ချယ်ဆီး Vs ဝက်ဖို့ဒ် ပွဲ အတွက် ဘီဘီစီမှ လော်ရိုးရဲ့ သုံးသပ်ခန့်မှန်းချက်

ချယ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ အပတ်က လန်ဒန်ဒါဘီ ရှုံးပွဲကနေ ပြန်ပေါက်ကွဲ ပြဖို့ ဒီတပတ်မှာတော့ ဝက်ဖို့ဒ်နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားရမှာပါ။ ပွဲချိန်ကတော့ ဇူလိုင် ၅ ရက် တနင်္ဂနွေနေ့ နံနက်အစော ၁း၃၀ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ဝက်ဖို့ဒ်က တန်းဆင်းဇုန်နားမှာ ရှိနေဆဲ ဖြစ်ပြီး ဒီပွဲ မတိုင်ခင် အမှတ်ပေးဇယားမှာ အဆင့် ၁၇ မှာ ရှိနေတဲ့ အသင်းပါ။ ချယ်ဆီးကတော့ အဆင့် ၄ နေရာမှာသာ ဆက်ရှိနေသေးတာ ဖြစ်ပေမယ့် ယူနိုက်တက်နဲ့ ၂ မှတ်သာ ကွာပါတော့တယ်။ ချယ်ဆီးနဲ့ ဝက်ဖို့ဒ် ပွဲ အတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ်ဖော်ပြထားပါတယ်။

” ချယ်ဆီးက လာမယ့်ရာသီ အမှတ်ပေးဖလားကို စိန်ခေါ်မယ်လို့ သူများတွေ ပြောနေတာကို ကျနော် ကြားတယ်။ ဒါပေမယ့် စိန်ခေါ်သူ ဖြစ်လိုတယ်ဆိုရင် ခံစစ်ပိုင်းမှာ သူတို့ ပြင်ဆင်ဖို့ လိုပါတယ်။

ထူးချွန်တဲ့ ကွင်းလယ်လူတွေနဲ့ တိုက်စစ်သမားတွေကို ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့်လို့ ဒီအခြေအနေမှာ ထိပ်ဆုံးလေးသင်းထဲ ဝင်ခွင့်ကိုတောင် ရဖို့ လုံလောက်ပါ့မလား မသေချာပါဘူး။ ခံစစ်ပိုင်းမှာ သူတို့ အလုပ်တွေ အများကြီး လုပ်ဖို့ လိုအပ်နေပါတယ်။ ဝက်ဟမ်းကို ရံှူးခဲ့တဲ့ ပွဲလိုမျိုးဆိုရင် သူတို့ စိန့်ခေါ်သူဖြစ်ဖို့ ပိုပြီး ကြံ့ကြာနေပါလိမ့်မယ်။

ချယ်ဆီးက ဝတ်ဖိုဒ့်ကို အနိုင်ရမယ်လို့ ကျနော် ထင်နေဆဲပါ။ ဘာလို့လည်းဆိုတော့ ဝတ်ဖိုဒ့်က လုံးဝကို ပုံစံကောင်း ပျောက်နေပါတယ်။ ” လို့ လော်ရိုးက ဆိုပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၂-၀ ဝတ်ဖိုဒ့် ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီး အသင္းဟာ ျပီးခဲ့တဲ့ အပတ္က လန္ဒန္ဒါဘီ ရွံဳးပြဲကေန ျပန္ေပါက္ကြဲ ျပဖို႔ ဒီတပတ္မွာေတာ့ ၀က္ဖို႔ဒ္နဲ႕ ေတြ႔ဆံုမွာ ျဖစ္ျပီး အိမ္ကြင္း စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံ ကစားရမွာပါ။ ပြဲခ်ိန္ကေတာ့ ဇူလိုင္ ၅ ရက္ တနဂၤေႏြေန႔ နံနက္အေစာ ၁း၃၀ နာရီမွာ ယွဥ္ျပိဳင္ ကစားၾကမွာ ျဖစ္ပါတယ္။

၀က္ဖို႕ဒ္က တန္းဆင္းဇုန္နားမွာ ရွိေနဆဲ ျဖစ္ျပီး ဒီပြဲ မတိုင္ခင္ အမွတ္ေပးဇယားမွာ အဆင့္ ၁၇ မွာ ရွိေနတဲ့ အသင္းပါ။ ခ်ယ္ဆီးကေတာ့ အဆင့္ ၄ ေနရာမွာသာ ဆက္ရွိေနေသးတာ ျဖစ္ေပမယ့္ ယူနိုက္တက္နဲ႕ ၂ မွတ္သာ ကြာပါေတာ့တယ္။ ခ်ယ္ဆီးနဲ႕ ၀က္ဖို႔ဒ္ ပြဲ အတြက္ ဘီဘီစီမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးက အခုလို သံုးသပ္ေဖာ္ျပထားပါတယ္။

” ခ်ယ္ဆီးက လာမယ့္ရာသီ အမွတ္ေပးဖလားကို စိန္ေခၚမယ္လို႔ သူမ်ားေတြ ေျပာေနတာကို က်ေနာ္ ၾကားတယ္။ ဒါေပမယ့္ စိန္ေခၚသူ ျဖစ္လိုတယ္ဆိုရင္ ခံစစ္ပိုင္းမွာ သူတို႔ ျပင္ဆင္ဖို႔ လိုပါတယ္။

ထူးခၽြန္တဲ့ ကြင္းလယ္လူေတြနဲ႔ တိုက္စစ္သမားေတြကို ပိုင္ဆုိင္ထားတယ္။ ဒါေပမယ့္လို႔ ဒီအေျခအေနမွာ ထိပ္ဆံုးေလးသင္းထဲ ဝင္ခြင့္ကိုေတာင္ ရဖို႔ လံုေလာက္ပါ့မလား မေသခ်ာပါဘူး။ ခံစစ္ပိုင္းမွာ သူတို႔ အလုပ္ေတြ အမ်ားၾကီး လုပ္ဖို႔ လိုအပ္ေနပါတယ္။ ဝက္ဟမ္းကို ရံွဴးခဲ့တဲ့ ပြဲလိုမ်ိဳးဆိုရင္ သူတို႔ စိန္႔ေခၚသူျဖစ္ဖို႔ ပိုျပီး ၾကံ႕ၾကာေနပါလိမ့္မယ္။

ခ်ယ္ဆီးက ဝတ္ဖိုဒ့္ကို အႏုိင္ရမယ္လို႔ က်ေနာ္ ထင္ေနဆဲပါ။ ဘာလို႔လည္းဆိုေတာ့ ဝတ္ဖိုဒ့္က လံုးဝကို ပံုစံေကာင္း ေပ်ာက္ေနပါတယ္။ ” လို႔ ေလာ္ရိုးက ဆိုပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ ခ်ယ္ဆီး ၂-၀ ဝတ္ဖိုဒ့္ ျဖစ္ပါတယ္။