ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည်စတင်တော့ ပွဲကောင်း တစ်ပွဲ အဖြစ် စပါးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့နေတဲ့ ပွဲလည်း ပါဝင်နေပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အပြိုင်ကြိုးစားနေတဲ့ နှစ်သင်း ဖြစ်တဲ့ အပြင် စပါးနည်းပြ မော်ရင်ညို အနေနဲ့လည်း အသင်းဟောင်း ယူနိုက်တက်ကို ပိုင်နက်ထဲမှာ ဧည့်ခံ ကစားရမှာပါ။
လက်ရှိ အမှတ်ပေးဇယားမှာ ယူနိုက်တက်က အဆင့် ၅ မှာ ရှိနေပြီး စပါးကတော့ အဆင့် ၈ မှာ ရပ်တည်နေကာ အမှတ်ကွာဟချက်က ၄ မှတ် ရှိပါတယ်။ တကယ်လို့ ဒီတစ်ပတ် ပွဲမှာ ယူနိုက်တက်ကို အနိုင်ကစားနိုင်ရင် စပါးအသင်း အနေနဲ့ အမှတ် ကွာခြားချက်ကို ၁ မှတ်အထိ လျှော့ချနိုင်မယ့် အခွင့်ကောင်းလည်း ဖြစ်နေပါတယ်။
စပါးနဲ့ ယူနိုက်တက်တို့ ပွဲစဉ်ဟာ မြန်မာစံတော်ချိန်နဲ့ ဆိုရင် ဇွန် ၂၀ ရက်နေ့ စနေနေ့ မနက် ၁း၄၅ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းပွဲစဉ်နဲ့ ပတ်သတ်ပြီး လန်ဒန် သတင်းဌာနကတော့ အခုလို သုံးသပ်ထားပါတယ်။
ဒဏ်ရာရ ပွဲပယ်မှာတော့ စပါးအသင်းဘက်က အလီ တစ်ယောက်သာ ပွဲပယ် ခံထားရတာ ရှိပြီး နှစ်သင်းလုံးမှာ ဒဏ်ရာ ကင်းစင်နေပါတယ်။ စပါးဘက်မှာ တိုက်စစ်မှူး ကိန်း၊ ဆွန်ယောင်မင်တို့ ပြန် သုံးနိုင်ပြီ ဖြစ်သလို ယူနိုက်တက်ကလည်း ရက်ဖို့ဒ်၊ ပေါ့ဘာတို့ ကစားဖို့ အသင့် ရှိနေပြီ ဖြစ်ပါတယ်။
မော်ရင်ညိုရော ဆိုးရှားပါ အသင်း အဓိက ကစားသမားတွေကို ဒဏ်ရာ ကင်းစင်စွာ ပြန်ရနေပြီ ဖြစ်ပါတယ်။ ဒီတော့ နှစ်သင်းလုံးမှာ ဘယ် အသင်းက အရှိန်ကောင်း ပိုရမလဲ ဆိုတာ ပြောရခက်ပါတယ်။ စပါးနဲ့ ယူနိုက်တက် နှစ်သင်းလုံးဟာ လတ်တလော ကစားထားတဲ့ နောဝစ်ချ်၊ ဝက်စ်ဘရွန်းတို့နဲ့ ပွဲတွေမှာလည်း အသီးသီး ရှုံးပွဲကြုံထားရပါတယ်။ ဒါကြောင့် အမှားတွေလည်း ကြိုတွေ့ထားပြီး ပြင်ဆင်ထားကြမယ် ယူဆရပါတယ်။
ဒီပွဲရဲ့ အသက်ကတော့ ဒုတိယပိုင်း လူစားလဲမှုတွေအပေါ် ပိုမူတည်ဖို့ များပြီး အသင်း မန်နေဂျာ နှစ်ယောက်လုံးကတော့ သရေ တစ်မှတ်အတွက် ပို ဦးတည်သွားမယ် ထင်ပါတယ်။
ခန့်မှန်းရလဒ်။ ။ တော့တင်ဟမ် စပါး ၁-၁ မန်ချက်စတာ ယူနိုက်တက်။
