ကြာသပတေးနေ့ညပိုင်း နောက်ဆုံးရ ဥရောပတခွင်မှ အပြောင်းအရွှေ့ သတင်းများ စုစည်းမှု

လိုင်ယွန်အသင်းက အရောင်းစာရင်း တင်လိုက်တဲ့ ကွင်းလယ် ပလေးမိတ်ကာ ကစားသမား ဟက်ဆန် အော်ရေး ကို စပါးအသင်းဟာ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ အော်ရေးကို အာဆင်နယ်ကလည်း ကာလရှည် ချိတ်ဆက်နေခဲ့တာပါ။

ရိုမီလူ လူကာကူကတော့ ၎င်းရဲ့ ကစားသမား ဘ၀ လက်ကျန် နှစ်တွေကို ချယ်ဆီးမှာပဲ နေသွားချင်ကြောင်း ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ အသက် ၂၈ နှစ် အရွယ် ဘယ်လ်ဂျီယံသားဟာ ချယ်ဆီးနဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုလိုက်တာပါ။

အက်သလက်တီကို မက်ဒရစ်ဟာ ၎င်းတို့ ခံစစ်မှူး ထရစ်ပီယာ အတွက် အာဆင်နယ်က ချိတ်ဆက် မေးမြန်းမှု ရရှိခဲ့သော်လည်း စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၁ သန်းထက် လျော့တဲ့ ကမ်းလှမ်းမှုကို လက်ခံမှာ မဟုတ်ကြောင်း အသိပေးထားပါတယ်။

မန်စီးတီးဟာ အသင်း ရောက်လာတာ တစ်နှစ်သာ ရှိသေးတဲ့ ရူဘန် ဒိုင်ယာ့ဇ် ကို နောက်ထပ် သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှု စတင်ထားပါတယ်။

ဒေါ့မွန်အသင်းဟာ ဟာလန်းရဲ့ စာချုပ် ဖျက်သိမ်းကြေး နောက်နှစ် နွေမှာ အသက်ဝင်တော့မှာ ဖြစ်တာကြောင့် ဆုကြေးနဲ့ ရမယ့် ငွေကြေးတွေကို ယူရို ၁၅ သန်းလောက် ထပ်တိုး ပြင်ဆင်ဖိုပ ကြိုးစားနေပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့် ရက်ပိုင်း အတွင်း ရီးရဲလ်မက်ဒရစ်ထံမှ ကွင်းလယ် ကစားသမား အိုဒီဂတ် ကို ခေါ်ယူမှု အပြီးသတ် အတည်ပြုနိုင်ဖို့ ရှိနေပါတယ်။ အိုဒီဂတ်ကို ချယ်ဆီးနဲ့ ပွဲ အမှီ အာဆင်နယ်က ကြိုးစားနေတာပါ။

ပခုံး ဒဏ်ရာ ခွဲစိတ်မှု ခံယူထားတဲ့ ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ ခပ်မြန်မြန်ပဲ သက်သာ ကောင်းမွန်လာနေပြီး ဒီလကုန်မှာ ယူနိုက်တက်နဲ့ ထရိန်နင် ပြန်ဆင်းလာနိုင်ဖို့ မျှော်လင့်ရပါတယ်။

ပီအက်စ်ဂျီက နောက်နှစ်နွေမှာ ပေါ့ဘာကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူခွင့် ရရင် တစ်ပတ် လုပ်ခ ယူရို ၆ သိန်း (ပေါင် ၅.၁ သိန်း) ပေးဖို့ လိုလားနေပါတယ်။

ဆီဗီလာ ခံစစ်မှူး ဂျူးလက်စ် ကွန်ဒဲလ်ရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ ပေါင် ၇၆ သန်း သို့ တက်သွားတာကြောင့် ၎င်းကို အလိုရှိနေတဲ့ ချယ်ဆီးအတွက် ထိုးနှက်ချက် ဖြစ်လာပါတယ်။

မန်စီးတီးအသင်းဟာ အပြောင်းအရွှေ့ ဈေးကွက်ပိတ်ဖို့ နှစ်ပတ် လျော့လျော့သာ ကျန်တော့တာကြောင့် စပါးတိုက်စစ်မှူး ကိန်းအတွက် ကမ်းလှမ်းမှုကို ပေါင် သန်း ၁၅၀ နဲ့ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

Zawgyi

လိုင္ယြန္အသင္းက အေရာင္းစာရင္း တင္လိုက္တဲ့ ကြင္းလယ္ ပေလးမိတ္ကာ ကစားသမား ဟက္ဆန္ ေအာ္ေရး ကို စပါးအသင္းဟာ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနပါတယ္။ ေအာ္ေရးကို အာဆင္နယ္ကလည္း ကာလရွည္ ခ်ိတ္ဆက္ေနခဲ့တာပါ။

