ဥရောပတခွင်မှ ယနေ့ညပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ (16/08/21)

လီဗာပူး ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေး လိုက်တန် ကလပ်ဆန်ဟာ ချန်ပီယံရှစ်ကလပ် ဘလက်ဘန်း အသင်းထံ တစ်ရာသီ အငှား ကစားဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း Goal သတင်းက ဖော်ပြထားပါတယ်။

အာဆင်နယ် ကွင်းလယ်ကစားသမား ဇာခါဟာ ဒီနွေမှာ ရိုးမားထံ ပြောင်းဖို့ နီးစပ်ခဲ့ပေမယ့် လန်ဒန်ကလပ်နဲ့ပဲ ၂၀၂၅ ထိ ဆက်ရှိစေမယ့် စာချုပ်သစ် သက်တမ်းတိုးလိုက်ကြောင်း လန်ဒန်အခြေစိုက် သတင်းဌာနက ဖော်ပြထားပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ လိဒ်နဲ့ ပွဲတုန်းကလို ဂိုးထောက်ပံ့မှု ၄ ကြိမ် တင်သာမက တစ်ပွဲတည်း ၅ဂိုး ၆ဂိုးလောက်တောင် ဖန်တီးထောက်ပံ့ပေးနိုင်သူ ဖြစ်ကြောင်း ဖာနန်ဒက်စ်က ချီးကျူးလိုက်ပါတယ်။

ပြင်သစ်အင်အားကြီးကလပ် ပီအက်စ်ဂျီ အသင်းကတော့ ယူနိုက်တက်နဲ့ စာချုပ်တစ်နှစ်သာ ကျန်တဲ့ ပေါ့ဘာကို နောက်နှစ်နွေမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူဖို့ ကြံရွယ်နေပြီး လုပ်ခ တစ်ပတ် ယူရို ၆ သိန်းထိ ပေးဖို့ပါ ရည်ရွယ်ထားပါတယ်။

ဘယ်လ်ဂျီယံသား ဂိုးသမား ကော်တိုရစ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၆ နွေထိ ဆက်ရှိစေမယ့် ၅နှစ် သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ကွင်းလယ်ကစားသမား အိုဒီဂတ်ကို ပေါင် ၃၄ သန်းနဲ့ပဲ အာဆင်နယ်ကို ရောင်းချလိုလာပါတယ်။ ဒါပေမယ့် ထပ်ဆောင်း ဆုကြေး ပေါင် ၈.၅ သန်းနဲ့ အလိုရှိတဲ့အချိန် ပြန်ဝယ်ခွင့်ကိုပါ ထည့်သွင်းလိုနေတာပါ။

ယူနိုက်တက်၊ မန်စီးတီးနဲ့ ချယ်ဆီးအသင်းတို့ဟာ ပြင်သစ်ကလပ် Metz အသင်းရဲ့ ဆယ်ကျော်သက် ကွင်းလယ် လူငယ်လေး ပါပီ ဆား ကို ခေါ်ယူဖို့ မျက်စိကျနေကြပါတယ်။ အသက် ၁၈ နှစ် အရွယ် ဆား အတွက် တန်ကြေးက ပေါင် ၂၈ သန်း ဝန်းကျင် ရှိနေပါတယ်။

The Athletic သတင်းဌာန အဆိုအရ လီဗာပူးဟာ ဒီနွေမှာ တိုက်စစ်မှုးသစ် ခေါ်ယူတော့မှာ မဟုတ်ဘဲ နည်းပြ ကလော့ပ်က အသင်းလူစာရင်းကို ကျေနပ်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အိုရီဂီ ထွက်ခွာရင်တော့ အခြေအနေ ပြောင်းလဲနိုင်ပါတယ်။

မန်စီးတီးနဲ့ ပွဲနေ့မှာ စပါးအသင်းဘက်မှ တိုက်စစ်မှူး ကိန်း မပါဝင်ခဲ့တာက လန်ဒန်ကလပ်နဲ့ ၎င်း အနာဂတ်က ပြီးဆုံးပြီလို့ ယူဆနိုင်ကြောင်း နဗီးလ်က သုံးသပ်လိုက်ပါတယ်။ အင်္ဂလန်အသင်းနဲ့ အတူ ယူရိုပြိုင်ပွဲဝင် ကစားခဲ့တဲ့ အင်္ဂလန်သားတွေ အကုန်လုံးက ပြန်ကစားနေကြပြီ ဖြစ်ပြီး ကိန်းကတော့ ပျက်ကွက်ခဲ့တာပါ။

Zawgyi

လီဗာပူး ဆယ္ေက်ာ္သက္ ကြင္းလယ္ကစားသမားေလး လိုက္တန္ ကလပ္ဆန္ဟာ ခ်န္ပီယံရွစ္ကလပ္ ဘလက္ဘန္း အသင္းထံ တစ္ရာသီ အငွား ကစားဖို႔ သေဘာတူညီမႈ ရခဲ့ျပီ ျဖစ္ေၾကာင္း Goal သတင္းက ေဖာ္ျပထားပါတယ္။

