ပွဲစဉ် ၃၁ ထဲက အကောင်းဆုံး ဖြစ်လာမယ့် ချယ်ဆီး Vs မန်စီးတီး ပွဲ အတွက် မိုက်ကယ်အိုဝင် ခန့်မှန်း

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ ရဲ့ အကောင်းဆုံး ပွဲတွေထဲ ပါဝင်မယ့် ချယ်ဆီး Vs မန်စီးတီး အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်ကို ဖော်ပြပေးပါမယ်။ ပွဲချိန်ကတော့ဇွန် ၂၆ ရက် (သောကြာနေ့) နံနက် ၁း၄၅ နာရီ စတန်းဖို့ဘရစ်ချ်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။

” တနင်္လာညမှာ ဘန်လေကို ၅ ဂိုးပြတ် အနိုင်ယူပြီးနောက် စီးတီးက ရာသီလက်ကျန်ပွဲတွေကို လျှော့ပေါ့ ကစားမှာ မဟုတ်ကြောင်း အားလုံးကို အသိပေးလိုက်ပါတယ်။ မန်စီးတီးဟာ ချယ်ဆီးနဲ့ ရင်ဆိုင်ထားတဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲထိ နိုင်ထားပါတယ်။ ဒါပေမယ့် လက်ရှိ ချယ်ဆီး အသင်းကတော့ အရင်ချယ်ဆီးထက် ပိုကောင်းနေပြီလို့ ကျနော် မြင်ပါတယ်။

အက်စတွန်ဗီလာနဲ့ ပွဲမှာဆို တစ်ဂိုး ပေးထားရပြီးနောက် တကယ့် စိတ်ဓာတ် အပြည့်နဲ့ ပြန်လိုက်ကစားခဲ့တာ တွေ့ရတယ်။ သူတို့မှာ အလားအလာ ကောင်းတွေနဲ့ လူငယ် ကစားသမားတွေ ရှိသလို စီနီယာ ပရိုတွေလည်း ရှိနေတာကြောင့် ကောင်းမွန်တဲ့ ပေါင်းစပ်မှု ရထားပါတယ်။

နှစ်သင်းလုံးကတော့ ဘယ်ကြည့်ကြည့် ဂိုးပေါက် ခြိမ်းခြောက်နိုင်သူတွေနဲ့ချည်း ဆိုတာ တွေ့ရမှာပါ။ ဒီပွဲကတော့ ပွဲစဉ် ၃၁ ပွဲတွေထဲ ကြည့် အကောင်းဆုံး ဖြစ်လာမယ် ကျနော် ထင်တယ်။ ကျနော်ကတော့ ရသမှု အပြည့်နဲ့ သရောပွဲလို့ ထင်ပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၂-၂ မန်စီးတီး။

Zawgyi – ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၁ ရဲ႕ အေကာင္းဆံုး ပြဲေတြထဲ ပါ၀င္မယ့္ ခ်ယ္ဆီး Vs မန္စီးတီး အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္ကို ေဖာ္ျပေပးပါမယ္။ ပြဲခ်ိန္ကေတာ့ဇြန္ ၂၆ ရက္ (ေသာၾကာေန႔) နံနက္ ၁း၄၅ နာရီ စတန္းဖို႔ဘရစ္ခ်္မွာ ယွဥ္ျပိဳင္ ကစားၾကမွာပါ။

” တနလၤာညမွာ ဘန္ေလကို ၅ ဂိုးျပတ္ အႏိုင္ယူၿပီးေနာက္ စီးတီးက ရာသီလက္က်န္ပြဲေတြကို ေလွ်ာ့ေပါ့ ကစားမွာ မဟုတ္ေၾကာင္း အားလုံးကို အသိေပးလိုက္ပါတယ္။ မန္စီးတီးဟာ ခ်ယ္ဆီးနဲ႔ ရင္ဆိုင္ထားတဲ့ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၇ ပြဲမွာ ၆ ပြဲထိ ႏိုင္ထားပါတယ္။ ဒါေပမယ့္ လက္ရွိ ခ်ယ္ဆီး အသင္းကေတာ့ အရင္ခ်ယ္ဆီးထက္ ပိုေကာင္းေနၿပီလို႔ က်ေနာ္ ျမင္ပါတယ္။

အက္စတြန္ဗီလာနဲ႔ ပြဲမွာဆို တစ္ဂိုး ေပးထားရၿပီးေနာက္ တကယ့္ စိတ္ဓာတ္ အျပည့္နဲ႔ ျပန္လိုက္ကစားခဲ့တာ ေတြ႕ရတယ္။ သူတို႔မွာ အလားအလာ ေကာင္းေတြနဲ႔ လူငယ္ ကစားသမားေတြ ရွိသလို စီနီယာ ပ႐ိုေတြလည္း ရွိေနတာေၾကာင့္ ေကာင္းမြန္တဲ့ ေပါင္းစပ္မႈ ရထားပါတယ္။

ႏွစ္သင္းလုံးကေတာ့ ဘယ္ၾကည့္ၾကည့္ ဂိုးေပါက္ ၿခိမ္းေျခာက္ႏိုင္သူေတြနဲ႔ခ်ည္း ဆိုတာ ေတြ႕ရမွာပါ။ ဒီပြဲကေတာ့ ပြဲစဥ္ ၃၁ ပြဲေတြထဲ ၾကည့္ အေကာင္းဆုံး ျဖစ္လာမယ္ က်ေနာ္ ထင္တယ္။ က်ေနာ္ကေတာ့ ရသမႈ အျပည့္နဲ႔ သေရာပြဲလို႔ ထင္ပါတယ္။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။

မိုက္ကယ္အိုဝင္ ခန႔္မွန္းရလဒ္။ ။ ခ်ယ္ဆီး ၂-၂ မန္စီးတီး။