ခရစ္စတယ်ပဲလေ့စ် Vs ချယ်ဆီး ပွဲစဉ်အတွက် မိုက်ကယ်အိုဝင် သုံးသပ် ခန့်မှန်းချက်

ချယ်ဆီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ် ပွဲမှာတော့ လန်ဒန်မြို့ခံတစ်သင်း ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ ယှဉ်ပြိုင် ကစားရမှာပါ။ ပွဲချိန်ကတော့ ဇူလိုင် ၇ ရက် (အင်္ဂါနေ့) ည ၁၁း၃၀ နာရီ မှာ ဖြစ်ပါတယ်။

ဒီပွဲအတွက် နာမည်ကျော် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ကတော့ အခုလို သုံးသပ်ခန့်မှန်းထားပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကတော့ လက်စတာကို ရှုံးထားပြီး ကစားထားတဲ့ နောက်ဆုံး လိဂ်ပွဲ သုံးပွဲဆက် ရှုံးနိမ့်ထားပြီ ဖြစ်ပါတယ်။ ကံကောင်းစွာပဲ ဒီရာသီ ရမှတ်က ၄၂ မှတ်ရပြီး ဖြစ်တာကြောင့် ပဲလေ့စ်တို့ တန်းဆင်းဇုန်အတွက် စိတ်ပူစရာ မလိုဘဲ ရှိနေတာပါ။

ချယ်ဆီးကတော့ ပြီးခဲ့တဲ့ ပွဲမှာ ဝက်ဖို့ဒ်ကို ၃-၀ နဲ့ သက်တောင့်သက်သာ ဂိုးပြတ် အနိုင်ယူပြီး ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ သေချာအောင် ဆက်လက် အားစိုက်နေပါတယ်။ ရော့စ်ဘာကလေဟာ ဝက်ဖို့ဒ်နဲ့ ပွဲမှာ ကြီးမားစွာ သက်ရောက်မှုပြသနိုင်ခဲ့ပြီး ပွဲပြီးခါနီး သွင်းဂိုးနဲ့ ပို ဂိုးပြတ် နိုင်စေခဲ့ပါတယ်။ နောက်ထပ် အထင်ကြီးလောက်စရာ ကစားသမားကတော့ ခရစ္စတီယန် ပူလီဆစ်ပါ။ သူက ငယ်ရွယ်တဲ့ ချယ်ဆီးအသင်း လူစာရင်းမှာ သေချာ အထိုင်ကျနေပြီ ဖြစ်ပါတယ်။

ပဲလေ့စ် က ဒီရာသီ အစောပိုင်း စတန်းဖို့ဘရစ်ချ်က ပွဲမှာတော့ ချယ်ဆီးကို ၂-၀ နဲ့ အရေးနိမ့်ထားခဲ့တာပါ။ ချယ်ဆီးအသင်းဟာ ဒီနှစ်သင်း ထိပ်တိုက် တွေ့ဆုံမှု ၂၁ ပွဲမှာ ၁၅ ပွဲထိ အနိုင်ရထားပါတယ်။ ပဲလေ့စ်တို့ နောက်ဆုံး ချယ်ဆီးကို နိုင်ခဲ့တာက ၂၀၁၇ က ဖြစ်ပါတယ်။ ဒီပွဲကလည်း ချယ်ဆီး အတွက် နောက်ထပ် နိုင်ပွဲ တစ်ပွဲပဲ ဖြစ်မယ်လို့ မြင်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဘေးနားက အသင်းတွေကို ဖိအားပေးဖို့ လမ်းပတ် အနိုင်သေချာအောင် လုပ်ပါလိမ့်မယ်။ လို့ အိုဝင်က သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်က ချယ်ဆီး အနိုင်သေချာတယ်လို့ ဆိုပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီတပတ္ ပရီးမီးယားလိဂ္ ပြဲမွာေတာ့ လန္ဒန္ျမိဳ႕ခံတစ္သင္း ျဖစ္တဲ့ ခရစၥတယ္ပဲေလ့စ္နဲ႕ ေတြ႔ဆံုေနျပီး အေ၀းကြင္းမွာ ယွဥ္ျပိဳင္ ကစားရမွာပါ။ ပြဲခ်ိန္ကေတာ့ ဇူလိုင္ ၇ ရက္ (အဂၤါေန႔) ည ၁၁း၃၀ နာရီ မွာ ျဖစ္ပါတယ္။

