ရှက်ဖီးယူနိုက်တက် Vs ချယ်ဆီး ပွဲ အတွက် လော်ရိုး သုံးသပ်ခန့်မှန်းချက်

အမှတ်ပေးဇယားမှာ လက်စတာကို ကျော်ဖြတ်ပြီး အဆင့် ၃ နေရာ ရောက်လာပြီ ဖြစ်တဲ့ ချယ်ဆီးဟာ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ မှာတော့ ခြေပြန်စွာလာတဲ့ ရှက်ဖီးယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

ပွဲချိန်ကတော့ မနက်ဖြန် ဇူလိုင် ၁၁ ရက်၊ စနေနေ့ ည ၁၁း၀၀ နာရီ မှာပါ။ ဒီပွဲ အတွက် ဘီဘီစီမှာ ပင်တိုင်သုံးသပ်နေတဲ့ လော်ရိုးကတော့ အခုလို သုံးသပ်ခန့်မှန်းထားပါတယ်။

” ပြီးခဲ့တဲ့ ရက်က ဝုဗ်ကို အနိုင်ယူလိုက်နိုင်တာက ရှက်ဖီးအတွက် ရလဒ်ကောင်း ရခဲ့တာပါ။ ရှက်ဖီးတို့ ယိုင်နဲ့သွားပြီလို့ အရင်ပွဲတွေက ထင်ခဲ့ကြပေမယ့် ခရစ္စဝိုက်ဒါရဲ့ အသင်းက သူတို့ ဘယ်လောက် ကောင်းကောင်း ရပ်နိုင်သလဲ ပြန်လုပ်ပြနိုင်ခဲ့ပါတယ်။

ဝိုက်ဒါက သူ့ဆီမှာ ရှိတဲ့ ကစားသမားတွေကို ကာလရှည် သိထားခဲ့တာကြောင့် သူတို့ ဘာလုပ်နိုင်သလဲ ကောင်းကောင်း သဘောပေါက် ထားပါတယ်။ အသင်းသားတွေကလည်း နည်းပြ ဘာလိုချင်တာ သိထားတာကြောင့် ဒါတွေက အရေးကြီးတယ်။

အင်္ဂလန်နေ့က ခရစ္စတယ်ပဲလေ့စ်ကို ရင်ဆိုင်ခဲ့တဲ့ ချယ်ဆီးအသင်းကတော့ စိတ်ကျေနပ်စရာ အနေအထား ရှိနေပါတယ်။ ခံစစ်မှာက သာမန် လောက်သာ ရှိပေမယ့် သူတို့က လမ်းကြောင်းမှန် အတိုင်း ရအောင် ရှေ့ဆက်သွားနေပါတယ်။ ဒါက ဖရန့်လမ်းပတ် အသင်းရဲ့ လက်ရှိ စိတ်ပိုင်းဖြတ်မှုပါပဲ။ တိုက်စစ်မှာ ချယ်ဆီးက ကြောက်မက်ဖွယ် ဖြစ်နေပေမယ့် ခံစစ်ကလည်း ပြိုင်ဘက်တွေ သွေးတိုးစမ်းနိုင်နေဆဲပါ။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ ရှက်ဖီးယူနိုက်တက် 1-1 ချယ်ဆီး ဖြစ်ပါတယ်။

Zawgyi – အမွတ္ေပးဇယားမွာ လက္စတာကို ေက်ာ္ျဖတ္ျပီး အဆင့္ ၃ ေနရာ ေရာက္လာျပီ ျဖစ္တဲ့ ခ်ယ္ဆီးဟာ ဒီတပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၅ မွာေတာ့ ေျချပန္စြာလာတဲ့ ရွက္ဖီးယူနိုက္တက္ကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။

ပြဲခ်ိန္ကေတာ့ မနက္ျဖန္ ဇူလိုင္ ၁၁ ရက္၊ စေနေန႔ ည ၁၁း၀၀ နာရီ မွာပါ။ ဒီပြဲ အတြက္ ဘီဘီစီမွာ ပင္တိုင္သံုးသပ္ေနတဲ့ ေလာ္ရိုးကေတာ့ အခုလို သံုးသပ္ခန္႔မွန္းထားပါတယ္။

” ျပီးခဲ့တဲ့ ရက္က ၀ုဗ္ကို အနုိင္ယူလိုက္နိုင္တာက ရွက္ဖီးအတြက္ ရလဒ္ေကာင္း ရခဲ့တာပါ။ ရွက္ဖီးတို႔ ယိုင္နဲ႕သြားျပီလို႔ အရင္ပြဲေတြက ထင္ခဲ့ၾကေပမယ့္ ခရစၥ၀ိုက္ဒါရဲ႕ အသင္းက သူတို႔ ဘယ္ေလာက္ ေကာင္းေကာင္း ရပ္နုိင္သလဲ ျပန္လုပ္ျပနိုင္ခဲ့ပါတယ္။

၀ိုက္ဒါက သူ႔ဆီမွာ ရွိတဲ့ ကစားသမားေတြကို ကာလရွည္ သိထားခဲ့တာေၾကာင့္ သူတို႔ ဘာလုပ္နုိင္သလဲ ေကာငး္ေကာင္း သေဘာေပါက္ ထားပါတယ္။ အသင္းသားေတြကလည္း နည္းျပ ဘာလိုခ်င္တာ သိထားတာေၾကာင့္ ဒါေတြက အေရးၾကီးတယ္။

အဂၤလန္ေန႔က ခရစၥတယ္ပဲေလ့စ္ကို ရင္ဆိုင္ခဲ့တဲ့ ခ်ယ္ဆီးအသင္းကေတာ့ စိတ္ေက်နပ္စရာ အေနအထား ရွိေနပါတယ္။ ခံစစ္မွာက သာမန္ ေလာက္သာ ရွိေပမယ့္ သူတို႔က လမ္းေၾကာင္းမွန္ အတိုင္း ရေအာင္ ေရွ႕ဆက္သြားေနပါတယ္။ ဒါက ဖရန္႔လမ္းပတ္ အသင္းရဲ႕ လက္ရွိ စိတ္ပိုင္းျဖတ္မႈပါပဲ။ တိုက္စစ္မွာ ခ်ယ္ဆီးက ေၾကာက္မက္ဖြယ္ ျဖစ္ေနေပမယ့္ ခံစစ္ကလည္း ျပိဳင္ဘက္ေတြ ေသြးတိုးစမ္းနုိင္ေနဆဲပါ။ ” လို႔ ေလာ္ရိုးက သံုးသပ္ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ ရွက္ဖီးယူနုိက္တက္ 1-1 ခ်ယ္ဆီး ျဖစ္ပါတယ္။