ချယ်ဆီး Vs ဝက်ဖို့ဒ် ပွဲစဉ် အတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်းချက်

ပြီးခဲ့တဲ့အပတ်က လန်ဒန်ဒါဘီမှာ မထင်မှတ်ဘဲ ရှုံးပွဲ ကြုံထားတဲ့ ချယ်ဆီး က ဒီတပတ်မှာ ဝက်ဖို့ဒ်နဲ့ တွေ့ဆုံနေပါတယ်။ ဇယားအောက်နားမှာပဲ ရှိနေသေးတဲ့ ဝက်ဖို့ဒ် အသင်း အနေနဲ့ အိမ်ရှင်အသင်းရဲ့ ပေါက်ကွဲမှုကို ရင်ဆိုင်ရတော့မှာပါ။

ပွဲချိန်ကတော့ မနက်ဖြန် ဇူလိုင် ၅ ရက်နေ့ နံနက် အစော ၁း၃၀ နာရီမှာ ဖြစ်ပါတယ်။ ဒီပွဲ အတွက် နာမည်ကျော် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ်ထားပါတယ်။

” ချယ်ဆီးကတော့ ပွဲတွေ ပြန်စတည်းက ၃ ပွဲ ဆက်နိုင်ပြီးကာမှ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းကို ၃-၂ နဲ့ ရှုံးလိုက်တာ အတွက် စပ်ဖျင်းဖျင်း ခံစားနေရမှာပါ။ ဖရန့်လမ်းပတ်ဟာ စတန်းဖို့ဘရစ်ချ်မှာ တကယ်ကို အလုပ်ကောင်း လုပ်ထားပြီး သူ့ ကစားသမားတွေ ဆီက ကောင်းတဲ့ အနေအထားတွေ ပြန် ဆွဲထုတ် ယူနိုင်ပါလိမ့်မယ်။

ချယ်ဆီးအသင်းက ငယ်ရွယ်ပြီး သင်ယူနေရဆဲ ကစားသမားတွေ ရှိနေပါတယ်။ ဒီတော့ ရှုံးပွဲကနေ အတွေ့အကြုံရပြီး မြန်မြန်ပဲ သင်ယူနိုင်စေဖို့ လမ်းပတ် မျှော်လင့် ရမှာပါ။

ဝက်ဖို့ဒ်ကတော့ ပုံစံကောင်းမှာ ရှိမနေတာကို ရှင်းရှင်း မြင်နေရပြီး ပွဲတွေ ပြန်စတည်းကလည်း ရုန်းကန်နေရပါတယ်။ တကယ်တော့ ဇယား အောက်နားက အသင်းတွေထဲမှာ ဆို ဝက်ဖို့ဒ်က လူစာရင်းကောင်း ပိုင်ဆိုင်ထားပါတယ်။ လာမယ့် နောဝစ်၊ နယူးကာဆယ်တို့နဲ့ အိမ်ကွင်းပွဲတွေ၊ ဝက်စ်ဟမ်းနဲ့ အဝေးကွင်းပွဲတွေကနေတော့ ဝက်ဖို့ဒ်တို့ အမှတ်ယူနိုင်မယ် ထင်ပါတယ်။

ဒီပွဲကို ဝက်ဖို့ဒ်တို့ ပေါ့ပေါ့ သဘောထားမှာ မဟုတ်ပေမယ့် ချယ်ဆီးကတော့ ဒီပွဲမှာ ပေါက်ကွဲပါလိမ့်မယ်။ လတ်တလော ကြုံထားရတဲ့ အမျက်ဒေါသကနေ ချယ်ဆီး က ပို အားထည့် ကစားပြီး အိမ်ကွင်း နိုင်ပွဲ ယူပါလိမ့်မယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၂-၁ ဝက်ဖို့ဒ် ဖြစ်ပါတယ်။