ဒီပြဲအတြက္ နာမည္ေက်ာ္ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္ကေတာ့ အခုလို သံုးသပ္ခန္႔မွန္းထားပါတယ္။

ခရစၥတယ္ပဲေလ့စ္ဟာ ျပီးခဲ့တဲ့ သီတင္းပတ္ကုန္ကေတာ့ လက္စတာကို ရွံဳးထားျပီး ကစားထားတဲ့ ေနာက္ဆံုး လိဂ္ပြဲ သံုးပြဲဆက္ ရွံဳးနိမ့္ထားျပီ ျဖစ္ပါတယ္။ ကံေကာင္းစြာပဲ ဒီရာသီ ရမွတ္က ၄၂ မွတ္ရျပီး ျဖစ္တာေၾကာင့္ ပဲေလ့စ္တို႔ တန္းဆင္းဇုန္အတြက္ စိတ္ပူစရာ မလိုဘဲ ရွိေနတာပါ။

ခ်ယ္ဆီးကေတာ့ ျပီးခဲ့တဲ့ ပြဲမွာ ၀က္ဖို႔ဒ္ကို ၃-၀ နဲ႕ သက္ေတာင့္သက္သာ ဂိုးျပတ္ အနိုင္ယူျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္တစ္ေနရာ ေသခ်ာေအာင္ ဆက္လက္ အားစိုက္ေနပါတယ္။ ေရာ့စ္ဘာကေလဟာ ၀က္ဖို႔ဒ္နဲ႕ ပြဲမွာ ၾကီးမားစြာ သက္ေရာက္မႈျပသနိုင္ခဲ့ျပီး ပြဲျပီးခါနီး သြင္းဂိုးနဲ႕ ပို ဂိုးျပတ္ နုိင္ေစခဲ့ပါတယ္။ ေနာက္ထပ္ အထင္ၾကီးေလာက္စရာ ကစားသမားကေတာ့ ခရစၥတီယန္ ပူလီဆစ္ပါ။ သူက ငယ္ရြယ္တဲ့ ခ်ယ္ဆီးအသင္း လူစာရင္းမွာ ေသခ်ာ အထိုင္က်ေနျပီ ျဖစ္ပါတယ္။

ပဲေလ့စ္ က ဒီရာသီ အေစာပိုင္း စတန္းဖို႔ဘရစ္ခ်္က ပြဲမွာေတာ့ ခ်ယ္ဆီးကို ၂-၀ နဲ႕ အေရးနိမ့္ထားခဲ့တာပါ။ ခ်ယ္ဆီးအသင္းဟာ ဒီနွစ္သင္း ထိပ္တိုက္ ေတြ႔ဆံုမႈ ၂၁ ပြဲမွာ ၁၅ ပြဲထိ အနိုင္ရထားပါတယ္။ ပဲေလ့စ္တို႔ ေနာက္ဆံုး ခ်ယ္ဆီးကို နုိင္ခဲ့တာက ၂၀၁၇ က ျဖစ္ပါတယ္။ ဒီပြဲကလည္း ခ်ယ္ဆီး အတြက္ ေနာက္ထပ္ နုိင္ပြဲ တစ္ပြဲပဲ ျဖစ္မယ္လို႔ ျမင္ပါတယ္။ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ ေဘးနားက အသင္းေတြကို ဖိအားေပးဖို႔ လမ္းပတ္ အနုိင္ေသခ်ာေအာင္ လုပ္ပါလိမ့္မယ္။ လို႔ အို၀င္က သံုးသပ္ထားပါတယ္။

မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္က ခ်ယ္ဆီး အနိုင္ေသခ်ာတယ္လို႔ ဆိုပါတယ္။