အာဆင္နယ္ ကြင္းလယ္ကစားသမား ဇာခါဟာ ဒီေႏြမွာ ရိုးမားထံ ေျပာင္းဖို႔ နီးစပ္ခဲ့ေပမယ့္ လန္ဒန္ကလပ္နဲ႕ပဲ ၂၀၂၅ ထိ ဆက္ရွိေစမယ့္ စာခ်ဳပ္သစ္ သက္တမ္းတိုးလိုက္ေၾကာင္း လန္ဒန္အေျခစိုက္ သတင္းဌာနက ေဖာ္ျပထားပါတယ္။

ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာဟာ လိဒ္နဲ႕ ပြဲတုန္းကလို ဂိုးေထာက္ပံ့မႈ ၄ ၾကိမ္ တင္သာမက တစ္ပြဲတည္း ၅ဂိုး ၆ဂိုးေလာက္ေတာင္ ဖန္တီးေထာက္ပံ့ေပးနုိင္သူ ျဖစ္ေၾကာင္း ဖာနန္ဒက္စ္က ခ်ီးက်ဴးလိုက္ပါတယ္။

ျပင္သစ္အင္အားၾကီးကလပ္ ပီအက္စ္ဂ်ီ အသင္းကေတာ့ ယူနိုက္တက္နဲ႕ စာခ်ဳပ္တစ္နွစ္သာ က်န္တဲ့ ေပါ့ဘာကို ေနာက္နွစ္ေႏြမွာ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ေခၚယူဖို႔ ၾကံရြယ္ေနျပီး လုပ္ခ တစ္ပတ္ ယူရို ၆ သိန္းထိ ေပးဖို႔ပါ ရည္ရြယ္ထားပါတယ္။

ဘယ္လ္ဂ်ီယံသား ဂိုးသမား ေကာ္တိုရစ္ဟာ ရီးရဲလ္မက္ဒရစ္နဲ႕ ၂၀၂၆ ေႏြထိ ဆက္ရွိေစမယ့္ ၅နွစ္ သက္တမ္းတိုး စာခ်ဳပ္သစ္ တစ္ရပ္ လက္မွတ္ေရးထိုးလိုက္ျပီ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ကြင္းလယ္ကစားသမား အိုဒီဂတ္ကို ေပါင္ ၃၄ သန္းနဲ႕ပဲ အာဆင္နယ္ကို ေရာင္းခ်လိုလာပါတယ္။ ဒါေပမယ့္ ထပ္ေဆာင္း ဆုေၾကး ေပါင္ ၈.၅ သန္းနဲ႕ အလိုရွိတဲ့အခ်ိန္ ျပန္၀ယ္ခြင့္ကိုပါ ထည့္သြင္းလိုေနတာပါ။

ယူနိုက္တက္၊ မန္စီးတီးနဲ႕ ခ်ယ္ဆီးအသင္းတို႔ဟာ ျပင္သစ္ကလပ္ Metz အသင္းရဲ႕ ဆယ္ေက်ာ္သက္ ကြင္းလယ္ လူငယ္ေလး ပါပီ ဆား ကို ေခၚယူဖို႔ မ်က္စိက်ေနၾကပါတယ္။ အသက္ ၁၈ နွစ္ အရြယ္ ဆား အတြက္ တန္ေၾကးက ေပါင္ ၂၈ သန္း ၀န္းက်င္ ရွိေနပါတယ္။

The Athletic သတင္းဌာန အဆိုအရ လီဗာပူးဟာ ဒီေႏြမွာ တိုက္စစ္မႈးသစ္ ေခၚယူေတာ့မွာ မဟုတ္ဘဲ နည္းျပ ကေလာ့ပ္က အသင္းလူစာရင္းကို ေက်နပ္ေနတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ အိုရီဂီ ထြက္ခြာရင္ေတာ့ အေျခအေန ေျပာင္းလဲနိုင္ပါတယ္။

မန္စီးတီးနဲ႕ ပြဲေန႔မွာ စပါးအသင္းဘက္မွ တိုက္စစ္မွဴး ကိန္း မပါ၀င္ခဲ့တာက လန္ဒန္ကလပ္နဲ႕ ၄င္း အနာဂတ္က ျပီးဆံုးျပီလို႔ ယူဆနုိင္ေၾကာင္း နဗီးလ္က သံုးသပ္လိုက္ပါတယ္။ အဂၤလန္အသင္းနဲ႕ အတူ ယူရိုျပိဳင္ပြဲ၀င္ ကစားခဲ့တဲ့ အဂၤလန္သားေတြ အကုန္လံုးက ျပန္ကစားေနၾကျပီ ျဖစ္ျပီး ကိန္းကေတာ့ ပ်က္ကြက္ခဲ့တာပါ။