Zawgyi – ျပီးခဲ့တဲ့အပတ္က လန္ဒန္ဒါဘီမွာ မထင္မွတ္ဘဲ ရွံဳးပြဲ ၾကံဳထားတဲ့ ခ်ယ္ဆီး က ဒီတပတ္မွာ ၀က္ဖို႔ဒ္နဲ႕ ေတြ႔ဆံုေနပါတယ္။ ဇယားေအာက္နားမွာပဲ ရွိေနေသးတဲ့ ၀က္ဖို႔ဒ္ အသင္း အေနနဲ႕ အိမ္ရွင္အသင္းရဲ႕ ေပါက္ကြဲမႈကို ရင္ဆိုင္ရေတာ့မွာပါ။

ပြဲခ်ိန္ကေတာ့ မနက္ျဖန္ ဇူလိုင္ ၅ ရက္ေန႔ နံနက္ အေစာ ၁း၃၀ နာရီမွာ ျဖစ္ပါတယ္။ ဒီပြဲ အတြက္ နာမည္ေက်ာ္ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က အခုလို သံုးသပ္ထားပါတယ္။

” ခ်ယ္ဆီးကေတာ့ ပြဲေတြ ျပန္စတည္းက ၃ ပြဲ ဆက္နုိင္ျပီးကာမွ ျပီးခဲ့တဲ့ ၀က္စ္ဟမ္းကို ၃-၂ နဲ႕ ရွံဳးလိုက္တာ အတြက္ စပ္ဖ်င္းဖ်င္း ခံစားေနရမွာပါ။ ဖရန္႔လမ္းပတ္ဟာ စတန္းဖို႔ဘရစ္ခ်္မွာ တကယ္ကို အလုပ္ေကာင္း လုပ္ထားျပီး သူ႔ ကစားသမားေတြ ဆီက ေကာင္းတဲ့ အေနအထားေတြ ျပန္ ဆဲြထုတ္ ယူနိုင္ပါလိမ့္မယ္။

ခ်ယ္ဆီးအသင္းက ငယ္ရြယ္ျပီး သင္ယူေနရဆဲ ကစားသမားေတြ ရွိေနပါတယ္။ ဒီေတာ့ ရွံဳးပြဲကေန အေတြ႔အၾကံဳရျပီး ျမန္ျမန္ပဲ သင္ယူနုိင္ေစဖို႔ လမ္းပတ္ ေမွ်ာ္လင့္ ရမွာပါ။

၀က္ဖို႔ဒ္ကေတာ့ ပံုစံေကာင္းမွာ ရွိမေနတာကို ရွင္းရွင္း ျမင္ေနရျပီး ပြဲေတြ ျပန္စတည္းကလည္း ရုန္းကန္ေနရပါတယ္။ တကယ္ေတာ့ ဇယား ေအာက္နားက အသင္းေတြထဲမွာ ဆို ၀က္ဖို႔ဒ္က လူစာရင္းေကာင္း ပိုင္ဆိုင္ထားပါတယ္။ လာမယ့္ ေနာ၀စ္၊ နယူးကာဆယ္တို႔နဲ႕ အိမ္ကြင္းပြဲေတြ၊ ၀က္စ္ဟမး္နဲ႕ အေ၀းကြင္းပြဲေတြကေနေတာ့ ၀က္ဖို႔ဒ္တို႔ အမွတ္ယူနုိင္မယ္ ထင္ပါတယ္။

ဒီပြဲကို ၀က္ဖို႕ဒ္တို႔ ေပါ့ေပါ့ သေဘာထားမွာ မဟုတ္ေပမယ့္ ခ်ယ္ဆီးကေတာ့ ဒီပြဲမွာ ေပါက္ကြဲပါလိမ့္မယ္။ လတ္တေလာ ၾကံဳထားရတဲ့ အမ်က္ေဒါသကေန ခ်ယ္ဆီး က ပို အားထည့္ ကစားျပီး အိမ္ကြင္း နုိင္ပြဲ ယူပါလိမ့္မယ္။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။

မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္ ကေတာ့ ခ်ယ္ဆီး ၂-၁ ၀က္ဖို႔ဒ္ ျဖစ္ပါတယ္။