ရာသီသစ်မှာ သတိထားစောင့်ကြည့်သွားရမယ့် ကလပ် (၅) သင်းကို ရွေးထုတ်လာတဲ့ လမ်းပတ်

ပရီးမီးယားလိဂ် ဘောလုံးရာသီသစ် စတင်တော့မှာဖြစ်သလို အင်္ဂလန်လိဂ်မှာ စိတ်လှုပ်ရှားစရာတွေ ပေးလာမယ့် ကလပ် ၅ သင်းကို လမ်းပတ်က ရွေးထုတ်ခဲ့ပါတယ်။

လမ်းပတ်က ရာသီသစ်မှာ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မယ့် အသင်း ၂ သင်းနဲ့ လျော့တွက်မရတဲ့ အသင်း ၃ သင်းကို ရွေးထုတ်ခဲ့ခြင်းဖြစ်တယ်။ လမ်းပတ်ကတော့ သူရွေးချယ်တဲ့ ကလပ် နှစ်သင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးနဲ့ ဥရောပချန်ပီယံ ချယ်ဆီးတို့နဲ့အပြိုင် ဆုဖလား စိန်ခေါ်မှုမှာ ပါဝင်နိုင်မယ်လို့ ယုံကြည်ဟန်ရှိတယ်။

ဆန်ချိုအတွက် ပေါင် ၇၃ သန်း၊ ဗာရိန်းအတွက် ပေါင် ၄၅ သန်း အသုံးပြုထားတဲ့ ယူနိုက်တက်နဲ့ ဗန်ဒိုက်၊ ဂိုးမက်စ်၊ သီယာဂို၊ ချိန်ဘာလိန် အစရှိတဲ့ ကစားသမားတွေ ဒဏ်ရာက ပြန်သက်သာလာတဲ့ လီဗာပူးတို့ဟာ အမှတ်ပေးဖလားအတွက် လျော့မတွက်သင့်တဲ့ အသင်းတွေပါလို့ လမ်းပတ်က မြင်ပါတယ်။

လမ်းပတ်က “ ယူနိုက်တက်ကို လျော့မတွက်သင့်ဘူးလို့ ထင်ပါတယ်။ သူတို့က နှစ်တုန်းက သိပ်ပြီး ပြတ်ကျန်ခဲ့တဲ့ အသင်းမဟုတ်သလို ဒီရာသီမှာလည်း ထပ်ပြီး ယှဉ်ပြိုင်ပါလိမ့်မယ်။ သိပ်ကောင်းတဲ့ ခေါ်ယူမှုကောင်းတွေကိုလည်း ယူနိုက်တက်က လုပ်ထားနိုင်တယ်။ ကျနော်ကတော့ လီဗာပူးကလည်း ယူနိုက်တက်လိုပဲ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်မယ်လို့ ထင်ပါတယ်။

“ လီဗာပူးက မနှစ်တုန်းက ဘောလုံးရာသီအချိန် အတော်များများမှာ သူတို့ရဲ့ ကစားသမားကောင်းတွေကို ဒဏ်ရာကြောင့် အသုံးပြုနိုင်ခဲ့ခြင်း မရှိပါဘူး။ မနှစ်က မတိုင်ခင် တစ်နှစ်မှာတုန်းက မြင်ရတဲ့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ကျနေ်ာတို့ မြင်ဖူးသမျှ အကောင်းဆုံးအသင်းတွေထဲ ပါဝင်ခဲ့ပါတယ်။ ဒီတော့ လီဗာပူးကိုလည်း လျော့တွက်လို့ မရပါဘူး ” ဆိုပြီး မှတ်ချက်ပေးပါတယ်။

ဒါပေမယ့်လို့ အင်္ဂလန်ထိပ်သီး ကလပ် ၂ သင်းအပြင် ဒီရာသီ ပရီးမီးယားလိဂ်မှာ စောင့်ကြည့်ရမယ့် အသင်း ၃ သင်း ရှိတာကိုလည်း လမ်းပတ်က ရွေးထုတ်ခဲ့ပါတယ်။ သူတို့တွေက မနှစ်ကရာသီမှာ ကြီး ၆ ကြီးကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ခဲ့တဲ့ အသင်းတွေဖြစ်ပါတယ်။

“ အောက်ကနေ ဖိအားပေးနိုင်တဲ့ အသင်းတွေကိုလည်း လျော့တွက်လို့ မရပါဘူး။ လက်စတာက ပိတ်ရက်တုန်းက မန်စီးတီးကို အနိုင်ယူသွားတာ ကျနေ်ာတို့ မြင်တွေ့ခဲ့တယ်။ ဝက်ဟမ်းကလည်း တကယ်ကို တိုးတက်လာပါတယ်။

အက်စတွန်ဗီလာက ဂရီလစ်ကို လက်လွတ်ထားရတယ်ဆိုပေမယ့် ကစားသမားကောင်းတွေကို ခေါ်ယူထားတာကြောင့် တောင့်တင်းတဲ့ လူစာရင်း ပိုင်ဆိုင်နေပါတယ်။ ဒီတော့ စိတ်လှုပ်ရှားစရာ ဘောလုံးရာသီကောင်းဖြစ်လာမှာကို ကျနေ်ာတို့ စောင့်ကြည့်ကြတာပေါ့ ” လို့ သုံးသပ်သွားတာ ဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ ေဘာလံုးရာသီသစ္ စတင္ေတာ့မွာျဖစ္သလို အဂၤလန္လိဂ္မွာ စိတ္လႈပ္ရွားစရာေတြ ေပးလာမယ့္ ကလပ္ ၅ သင္းကို လမ္းပတ္က ေရြးထုတ္ခဲ့ပါတယ္။

