ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ရဲ့ ပွဲကောင်း တစ်ပွဲ အဖြစ် ပါဝင်မယ့် စပါးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ ပွဲစဉ်ဟာ ဒီနေ့ညမှာ အားပေးရတော့မှာပဲ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ဇွန် ၂၀ ကြာသပတေး မနက် ၁း၄၅ နာရီမှာပါ။ ဒီပွဲ အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” နောက်ဆုံးတစ်ပွဲ တုန်းက စပါးအသင်းက ဘန်လေကို သရေကျပြီး သူတို့ကိုယ်သူတို့ အဆင့် ၈ နေရာ ပို့ခဲ့တယ်။ ဒီတစ်ပတ် တွေ့မယ့် အဆင့် ၅ နေရာက ယူနိုက်တက်နဲ့ က လေးမှတ် ကွာဟနေပါတယ်။ ဒီတော့ ဒီပွဲကိုသာ နိုင်အောင် ကန်နိုင်ရင် စပါးအသင်း အတွက် အဆင့် ၄ အတွင်း ဝင်ဖို့ မျှော်လင့်ချက် အားကောင်းလာမှာပါ။
စပါးအသင်းဟာ လအတော်ကြာ အနားပေးထားရတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကိုတော့ ကြံ့ခိုင်မှု အပြည့်နဲ့ ပြန်ရမှာ ဖြစ်ပြီး အလီကတော့ ပွဲပယ်ခံထားရပါတယ်။
ယူနိုက်တက် ပရိသတ်တွေကတော့ ကွင်းလယ်မှာ ပေါလ် ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ တွဲ မြင်ရတော့မှာ ကိုတွေးပြီး သဘောတွေ ကျနေလောက်ပါပြီ။ ဒီအတွဲက ဘယ်အသင်းနဲ့ မဆို ယှဉ်နိုင်မယ့် ကမ္ဘာ့ထိပ်သီး ကွင်းလယ်အတွဲ ဖြစ်လာနိုင်ပါတယ်။ ရက်ဖို့ဒ် ပြန်ကောင်းလာတာကလည်း ကျေနပ်စရာ ဖြစ်မှာပါ။
ပရီးမီးယားလိဂ် ပွဲတွေ မနားခင်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ပုံစံကောင်းက တောက်လျောက် တိုးတက်လာနေတာပါ။ သူတို့ဟာ ချယ်ဆီး မန်စီးတီးတို့နဲ့ ရင်ဆိုင်တဲ့ ပွဲတွေ အပါအဝင် လိဂ်မှာ ၅ ပွဲဆက် မရှုံးထားပါဘူး။
စပါးကတော့ ယူနိုက်တက်နဲ့ ပြောင်းပြန် ဖြစ်လာနေတာပါ။ ကျနော်ကတော့ ဒီပွဲမှာ ယူနိုက်တက် ပြတ်ပြတ်သားသား အဝေးကွင်း အနိုင်ရလဒ် ရလိမ့်မယ် ထင်ပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။
Zawgyi – ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၀ ရဲ႕ ပြဲေကာင္း တစ္ပြဲ အျဖစ္ ပါ၀င္မယ့္ စပါးအသင္းနဲ႕ မန္ခ်က္စတာ ယူနိုက္တက္ အသင္းတို႔ ပြဲစဥ္ဟာ ဒီေန႔ညမွာ အားေပးရေတာ့မွာပဲ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ဇြန္ ၂၀ ၾကာသပေတး မနက္ ၁း၄၅ နာရီမွာပါ။ ဒီပြဲ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ကေတာ့ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
” ေနာက္ဆံုးတစ္ပြဲ တုန္းက စပါးအသင္းက ဘန္ေလကို သေရက်ျပီး သူတို႔ကိုယ္သူတို႔ အဆင့္ ၈ ေနရာ ပို႔ခဲ့တယ္။ ဒီတစ္ပတ္ ေတြ႔မယ့္ အဆင့္ ၅ ေနရာက ယူနိုက္တက္နဲ႕ က ေလးမွတ္ ကြာဟေနပါတယ္။ ဒီေတာ့ ဒီပြဲကိုသာ နုိင္ေအာင္ ကန္နုိင္ရင္ စပါးအသင္း အတြက္ အဆင့္ ၄ အတြင္း ၀င္ဖို႔ ေမွ်ာ္လင့္ခ်က္ အားေကာင္းလာမွာပါ။
စပါးအသင္းဟာ လအေတာ္ၾကာ အနားေပးထားရတဲ့ တိုက္စစ္မွဴး ဟယ္ရီကိန္းကိုေတာ့ ၾကံ႕ခိုင္မႈ အျပည့္နဲ႕ ျပန္ရမွာ ျဖစ္ျပီး အလီကေတာ့ ပြဲပယ္ခံထားရပါတယ္။
ယူနိုက္တက္ ပရိသတ္ေတြကေတာ့ ကြင္းလယ္မွာ ေပါလ္ ေပါ့ဘာနဲ႕ ဘရူနို ဖာနန္ဒက္စ္တို႔ တြဲ ျမင္ရေတာ့မွာ ကိုေတြးျပီး သေဘာေတြ က်ေနေလာက္ပါျပီ။ ဒီအတြဲက ဘယ္အသင္းနဲ႕ မဆို ယွဥ္နိုင္မယ့္ ကမၻာ့ထိပ္သီး ကြင္းလယ္အတြဲ ျဖစ္လာနုိင္ပါတယ္။ ရက္ဖို႔ဒ္ ျပန္ေကာင္းလာတာကလည္း ေက်နပ္စရာ ျဖစ္မွာပါ။
ပရီးမီးယားလိဂ္ ပြဲေတြ မနားခင္က မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ပံုစံေကာင္းက ေတာက္ေလ်ာက္ တိုးတက္လာေနတာပါ။ သူတုိ႔ဟာ ခ်ယ္ဆီး မန္စီးတီးတို႕နဲ႕ ရင္ဆုိင္တဲ့ ပြဲေတြ အပါအ၀င္ လိဂ္မွာ ၅ ပြဲဆက္ မရွံဳးထားပါဘူး။ စပါးကေတာ့ ယူနိုက္တက္နဲ႕ ေျပာင္းျပန္ ျဖစ္လာေနတာပါ။ က်ေနာ္ကေတာ့ ဒီပြဲမွာ ယူနိုက္တက္ ျပတ္ျပတ္သားသား အေ၀းကြင္း အနုိင္ရလဒ္ ရလိမ့္မယ္ ထင္ပါတယ္။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။