အက်စတွန်ဗီလာ Vs ယူနိုက်တက် ပွဲအတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်းချက်

မန်ချက်စတာယူနိုက်တက်ဟာ ဒီတပတ်မှာတော့ တန်းဆင်းဇုန်မှာ ရှိနေတဲ့ အက်စတွန်ဗီလာ အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ဗီလာ အသင်းခေါင်းဆောင် ဂျက် ဂရေးလစ်ချ်က ယူနိုက်တက် ခေါ်ယူဖို့ ချိန်ရွယ်နေတဲ့ ကစားသမား ဖြစ်လို့ ဒီပွဲမှာ အင်္ဂလန်သားက ခါတိုင်းထက် ပိုအားထုတ် ကစားတာကို မြင်ရဖွယ်လည်း ရှိပါတယ်။

ပွဲချိန်ကတော့ လာမယ့် ဇူလိုင် ၁၀ ရက် (သောကြာနေ့) မနက် ၁း၄၅ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာပါ။ ဒီပွဲ အတွက် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ်ထားပါတယ်။

” အန်ဖီးကွင်းမှာ ကစားတုန်းက အက်စတွန်ဗီလာရဲ့ ကစားပုံက တကယ်ကို ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လို ရလဒ် သက်ရောက်မှုကိုမှ ယူလာနိုင်ခဲ့ခြင်း မရှိဘူး။ ဗီလာက ၁၀ ပွဲလောက် နိုင်ပွဲ တစ်ပွဲတောင် မရထားတာကြောင့် သူတို့ရဲ့ အမှတ်ပေးပွဲစဉ်တွေအရ စိုးရိမ်စရာတွေ ဖြစ်လာနေတဲ့ အနေအထားဖြစ်ပါတယ်။

ဗီလာဟာ နောက်ထပ် ပွဲစဉ်အဖြစ် ပြိုင်ပွဲစုံ ၁၆ ပွဲဆက်တိုက်ကို ရံှူးပွဲမရှိထားဘဲ နောက်ဆုံး ယှဉ်ပြိုင်တဲ့ ဘုန်းမောက်နဲ့ပွဲကို ၅-၂ နဲ့ အနိုင် ရထားတဲ့ ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။

ယူနိုက်တက်က နောက်ဆုံး ယှဉ်ပြိုင်ကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲ ၁၃ ပွဲမှာ ၁၁ ပွဲထိ အနိုင်ရထားတယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့မှုမှာတော့ ယူနိုက်တက်က အနိုင်ရမယ်ဆိုတာကလွဲလို့ အခြားရလဒ် မမြင်မိပါဘူး။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်ကတော့ ယူနိုက်တက်က ပထမပိုင်းကော၊ ဒုတိယပိုင်းမှာပါ နှစ်ပိုင်းလုံး အနိုင်ရမယ်လို့ ဆိုပါတယ်။

Zawgyi – မန္ခ်က္စတာယူနုိက္တက္ဟာ ဒီတပတ္မွာေတာ့ တန္းဆင္းဇုန္မွာ ရွိေနတဲ့ အက္စတြန္ဗီလာ အသင္းကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။ ဗီလာ အသင္းေခါင္းေဆာင္ ဂ်က္ ဂေရးလစ္ခ်္က ယူနုိက္တက္ ေခၚယူဖို႔ ခ်ိန္ရြယ္ေနတဲ့ ကစားသမား ျဖစ္လို႔ ဒီပြဲမွာ အဂၤလန္သားက ခါတိုင္းထက္ ပိုအားထုတ္ ကစားတာကို ျမင္ရဖြယ္လည္း ရွိပါတယ္။

ပြဲခ်ိန္ကေတာ့ လာမယ့္ ဇူလိုင္ ၁၀ ရက္ (ေသာၾကာေန႔) မနက္ ၁း၄၅ နာရီမွာ ယွဥ္ျပိဳင္ ကစားၾကမွာပါ။ ဒီပြဲ အတြက္ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မုိက္ကယ္ အို၀င္က အခုလို သံုးသပ္ထားပါတယ္။

” အန္ဖီးကြင္းမွာ ကစားတုန္းက အက္စတြန္ဗီလာရဲ႕ ကစားပံုက တကယ္ကို ေကာင္းခဲ့ပါတယ္။ ဒါေပမယ့္ ဘယ္လို ရလဒ္ သက္ေရာက္မႈကိုမွ ယူလာႏုိင္ခဲ့ျခင္း မရွိဘူး။ ဗီလာက ၁၀ ပြဲေလာက္ ႏုိင္ပြဲ တစ္ပြဲေတာင္ မရထားတာေၾကာင့္ သူတို႔ရဲ႕ အမွတ္ေပးပြဲစဥ္ေတြအရ စိုးရိမ္စရာေတြ ျဖစ္လာေနတဲ့ အေနအထားျဖစ္ပါတယ္။

ဗီလာဟာ ေနာက္ထပ္ ပြဲစဥ္အျဖစ္ ျပိဳင္ပြဲစံု ၁၆ ပြဲဆက္တုိက္ကို ရံွဴးပြဲမရွိထားဘဲ ေနာက္ဆံုး ယွဥ္ျပိဳင္တဲ့ ဘုန္းေမာက္နဲ႔ပြဲကို ၅-၂ နဲ႔ အႏုိင္ ရထားတဲ့ ယူႏုိက္တက္နဲ႔ ထိပ္တိုက္ေတြ႔မွာျဖစ္ပါတယ္။

ယူႏုိက္တက္က ေနာက္ဆံုး ယွဥ္ျပိဳင္ကစားထားတဲ့ ပရီးမီးယားလိဂ္ပြဲ ၁၃ ပြဲမွာ ၁၁ ပြဲထိ အႏုိင္ရထားတယ္။ ဒီႏွစ္သင္း ထိပ္တိုက္ေတြ႔မႈမွာေတာ့ ယူႏုိက္တက္က အႏုိင္ရမယ္ဆိုတာကလြဲလို႔ အျခားရလဒ္ မျမင္မိပါဘူး။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။

မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ ယူႏုိက္တက္က ပထမပိုင္းေကာ၊ ဒုတိယပိုင္းမွာပါ ႏွစ္ပိုင္းလံုး အႏုိင္ရမယ္လို႔ ဆိုပါတယ္။