လမ္းပတ္က ရာသီသစ္မွာ ပရီးမီးယားလိဂ္ဖလား စိန္ေခၚမယ့္ အသင္း ၂ သင္းနဲ႔ ေလ်ာ့တြက္မရတဲ့ အသင္း ၃ သင္းကို ေရြးထုတ္ခဲ့ျခင္းျဖစ္တယ္။ လမ္းပတ္ကေတာ့ သူေရြးခ်ယ္တဲ့ ကလပ္ ႏွစ္သင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးနဲ႔ ဥေရာပခ်န္ပီယံ ခ်ယ္ဆီးတို႔နဲ႔အျပိဳင္ ဆုဖလား စိန္ေခၚမႈမွာ ပါဝင္ႏုိင္မယ္လို႔ ယံုၾကည္ဟန္ရွိတယ္။

ဆန္ခ်ိဳအတြက္ ေပါင္ ၇၃ သန္း၊ ဗာရိန္းအတြက္ ေပါင္ ၄၅ သန္း အသံုးျပဳထားတဲ့ ယူႏုိက္တက္နဲ႔ ဗန္ဒိုက္၊ ဂိုးမက္စ္၊ သီယာဂို၊ ခ်ိန္ဘာလိန္ အစရွိတဲ့ ကစားသမားေတြ ဒဏ္ရာက ျပန္သက္သာလာတဲ့ လီဗာပူးတို႔ဟာ အမွတ္ေပးဖလားအတြက္ ေလ်ာ့မတြက္သင့္တဲ့ အသင္းေတြပါလို႔ လမ္းပတ္က ျမင္ပါတယ္။

လမ္းပတ္က “ ယူႏုိက္တက္ကို ေလ်ာ့မတြက္သင့္ဘူးလို႔ ထင္ပါတယ္။ သူတို႔က ႏွစ္တုန္းက သိပ္ျပီး ျပတ္က်န္ခဲ့တဲ့ အသင္းမဟုတ္သလို ဒီရာသီမွာလည္း ထပ္ျပီး ယွဥ္ျပိဳင္ပါလိမ့္မယ္။ သိပ္ေကာင္းတဲ့ ေခၚယူမႈေကာင္းေတြကိုလည္း ယူႏုိက္တက္က လုပ္ထားႏုိင္တယ္။ က်ေနာ္ကေတာ့ လီဗာပူးကလည္း ယူႏုိက္တက္လိုပဲ အမွတ္ေပးဖလားကို စိန္ေခၚႏုိင္မယ္လို႔ ထင္ပါတယ္။

“ လီဗာပူးက မႏွစ္တုန္းက ေဘာလံုးရာသီအခ်ိန္ အေတာ္မ်ားမ်ားမွာ သူတို႔ရဲ႕ ကစားသမားေကာင္းေတြကို ဒဏ္ရာေၾကာင့္ အသံုးျပဳႏုိင္ခဲ့ျခင္း မရွိပါဘူး။ မႏွစ္က မတိုင္ခင္ တစ္ႏွစ္မွာတုန္းက ျမင္ရတဲ့ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္မွာ က်ေန္ာတို႔ ျမင္ဖူးသမွ် အေကာင္းဆံုးအသင္းေတြထဲ ပါဝင္ခဲ့ပါတယ္။ ဒီေတာ့ လီဗာပူးကိုလည္း ေလ်ာ့တြက္လို႔ မရပါဘူး ” ဆိုျပီး မွတ္ခ်က္ေပးပါတယ္။

ဒါေပမယ့္လို႔ အဂၤလန္ထိပ္သီး ကလပ္ ၂ သင္းအျပင္ ဒီရာသီ ပရီးမီးယားလိဂ္မွာ ေစာင့္ၾကည့္ရမယ့္ အသင္း ၃ သင္း ရွိတာကိုလည္း လမ္းပတ္က ေရြးထုတ္ခဲ့ပါတယ္။ သူတို႔ေတြက မႏွစ္ကရာသီမွာ ၾကီး ၆ ၾကီးကို ေကာင္းေကာင္းၾကီး ဒုကၡေပးႏုိင္ခဲ့တဲ့ အသင္းေတြျဖစ္ပါတယ္။

“ ေအာက္ကေန ဖိအားေပးႏုိင္တဲ့ အသင္းေတြကိုလည္း ေလ်ာ့တြက္လို႔ မရပါဘူး။ လက္စတာက ပိတ္ရက္တုန္းက မန္စီးတီးကို အႏုိင္ယူသြားတာ က်ေန္ာတို႔ ျမင္ေတြ႔ခဲ့တယ္။ ဝက္ဟမ္းကလည္း တကယ္ကို တိုးတက္လာပါတယ္။

အက္စတြန္ဗီလာက ဂရီလစ္ကို လက္လြတ္ထားရတယ္ဆိုေပမယ့္ ကစားသမားေကာင္းေတြကို ေခၚယူထားတာေၾကာင့္ ေတာင့္တင္းတဲ့ လူစာရင္း ပိုင္ဆိုင္ေနပါတယ္။ ဒီေတာ့ စိတ္လႈပ္ရွားစရာ ေဘာလံုးရာသီေကာင္းျဖစ္လာမွာကို က်ေန္ာတို႔ ေစာင့္ၾကည့္ၾကတာေပါ့ ” လို႔ သံုးသပ္သြားတာ ျဖစ္ပါတယ္။