ဗီလာ Vs မန်ယူနိုက်တက်ပွဲ အတွက် ဘီဘီစီမှ လော်ရိုးရဲ့ သုံးသပ်ခန့်မှန်းချက်

ဒီတစ်ပတ် အက်စတွန်ဗီလာနဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် ဘီဘီစီမှ ပင်တိုင်သုံးသပ်သူ လော်ရိုးကလည်း သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေ ထုတ်ပြန်ထားပြီ ဖြစ်ပါတယ်။

” ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အန်းဖီးလ်ကနေ လက်ဗလာ ပြန်ခဲ့ရတာက ဗီလာတို့ ကံမကောင်းလို့ ဖြစ်ပါတယ်။ သူတို့က ခံစစ်မှာ ကောင်းစွာ စုစည်းထားပြီး အခွင့်ရတိုင်းလည်း တိုက်စစ်က ထိုးဖောက်ဖို့ သေချာ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အခွင့်အရေးက များစွာ မရခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။

သူတို့ အနေနဲ့ ဂိုးမရှိ သရေနဲ့ပဲ ထိန်းထားနိုင်လောက်ပေမယ့် ဒီပွဲဟာ အသင်းကြီးတွေရဲ့ အရန်ခုံက အင်အားနဲ့ လူစားလဲလိုက်ရင် ဘယ်လို ပြောင်းလဲ သွားနိုင်လဲ ဆိုတာ မြင်သာစေတဲ့ ဥပမာပဲ ဖြစ်ခဲ့ပါတယ်။ လီဗာပူးက ဒါမျိုး လုပ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုရိုနာ ကပ်ကာလ နားတဲ့ရက်တွေ အပြီး အသင်းတွေက အရင် သုံးယောက်ထက် အခု ငါးယောက်ထိ လူစားလဲနိုင်နေပြီ ဖြစ်တယ်။

ကျနော်ကတော့ ဒီလို စည်းမျဉ်း ပြောင်းလဲမှုတွေ မလိုအပ်ဘူးလို့ ထင်ပါတယ်။ ဒါတွေက လူအင်အား ပိုတောင့်တဲ့ ထိပ်တန်း အသင်းတွေသာ အပြောင်းလဲ လုပ် လူစားလဲ ပိုလုပ်နိုင်တာပါ။

ဒါကလည်း ပွဲတွေ ပြန်စတည်းက အသင်းငယ်တွေ အမှတ်ယူတာ ပိုနည်းရတဲ့ အကြောင်းတစ်ချက် ဖြစ်ပါတယ်။ ဒီပွဲမှာလည်း ဗီလာ ဒီလို အခြေအနေမျိုး ကြုံရဦးမှာပဲ ဖြစ်တယ်။ ယူနိုက်တက်က တိုက်စစ်မှာ ရွေးချယ်စရာတွေ အများကြီး ရှိထားတော့ သူတို့ အတွက် အလုပ် မဖြစ်ရင် နောက်တစ်ယောက် လဲ ကစားတာတွေ လုပ်ဦးမှာပါပဲ။ ” လို့ လော်ရိုးက ဆိုပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ အက်စတွန်ဗီလာ 0-2 မန်ယူနိုက်တက်

Zawgyi – ဒီတစ္ပတ္ အက္စတြန္ဗီလာနဲ႕ မန္ခ်က္စတာ ယူနိုက္တက္ ပြဲစဥ္ အတြက္ ဘီဘီစီမွ ပင္တိုင္သံုးသပ္သူ ေလာ္ရိုးကလည္း သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္ေတြ ထုတ္ျပန္ထားျပီ ျဖစ္ပါတယ္။

” ျပီးခဲ့တဲ့ တနဂၤေႏြေန႕က အန္းဖီးလ္ကေန လက္ဗလာ ျပန္ခဲ့ရတာက ဗီလာတို႔ ကံမေကာင္းလို႔ ျဖစ္ပါတယ္။ သူတို႔က ခံစစ္မွာ ေကာင္းစြာ စုစည္းထားျပီး အခြင့္ရတိုင္းလည္း တိုက္စစ္က ထိုးေဖာက္ဖို႔ ေသခ်ာ ၾကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ အခြင့္အေရးက မ်ားစြာ မရခဲ့တာေၾကာင့္ မေအာင္ျမင္ခဲ့ပါဘူး။

သူတို႔ အေနနဲ႕ ဂိုးမရွိ သေရနဲ႕ပဲ ထိန္းထားနုိင္ေလာက္ေပမယ့္ ဒီပြဲဟာ အသင္းၾကီးေတြရဲ႕ အရန္ခံုက အင္အားနဲ႕ လူစားလဲလိုက္ရင္ ဘယ္လို ေျပာင္းလဲ သြားနုိင္လဲ ဆိုတာ ျမင္သာေစတဲ့ ဥပမာပဲ ျဖစ္ခဲ့ပါတယ္။ လီဗာပူးက ဒါမ်ိဳး လုပ္နုိင္ပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ကိုရိုနာ ကပ္ကာလ နားတဲ့ရက္ေတြ အျပီး အသင္းေတြက အရင္ သံုးေယာက္ထက္ အခု ငါးေယာက္ထိ လူစားလဲနိုင္ေနျပီ ျဖစ္တယ္။

က်ေနာ္ကေတာ့ ဒီလို စည္းမ်ဥ္း ေျပာင္းလဲမႈေတြ မလိုအပ္ဘူးလို႔ ထင္ပါတယ္။ ဒါေတြက လူအင္အား ပိုေတာင့္တဲ့ ထိပ္တန္း အသင္းေတြသာ အေျပာင္းလဲ လုပ္ လူစားလဲ ပိုလုပ္နုိင္တာပါ။

ဒါကလည္း ပြဲေတြ ျပန္စတည္းက အသင္းငယ္ေတြ အမွတ္ယူတာ ပိုနည္းရတဲ့ အေၾကာင္းတစ္ခ်က္ ျဖစ္ပါတယ္။ ဒီပြဲမွာလည္း ဗီလာ ဒီလို အေျခအေနမ်ိဳး ၾကံဳရဦးမွာပဲ ျဖစ္တယ္။ ယူနိုက္တက္က တိုက္စစ္မွာ ေရြးခ်ယ္စရာေတြ အမ်ားၾကီး ရွိထားေတာ့ သူတို႔ အတြက္ အလုပ္ မျဖစ္ရင္ ေနာက္တစ္ေယာက္ လဲ ကစားတာေတြ လုပ္ဦးမွာပါပဲ။ ” လို႔ ေလာ္ရိုးက ဆိုပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္။ ။ အက္စတြန္ဗီလာ 0-2 မန္ယူနုိက္တက္