အက္သလက္တီကို မက္ဒရစ္ဟာ ၄င္းတို႔ ခံစစ္မွဴး ထရစ္ပီယာ အတြက္ အာဆင္နယ္က ခ်ိတ္ဆက္ ေမးျမန္းမႈ ရရွိခဲ့ေသာ္လည္း စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၅၁ သန္းထက္ ေလ်ာ့တဲ့ ကမ္းလွမ္းမႈကို လက္ခံမွာ မဟုတ္ေၾကာင္း အသိေပးထားပါတယ္။

ရိုမီလူ လူကာကူကေတာ့ ၄င္းရဲ႕ ကစားသမား ဘ၀ လက္က်န္ နွစ္ေတြကို ခ်ယ္ဆီးမွာပဲ ေနသြားခ်င္ေၾကာင္း ထုတ္ေဖာ္ေျပာဆို လိုက္ပါတယ္။ အသက္ ၂၈ နွစ္ အရြယ္ ဘယ္လ္ဂ်ီယံသားဟာ ခ်ယ္ဆီးနဲ႕ ၅ နွစ္ စာခ်ဳပ္ ခ်ဳပ္ဆုိလိုက္တာပါ။

မန္စီးတီးဟာ အသင္း ေရာက္လာတာ တစ္နွစ္သာ ရွိေသးတဲ့ ရူဘန္ ဒိုင္ယာ့ဇ္ ကို ေနာက္ထပ္ သက္တမ္းတိုး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးမႈ စတင္ထားပါတယ္။

ေဒါ့မြန္အသင္းဟာ ဟာလန္းရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းေၾကး ေနာက္နွစ္ ေႏြမွာ အသက္၀င္ေတာ့မွာ ျဖစ္တာေၾကာင့္ ဆုေၾကးနဲ႕ ရမယ့္ ေငြေၾကးေတြကို ယူရို ၁၅ သန္းေလာက္ ထပ္တိုး ျပင္ဆင္ဖိုပ ၾကိဳးစားေနပါတယ္။

အာဆင္နယ္အသင္းဟာ လာမယ့္ ရက္ပိုင္း အတြင္း ရီးရဲလ္မက္ဒရစ္ထံမွ ကြင္းလယ္ ကစားသမား အိုဒီဂတ္ ကို ေခၚယူမႈ အျပီးသတ္ အတည္ျပဳနုိင္ဖို႔ ရွိေနပါတယ္။ အိုဒီဂတ္ကို ခ်ယ္ဆီးနဲ႕ ပြဲ အမွီ အာဆင္နယ္က ၾကိဳးစားေနတာပါ။

ပခံုး ဒဏ္ရာ ခြဲစိတ္မႈ ခံယူထားတဲ့ ယူနိုက္တက္ တိုက္စစ္မွဴး မားကပ္ ရက္ဖုိ႔ဒ္ဟာ ခပ္ျမန္ျမန္ပဲ သက္သာ ေကာင္းမြန္လာေနျပီး ဒီလကုန္မွာ ယူနိုက္တက္နဲ႕ ထရိန္နင္ ျပန္ဆင္းလာနိုင္ဖို႔ ေမွ်ာ္လင့္ရပါတယ္။

ပီအက္စ္ဂ်ီက ေနာက္နွစ္ေႏြမွာ ေပါ့ဘာကို ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ေခၚယူခြင့္ ရရင္ တစ္ပတ္ လုပ္ခ ယူရို ၆ သိန္း (ေပါင္ ၅.၁ သိန္း) ေပးဖို႔ လိုလားေနပါတယ္။

ဆီဗီလာ ခံစစ္မွဴး ဂ်ဴးလက္စ္ ကြန္ဒဲလ္ရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းေၾကးဟာ ေပါင္ ၇၆ သန္း သို႔ တက္သြားတာေၾကာင့္ ၄င္းကို အလိုရွိေနတဲ့ ခ်ယ္ဆီးအတြက္ ထိုးနွက္ခ်က္ ျဖစ္လာပါတယ္။

မန္စီးတီးအသင္းဟာ အေျပာင္းအေရႊ႕ ေစ်းကြက္ပိတ္ဖို႔ နွစ္ပတ္ ေလ်ာ့ေလ်ာ့သာ က်န္ေတာ့တာေၾကာင့္ စပါးတိုက္စစ္မွဴး ကိန္းအတြက္ ကမ္းလွမ္းမႈကို ေပါင္ သန္း ၁၅၀ နဲ႕ ျပဳလုပ္ဖို႔ ျပင္ဆင္ေနပါတယ္။