းသင္းက ၄င္းအတြက္ ေပါင္ သန္း ၄၀ ေျပာင္းေရႊ႕ေၾကး ေပးနုိင္ရင္ ေခၚယူနုိင္ဖို႔လည္း အခြင့္သာေနပါတယ္။
ရွက္ဖီးယူနိုက္တက္ဟာ မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္သမား ဂ်ိမ္းစ္ ဂါနာကို ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။ အသက ၂၀ ကြင္းလယ္သမားေလးကို ရွက္ဖီးက အငွားနဲ႕ ေခၚယူလိုေနျပီး ၄င္းကို ေနာ့တင္ဟမ္ေဖာရက္စ္ကလည္း အလိုရွိေနပါတယ္။
ပရီးမီးယားလိဂ္ထံ ျပန္သြားဖို႔ သတင္းထြက္ေနတဲ့ ကြင္းလယ္ ကစားသမား ရမ္ေဆးဟာ ဂ်ဴဗင္တပ္ အသင္း အတြက္ အေရးပါတဲ့ အသင္းသား ျဖစ္ေၾကာင္း နည္းျပ အယ္လီဂရီက ေျပာဆိုလိုက္ျပီး အသင္းေျပာင္း သတင္းေတြကို ေမွးမွိန္ေစလိုက္ပါတယ္။
ဂေရးလစ္ခ်္ အတြက္ မန္စီးတီးရဲ႕ စံခ်ိန္တင္ ကမ္းလွမ္းမႈကို ျငင္းရခက္ေနျပီ ျဖစ္တဲ့ အက္စတြန္ဗီလာ က ဂေရးလစ္ခ်္ကို လက္လႊတ္ရရင္ အစားထိုးဖို႔ ကစားသမား ရွာေဖြေနျပီး ေနာ၀စ္ခ်္ ကြင္းလယ္ ကန္႔၀ဲလ္ အတြက္ ေမးျမန္းထားရာ ေပါင္ သန္း ၄၀ ထိ သံုးရဖို႔ ရွိေနပါတယ္။
အာဆင္နယ္ လူငယ္ၾကယ္ပြင့္ ေရးစ္ နယ္ဆန္ကို ဂန္းနား ဂႏၱ၀င္ၾကီး ပက္ထရစ္ ဗီအဲရာ နည္းျပ လုပ္ေနတဲ့ ခရစၥတယ္ပဲေလ့စ္က ေခၚယူလိုေနပါတယ္။ နယ္ဆိုကို ပြဲကစားခြင့္ ေပးမယ္ ဆိုရင္ေတာ့ ပဲေလ့စ္က အငွားနဲ႕ ေခၚယူနိုင္ဖြယ္ ရွိပါတယ္။
