ဟာလန်းကို ခေါ်ယူလိုနေတဲ့ ထိပ်သီးအသင်းတွေကို စာချုပ်ကိစ္စ သတိပေးလာတဲ့ ဒေါ့မွန်နည်းပြ

မနှစ်က ပိုကယ်ဖလား ရခဲ့တဲ့ ဒေါ့မွန်ဟာ အင်္ဂါနေ့ညက စူပါဖလားပွဲမှာတော့ ဘိုင်ယန်မြူးနစ်ကို အရှုံးနိမ့်ခဲ့ခြင်းကြောင့် ဆုဖလားတစ်လုံး ပိုင်ဆိုင်ခွင့် ဆုံးရံှူးခဲ့ပြီဖြစ်ပါတယ်။

ဟာလန်းဟာ ဘိုင်ယန်နဲ့မတွေ့ခင် ပိုကယ်ဖလား ပထမအဆင့် ဗီးဘေဒန်နဲ့ ပွဲမှာ ဟက်ထရစ်၊ ဖရန့်ဖတ်နဲ့ ဘွန်ဒက်စ်လီဂါပွဲမှာ ၂ ဂိုးနဲ့ ဖန်တီးမှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပေမယ့် ဘိုင်ယန်နဲ့ပွဲမှာတော့ သွင်းဂိုးမရခဲ့ပါဘူး။ ဒါပေမယ့်လို့ ဘိုင်ယန်ကို အရေးနိမ့်ခြင်းဟာ ဆုဖလားတွေ ဆာလောင်နေတဲ့ ဟာလန်းကို အသင်းကနေ ခေါ်ထုတ်ဖို့ အကြောင်းပြချက် ဖြစ်လာမှာ မဟုတ်ဘူးလို့ ဒေါ့မွန်နည်းပြက ယုံကြည်နေတယ်။

ဟာလန်းဟာ ဒီရာသီအကုန်မှာ ကစားသမားဘဝ တစ်ဆင့်မြင့်ဖို့အတွက် ဒေါ့မွန်ကနေ ဥရောပထိပ်သီး တစ်သင်းသင်းထံ ထွက်ခွာဖို့ ကြိုးစားလိမ့်မယ် ခန့်မှန်းခံထားရတယ်။ နည်းပြ မာကိုရို့စ်ကတော့ ဟာလန်းကလ ကလပ်နဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်သေးတာကြောင့် သူထွက်ခွာဖို့ ကိစ္စက သေချာပေါက် ပြောလို့မရသေးပါဘူးလို့ ငြင်းဆိုခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် အပါအဝင် သူ့ကို စိတ်ဝင်စားနေတဲ့ ကလပ်တွေကို စိတ်ပျက်စေမှာ ဖြစ်ပါတယ်။

“သူက ကျွန်တော်တို့နဲ့ ကာလရှည် စာချုပ်ရှိပါသေးတယ်။ အပြင်က လူတွေကတော့ နောက်နွေရာသီမှာ သူ ဒေါ့မွန်ကို စွန့်ခွာမယ်လို့ အတည်ပေါက်တွေ ပြောနေကြပေမယ့် ဒါက မလွဲမသေ ဖြစ်လာမယ့်အရာတော့ မဟုတ်ပါဘူး။ အဆုံးသတ်မှာ ဟာလန်းက သူ့အနာဂတ်ကို သူကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ အခု သူက ကလပ်မှာ ကစားနေတာကို ပျော်ရွှင်ပါတယ်။ ကျွန်တော်တို့ ဒီရာသီမှာ ထူးထူးခြားခြား လုပ်ပြနိုင်ရင် သူ ဒီမှာ တစ်ရာသီထက် ပိုပြီးတော့တောင် ဆက်ရှိနေနိုင်ပါတယ်”လို့ ပြောဆိုခဲ့တာပါ။

ဒေါ့မွန်ဟာ စနေနေ့မှာ ဖရိုင်းဘတ်နဲ့ အဝေးကွင်းပွဲ ကစားရမှာဖြစ်ပြီး မဟာပြိုင်ဘက် ဘိုင်ယန်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ရာကနေ ပြန်လာနိုင်ဖို့ ကြိုးစားသွားရမှာ ဖြစ်ပါတယ်။

