မန်စီးတီး Vs အာဆင်နယ် ပရီးမီးယားလိဂ် ပွဲကြိုနဲ့ ခန့်မှန်းသုံးသပ်ချက်

ရပ်နားထားတဲ့ ပရီးမီးယားလိဂ် ပွဲတွေကိုတော့ လာမယ့် ဇွန် ၁၇ ရက်မှာ ပြန်လည် စတင်တော့မှာပါ။ ပွဲဦးထွက် အဖြစ် ပထမရက် ကစားမယ့် ပွဲစဉ်ထဲ မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့ရဲ့ ပွဲကောင်းတစ်ပွဲလည်း ပါဝင်နေပါတယ်။

ပွဲတွေ ပြန်စရင် အရင်ကနဲ့ မတူတဲ့ စည်းမျဥ်းတွေ ကန့်သတ်ချက်တွေနဲ့ ကလပ်အသင်းတွေဟာ သတိကြီးကြီးထား ယှဉ်ပြိုင်ကြရတော့မှာပါ။ အီတီဟက်မှာ ကစားမယ့် ပွဲမှာ ပရိသတ် မပါဝင်ဘဲ ကွင်းပိတ် ကစားမှာ ဖြစ်ပြီး လူစားလဲခွင့်ကို ၅ ဦးအထိ၊ အရန်ခုံမှာ ၉ ဦးထိ ပါဝင်ခွင့် ရှိမှာ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ အာဆင်နယ်နဲ့ ပွဲစဉ်ဟာ မြန်မာစံတော်ချိန် အနေနဲ့ ဆိုရင် ဇွန် ၁၈ ရက်နေ့ ကြာသပတေးနေ့ နံနက်အစော ၁း၄၅ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပဲ ဖြစ်ပါတယ်။ ထိုပွဲစဉ်နဲ့ ပတ်သတ်ပြီး အင်္ဂလန် The Standard သတင်းဌာနရဲ့ သုံးသပ် ခန့်မှန်းချက်ကို ဖော်ပြပေးပါမယ်။

ပရီးမီးယားလိဂ် မတိုင်ခင် ကွင်းပိတ်ကစားနေတဲ့ ဘွန်ဒစ်လီဂါ ပွဲတွေကြည့်ရင် အာဆင်နယ်ဟာ ပိုပြီး စိတ်အားတက်ကြွနေမှာပါ။ ကွင်းပိတ် ကစားတာကြောင့် အိမ်ရှင် အသင်းတွေဟာ ပရိသတ်အင်အားကို ယခင်ကလို အားကိုးလို့ မရနိုင်တော့ဘဲ ရှိနေပါတယ်။

ဒါပေမယ့် ဒီရာသီ လီဗာပူးရဲ့ နောက်ကောက်ချခြင်း ခံထားရတဲ့ မန်စီးတီးဟာ အာဆင်နယ်နဲ့တော့ အမှတ်များစွာ ကွာဟ အသာရထားတဲ့ အသင်း ဖြစ်ပါတယ်။ အာဆင်နယ်က မန်စီးတီးနောက် ၁၇ မှတ်ထိ ကွာဟနေတာပါ။ ဒါကြောင့် အိမ်ရှင်အသင်းထံကနေ နိုင်ပွဲရလဒ်ကို ကျော်ဖြတ်ယူနိုင်ဖို့ အာဆင်နယ် ခက်ခဲပါါလိမ့်မယ်။

အာဆင်နယ် ရှိထားတဲ့ အဓိက အားသာချက် တစ်ခုကတော့ စီးတီးနည်းပြ ပက်ဂွာဒီယိုလာရဲ့ လက်ထောက် နည်းပြ ဖြစ်ဖူးတဲ့ အာတီတာဟာ မန်စီးတီးအသင်းရဲ့ အားသာချက် အားနည်းချက်တွေကို ခရေစေ့တွင်းကျ သိထားသူ ဖြစ်ပါတယ်။ ဒါကပဲ ဂွာဒီယိုလာရဲ့ စီးတီးကို ရင်ဆိုင်ဖို့ ရှိထားတဲ့ အားသာချက်ကြီး ဖြစ်ပါတယ်။ အာတီတာ အနေနဲ့ ပရိသတ်တွေကို အံ့အားသင့်သွားစေမယ့် ရလဒ်ယူပေးနိုင်ဖို့ ဒိထက် ကောင်းတဲ့ အခွင့်အရေး ရှိမယ် မထင်ပါဘူး။

