မန်ချက်စတာယူနိုက်တက် Vs ဆောက်သမ်တန် ပွဲအတွက် လော်ရိုး သုံးသပ်ခန့်မှန်း
နိုင်ပွဲတွေ ဆက်နေတဲ့ မန်ချက်စတာယူနိုက်တက် ဟာ ပရီးမီးယားလိဂ် ပွဲစဉ် 35 မှာတော့ ဆောက်သမ်တန်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပွဲချိန် ကတော့ ဇူလိုင် ၁၄ ရက် (အင်္ဂါနေ့) နံနက် ၁း၃၀ နာရီ မှာပါ။
ဒီပွဲ မတိုင်ခင်မှာ ဗီလာကို ဂိုးပြတ် နိုင်ထားတဲ့ ယူနိုက်တက်က အဆင့် ၅ နေရာမှာ ရှိနေပြီး ဆောက်သမ်တန်ကတော့ အဆင့် ၁၂ မှာ ရှိနေပါတယ်။ ယူနိုက်တက်နဲ့ ဆောက်သမ်တန်တို့ ပွဲစဉ် အတွက် ဘီဘီစီမှ လော်ရိုးရဲ့ သုံးသပ် ခန့်မှန်းမှုတွေ ထွက်ပေါ်နေပါပြီ။
လော်ရိုးက – ” ဆောက်သမ်တန်ရဲ့ အဝေးကွင်း ကစားပုံက အကောင်းဆုံးရနေပါတယ်။ ဒါပေမယ့် ဒီပွဲကတော့ သူတို့ ကောင်းနေတဲ့ လမ်းကြောင်းပေါ်မှာ အကြီးမားဆုံး စိန်ခေါ်မှုပါ။
မန်ချက်စတာ ယူနိုက်တက်က လောလောဆယ် သိပ်ဟော့နေတဲ့ အသင်း ဖြစ်တယ်။ သူတို့ကို ရပ်တန့်ဖို့ ဆိုတာက အလွန် အင်မတန် ခက်ခဲ့တဲ့ ကိစ္စပါ။ ဘာဖြစ်လို့လဲဆိုတော့ ပွဲတိုင်း လိုလို သူတို့ ကစားသမား အစုံအလင်က ဂိုးတွေ ဆက်တိုက် သွင်းယူနေပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။
လော်ရိုး ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာယူနိုက်တက် 3-0 ဆောက်သမ်တန် ဖြစ်ပါတယ်။