ZAWGYI – မႏွစ္က ပိုကယ္ဖလား ရခဲ့တဲ့ ေဒါ့မြန္ဟာ အဂၤါေန႔ညက စူပါဖလားပြဲမွာေတာ့ ဘိုင္ယန္ျမဴးနစ္ကို အရႈံးနိမ့္ခဲ့ျခင္းေၾကာင့္ ဆုဖလားတစ္လံုး ပိုင္ဆိုင္ခြင့္ ဆံုးရံွဴးခဲ့ျပီျဖစ္ပါတယ္။

ဟာလန္းဟာ ဘိုင္ယန္နဲ႔မေတြ႕ခင္ ပိုကယ္ဖလား ပထမအဆင့္ ဗီးေဘဒန္နဲ႔ ပြဲမွာ ဟက္ထရစ္၊ ဖရန႔္ဖတ္နဲ႔ ဘြန္ဒက္စ္လီဂါပြဲမွာ ၂ ဂိုးနဲ႔ ဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ခဲ့ၿပီး ျဖစ္ေပမယ့္ ဘိုင္ယန္နဲ႔ပြဲမွာေတာ့ သြင္းဂိုးမရခဲ့ပါဘူး။ ဒါေပမယ့္လို႔ ဘိုင္ယန္ကို အေရးနိမ့္ျခင္းဟာ ဆုဖလားေတြ ဆာေလာင္ေနတဲ့ ဟာလန္းကို အသင္းကေန ေခၚထုတ္ဖို႔ အေၾကာင္းျပခ်က္ ျဖစ္လာမွာ မဟုတ္ဘူးလို႔ ေဒါ့မြန္နည္းျပက ယံုၾကည္ေနတယ္။

ဟာလန္းဟာ ဒီရာသီအကုန္မွာ ကစားသမားဘဝ တစ္ဆင့္ျမင့္ဖို႔အတြက္ ေဒါ့မြန္ကေန ဥေရာပထိပ္သီး တစ္သင္းသင္းထံ ထြက္ခြာဖို႔ ၾကိဳးစားလိမ့္မယ္ ခန္႔မွန္းခံထားရတယ္။ နည္းျပ မာကို႐ို႕စ္ကေတာ့ ဟာလန္းကလ ကလပ္နဲ႔ စာခ်ဳပ္သက္တမ္း ၃ ႏွစ္ က်န္ေသးတာေၾကာင့္ သူထြက္ခြာဖို႔ ကိစၥက ေသခ်ာေပါက္ ေျပာလို႔မရေသးပါဘူးလို႔ ျငင္းဆိုခဲ့တာေၾကာင့္ ရီးရဲလ္မက္ဒရစ္ အပါအဝင္ သူ႔ကို စိတ္ဝင္စားေနတဲ့ ကလပ္ေတြကို စိတ္ပ်က္ေစမွာ ျဖစ္ပါတယ္။

“သူက ကြၽန္ေတာ္တို႔နဲ႔ ကာလရွည္ စာခ်ဳပ္ရွိပါေသးတယ္။ အျပင္က လူေတြကေတာ့ ေနာက္ေႏြရာသီမွာ သူ ေဒါ့မြန္ကို စြန္႔ခြာမယ္လို႔ အတည္ေပါက္ေတြ ေျပာေနၾကေပမယ့္ ဒါက မလြဲမေသ ျဖစ္လာမယ့္အရာေတာ့ မဟုတ္ပါဘူး။ အဆုံးသတ္မွာ ဟာလန္းက သူ႔အနာဂတ္ကို သူကိုယ္တိုင္ ဆုံးျဖတ္ရမွာပါ။

ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ကေတာ့ အခု သူက ကလပ္မွာ ကစားေနတာကို ေပ်ာ္႐ႊင္ပါတယ္။ ကြၽန္ေတာ္တို႔ ဒီရာသီမွာ ထူးထူးျခားျခား လုပ္ျပႏိုင္ရင္ သူ ဒီမွာ တစ္ရာသီထက္ ပိုၿပီးေတာ့ေတာင္ ဆက္ရွိေနႏိုင္ပါတယ္”လို႔ ေျပာဆိုခဲ့တာပါ။

ေဒါ့မြန္ဟာ စေနေန႔မွာ ဖ႐ိုင္းဘတ္နဲ႔ အေဝးကြင္းပြဲ ကစားရမွာျဖစ္ၿပီး မဟာၿပိဳင္ဘက္ ဘိုင္ယန္ကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့ရာကေန ျပန္လာႏိုင္ဖို႔ ၾကိဳးစားသြားရမွာ ျဖစ္ပါတယ္။