ခန့်မှန်းရလဒ် ။ ။ မန်စီးတီး ၂-၁ အာဆင်နယ်။

Zawgyi – ရပ္နားထားတဲ့ ပရီးမီးယားလိဂ္ ပြဲေတြကိုေတာ့ လာမယ့္ ဇြန္ ၁၇ ရက္မွာ ျပန္လည္ စတင္ေတာ့မွာပါ။ ပြဲဦးထြက္ အျဖစ္ ပထမရက္ ကစားမယ့္ ပြဲစဥ္ထဲ မန္စီးတီးနဲ႕ အာဆင္နယ္ အသင္းတို႔ရဲ႕ ပြဲေကာင္းတစ္ပြဲလည္း ပါ၀င္ေနပါတယ္။

ပြဲေတြ ျပန္စရင္ အရင္ကနဲ႕ မတူတဲ့ စည္းမ်ဥး္ေတြ ကန္႔သတ္ခ်က္ေတြနဲ႕ ကလပ္အသင္းေတြဟာ သတိၾကီးၾကီးထား ယွဥ္ျပိဳင္ၾကရေတာ့မွာပါ။ အီတီဟက္မွာ ကစားမယ့္ ပြဲမွာ ပရိသတ္ မပါ၀င္ဘဲ ကြင္းပိတ္ ကစားမွာ ျဖစ္ျပီး လူစားလဲခြင့္ကို ၅ ဦးအထိ၊ အရန္ခံုမွာ ၉ ဦးထိ ပါ၀င္ခြင့္ ရွိမွာ ျဖစ္ပါတယ္။

မန္စီးတီးနဲ႕ အာဆင္နယ္နဲ႕ ပြဲစဥ္ဟာ ျမန္မာစံေတာ္ခ်ိန္ အေနနဲ႕ ဆိုရင္ ဇြန္ ၁၈ ရက္ေန႕ ၾကာသပေတးေန႔ နံနက္အေစာ ၁း၄၅ နာရီ အခ်ိန္မွာ ယွဥ္ျပိဳင္ ကစားၾကမွာပဲ ျဖစ္ပါတယ္။ ထိုပြဲစဥ္နဲ႕ ပတ္သတ္ျပီး အဂၤလန္ The Standard သတင္းဌာနရဲ႕ သံုးသပ္ ခန္႔မွန္းခ်က္ကို ေဖာ္ျပေပးပါမယ္။

ပရီးမီးယားလိဂ္ မတိုင္ခင္ ကြင္းပိတ္ကစားေနတဲ့ ဘြန္ဒစ္လီဂါ ပြဲေတြၾကည့္ရင္ အာဆင္နယ္ဟာ ပိုျပီး စိတ္အားတက္ၾကြေနမွာပါ။ ကြင္းပိတ္ ကစားတာေၾကာင့္ အိမ္ရွင္ အသင္းေတြဟာ ပရိသတ္အင္အားကို ယခင္ကလို အားကိုးလို႔ မရနုိင္ေတာ့ဘဲ ရွိေနပါတယ္။

ဒါေပမယ့္ ဒီရာသီ လီဗာပူးရဲ႕ ေနာက္ေကာက္ခ်ျခင္း ခံထားရတဲ့ မန္စီးတီးဟာ အာဆင္နယ္နဲ႕ေတာ့ အမွတ္မ်ားစြာ ကြာဟ အသာရထားတဲ့ အသင္း ျဖစ္ပါတယ္။ အာဆင္နယ္က မန္စီးတီးေနာက္ ၁၇ မွတ္ထိ ကြာဟေနတာပါ။ ဒါေၾကာင့္ အိမ္ရွင္အသင္းထံကေန နုိင္ပြဲရလဒ္ကို ေက်ာ္ျဖတ္ယူနိုင္ဖို႔ အာဆင္နယ္ ခက္ခဲပါါလိမ့္မယ္။

အာဆင္နယ္ ရွိထားတဲ့ အဓိက အားသာခ်က္ တစ္ခုကေတာ့ စီးတီးနည္းျပ ပက္ဂြာဒီယိုလာရဲ႕ လက္ေထာက္ နည္းျပ ျဖစ္ဖူးတဲ့ အာတီတာဟာ မန္စီးတီးအသင္းရဲ႕ အားသာခ်က္ အားနည္းခ်က္ေတြကို ခေရေစ့တြင္းက် သိထားသူ ျဖစ္ပါတယ္။ ဒါကပဲ ဂြာဒီယိုလာရဲ႕ စီးတီးကို ရင္ဆိုင္ဖို႔ ရွိထားတဲ့ အားသာခ်က္ၾကီး ျဖစ္ပါတယ္။ အာတီတာ အေနနဲ႕ ပရိသတ္ေတြကို အံ့အားသင့္သြားေစမယ့္ ရလဒ္ယူေပးနိုင္ဖို႔ ဒိထက္ ေကာင္းတဲ့ အခြင့္အေရး ရွိမယ္ မထင္ပါဘူး။

ခန္႔မွန္းရလဒ္ ။ ။ မန္စီးတီး ၂-၁ အာဆင္နယ္။