ပဲလေ့စ် ကွင်းမှာ ချယ်ဆီးတို့ နိုင်ပွဲပျောက်မယ် ဆိုထားတဲ့ လော်ရိုး ခန့်မှန်းချက်

ချယ်ဆီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး လန်ဒန်မြို့ခံပြိုင်ဘက် တစ်သင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ ဇူလိုင် ၇ ရက် (အင်္ဂါနေ့) ည ၁၁း၃၀ နာရီမှာ ကစားကြမှာပါ။

ချယ်ဆီးဟာ ဝက်စ်ဟမ်းကို မထင်မှတ်ဘဲ ရှုံးခဲ့သော်လည်း နောက်တစ်ပွဲ ဝက်ဖို့ဒ်ကို ဂိုးပြတ် ပြန် အနိုင်ယူကာ လမ်းကြောင်းမှန်ကို ပြန် ထိန်းထားပါတယ်။ ဒီပွဲအတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ လော်ရိုးရဲ့ သုံးသပ်ခန့်မှန်းချက်တွေ ထွက်နေပြီ ဖြစ်ပါတယ်။

ပဲလေစ့်က သူတို့ရဲ့ နောက်ဆုံး လိဂ်ပွဲ ၃ ပွဲလုံးကို အရေးနိမ့်ထားတယ်။ ရွိုင်ဟောင်ဆန်လက်ထက် ၄ ပွဲဆက်တိုက် ရံှူးဖူးတဲ့ နောက်ဆုံး အကြိမ်တွေက ၂၀၁၈ ခုနှစ်ရဲ့ ဖေဖော်ဝါရီနဲ့ မတ်လတုန်းက ဖြစ်ပါတယ်။ အဲ့လိုမျိုး ထပ်ဖြစ်မယ်လို့ မထင်ပါဘူး။ ပဲလေစ့်က ဘာအတွက်မှ ကစားစရာ မရှိပေမယ့်ပေါ့.။

ချယ်ဆီးက တိုက်စစ်မှာ ဘယ်လောက်ထိ ကောင်းသလဲဆိုတာ ကျနေ်ာတို့ အားလုံး သိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ခံစစ်ပိုင်း ကာကွယ်မှုတွေကို အခုချိန်ထိ သံသယ ရှိနေဆဲပါပဲ။ သူတို့က ခံစစ်မှာ တည်ငြိမ်မှု လုပ်ဝ မရှိတာကြောင့် ဒီပွဲမှာလည်း ဂိုးပေးရဦးမယ်လို့ ထင်ပါတယ်။ လို့ လော်ရိုးက သုံးသပ်ထားပါတယ်။

လော်ရိုးရဲ့ ခန့်မှန်း ရလဒ်ကတော့ ပဲလေစ့် ၁-၁ ချယ်ဆီး ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီတပတ္ ပရီးမီးယားလိဂ္မွာေတာ့ ခရစၥတယ္ပဲေလ့စ္နဲ႕ ရင္ဆုိင္ရမွာ ျဖစ္ျပီး လန္ဒန္ျမိဳ႔ခံျပိဳင္ဘက္ တစ္သင္းကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ ဒီပြဲစဥ္ဟာ ဇူလိုင္ ၇ ရက္ (အဂၤါေန႔) ည ၁၁း၃၀ နာရီမွာ ကစားၾကမွာပါ။

ခ်ယ္ဆီးဟာ ၀က္စ္ဟမ္းကို မထင္မွတ္ဘဲ ရွံဳးခဲ့ေသာ္လည္း ေနာက္တစ္ပြဲ ၀က္ဖို႔ဒ္ကို ဂိုးျပတ္ ျပန္ အနိုင္ယူကာ လမ္းေၾကာင္းမွန္ကို ျပန္ ထိန္းထားပါတယ္။ ဒီပြဲအတြက္ ဘီဘီစီမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးရဲ႕ သံုးသပ္ခန္႕မွန္းခ်က္ေတြ ထြက္ေနျပီ ျဖစ္ပါတယ္။

ပဲေလစ့္က သူတို႔ရဲ႕ ေနာက္ဆုံး လိဂ္ပြဲ ၃ ပြဲလုံးကို အေရးနိမ့္ထားတယ္။ ႐ြိဳင္ေဟာင္ဆန္လက္ထက္ ၄ ပြဲဆက္တိုက္ ရံႉးဖူးတဲ့ ေနာက္ဆုံး အႀကိမ္ေတြက ၂၀၁၈ ခုႏွစ္ရဲ႕ ေဖေဖာ္ဝါရီနဲ႔ မတ္လတုန္းက ျဖစ္ပါတယ္။ အဲ့လိုမ်ိဳး ထပ္ျဖစ္မယ္လို႔ မထင္ပါဘူး။ ပဲေလစ့္က ဘာအတြက္မွ ကစားစရာ မရွိေပမယ့္ေပါ့.။

ခ်ယ္ဆီးက တိုက္စစ္မွာ ဘယ္ေလာက္ထိ ေကာင္းသလဲဆိုတာ က်ေန္ာတို႔ အားလုံး သိပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ ခံစစ္ပိုင္း ကာကြယ္မႈေတြကို အခုခ်ိန္ထိ သံသယ ရွိေနဆဲပါပဲ။ သူတို႔က ခံစစ္မွာ တည္ၿငိမ္မႈ လုပ္ဝ မရွိတာေၾကာင့္ ဒီပြဲမွာလည္း ဂိုးေပးရဦးမယ္လို႔ ထင္ပါတယ္။ လို႔ ေလာ္ရိုးက သံုးသပ္ထားပါတယ္။

ေလာ္႐ိုးရဲ႕ ခန္႔မွန္း ရလဒ္ကေတာ့ ပဲေလစ့္ ၁-၁ ခ်ယ္ဆီး ျဖစ္ပါတယ္။