Zawgyi – ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲေတြ ျပန္လည္စတင္ေတာ့ ပြဲေကာင္း တစ္ပြဲ အျဖစ္ စပါးနဲ႕ မန္ခ်က္စတာ ယူနိုက္တက္တို႔ ထိပ္တိုက္ေတြ႔ေနတဲ့ ပြဲလည္း ပါ၀င္ေနပါတယ္။ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ အျပိဳင္ၾကိဳးစားေနတဲ့ နွစ္သင္း ျဖစ္တဲ့ အျပင္ စပါးနည္းျပ ေမာ္ရင္ညိဳ အေနနဲ႕လည္း အသင္းေဟာင္း ယူနိုက္တက္ကို ပိုင္နက္ထဲမွာ ဧည့္ခံ ကစားရမွာပါ။
လက္ရွိ အမွတ္ေပးဇယားမွာ ယူနိုက္တက္က အဆင့္ ၅ မွာ ရွိေနျပီး စပါးကေတာ့ အဆင့္ ၈ မွာ ရပ္တည္ေနကာ အမွတ္ကြာဟခ်က္က ၄ မွတ္ ရွိပါတယ္။ တကယ္လို႔ ဒီတစ္ပတ္ ပြဲမွာ ယူနိုက္တက္ကို အနုိင္ကစားနုိင္ရင္ စပါးအသင္း အေနနဲ႕ အမွတ္ ကြာျခားခ်က္ကို ၁ မွတ္အထိ ေလွ်ာ့ခ်နုိင္မယ့္ အခြင့္ေကာင္းလည္း ျဖစ္ေနပါတယ္။
စပါးနဲ႕ ယူနိုက္တက္တို႔ ပြဲစဥ္ဟာ ျမန္မာစံေတာ္ခ်ိန္နဲ႕ ဆိုရင္ ဇြန္ ၂၀ ရက္ေန႔ စေနေန႔ မနက္ ၁း၄၅ နာရီ အခ်ိန္မွာ ယွဥ္ျပိဳင္ၾကမွာ ျဖစ္ပါတယ္။ ဒီနွစ္သင္းပြဲစဥ္နဲ႕ ပတ္သတ္ျပီး လန္ဒန္ သတင္းဌာနကေတာ့ အခုလို သံုးသပ္ထားပါတယ္။
ဒဏ္ရာရ ပြဲပယ္မွာေတာ့ စပါးအသင္းဘက္က အလီ တစ္ေယာက္သာ ပြဲပယ္ ခံထားရတာ ရွိျပီး နွစ္သင္းလံုးမွာ ဒဏ္ရာ ကင္းစင္ေနပါတယ္။ စပါးဘက္မွာ တိုက္စစ္မွဴး ကိန္း၊ ဆြန္ေယာင္မင္တို႔ ျပန္ သံုးနုိင္ျပီ ျဖစ္သလို ယူနုိက္တက္ကလည္း ရက္ဖို႔ဒ္၊ ေပါ့ဘာတို႔ ကစားဖို႔ အသင့္ ရွိေနျပီ ျဖစ္ပါတယ္။
ေမာ္ရင္ညိဳေရာ ဆိုးရွားပါ အသင္း အဓိက ကစားသမားေတြကို ဒဏ္ရာ ကင္းစင္စြာ ျပန္ရေနျပီ ျဖစ္ပါတယ္။ ဒီေတာ့ နွစ္သင္းလံုးမွာ ဘယ္ အသင္းက အရွိန္ေကာင္း ပိုရမလဲ ဆိုတာ ေျပာရခက္ပါတယ္။ စပါးနဲ႕ ယူနိုက္တက္ နွစ္သငး္လံုးဟာ လတ္တေလာ ကစားထားတဲ့ ေနာ၀စ္ခ်္၊ ၀က္္စ္ဘရြန္းတို႔နဲ႕ ပြဲေတြမွာလည္း အသီးသီး ရွံဳးပြဲၾကံဳထားရပါတယ္။ ဒါေၾကာင့္ အမွားေတြလည္း ၾကိဳေတြ႔ထားျပီး ျပင္ဆင္ထားၾကမယ္ ယူဆရပါတယ္။
ဒီပြဲရဲ႕ အသက္ကေတာ့ ဒုတိယပိုင္း လူစားလဲမႈေတြအေပၚ ပိုမူတည္ဖို႔ မ်ားျပီး အသင္း မန္ေနဂ်ာ နွစ္ေယာက္လံုးကေတာ့ သေရ တစ္မွတ္အတြက္ ပို ဦးတည္သြားမယ္ ထင္ပါတယ္။
ခန္႔မွန္းရလဒ္။ ။ ေတာ့တင္ဟမ္ စပါး ၁-၁ မန္ခ်က္စတာ ယူနုိက္တက္။