မန်ချက်စတာ ယူနိုက်တက် Vs ဆောက်သမ်တန် ပွဲအတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်း

မန်ချက်စတာယူနိုက်တက် ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ ဆောက်သမ်တန်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ပွဲချိန် ကတော့ ဇူလိုင် ၁၄ ရက် (အင်္ဂါနေ့) နံနက် ၁း၃၀ နာရီ မှာပါ။

ဒီပွဲစဉ် အတွက် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်တွေ ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။

အိုဝင်က – ” ကြာသပတေးညက အက်စတွန်ဗီလာကို ၃-၀ နဲ့ နိုင်အပြီးမှာ ဂိုးသွင်းကြမ်းတဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် သမိုင်းတလျောက် သုံးဂိုးနဲ့ အထက် လေးပွဲဆက် သွင်းနိုင်တဲ့ ပထမဆုံး အသင်း ဖြစ်လာပါတယ်။ ဆိုးရှားဟာ ပွဲထွက် လူစာရင်းကိုလည်း လေးပွဲဆက် သုံးခဲ့ပြီး ဒါဟာ ၂၀၀၆ နောက်ပိုင်း ပထမဆုံးလို့ ဆိုရမှာပါ။

ဒီလို ပုံစံကောင်း ရနေတဲ့ အသင်းကိုလည်း ဘာ အပြောင်းအလဲက လုပ်ဖို့ လိုဦးမလဲ။ ယူနိုက်တက်ဟာ အခုဆို ပြိုင်ပွဲစုံ ၁၇ ပွဲဆက် ရှုံးပွဲ မရှိ ဖြစ်နေပြီး အဆင့် ၄ နေရာက လက်စတာနောက် တစ်မှတ်သာ ကွာပါတော့တယ်။

ကြားရက်က အဲဗာတန်နဲ့ ပွဲမှာ ဆောက်သမ်တန် တိုက်စစ်မှူး ဒန်နီအင့်က အကောင်းဆုံး ကစားသမား စွမ်းဆောင်ရည်မျိုး ပြခဲ့ပြီး ဂိုးလည်း သွင်းခဲ့ပါတယ်။ သူက ဒီရာသီ ဆောက်သမ်တန်အသင်း ဂိုးတွေရဲ့ ၄၄% ထိ သွင်းယူပေးထားသူပါ။ စိန့်အသင်းက သူတွေ အားလုံးက ရာသီကုန်ထိ သူ့ဂိုးတွေ ဆက်မြင်ရဖို့ မျှော်လင့်နေကြပါတယ်။

ဆောက်သမ်တန်က အဝေးကွင်းပွဲတွေ ကနေ ဒီရာသီ ရမှတ် ၂၇ မှတ်ထိ ရထားပြီး သူတို့ထက်သာတာက လီဗာပူး၊ မန်စီးတီးနဲ့ ချယ်ဆီး တို့သာ ရှိပါတယ်။ ဒါပေမယ့် ဒီပွဲကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့တာ ဖြစ်လို့ သူတို့ အတွက် နေ့ရက်ကောင်းတော့ မဟုတ်ပါဘူး။ အိမ်ရှင် ယူနိုက်တက်ကသာ ၃-၁ လောက်နဲ့ နိုင်ပါလိမ့်မယ်။ ” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ် ကတော့ နှစ်သင်းလုံး ဂိုးသွင်းပြီး ယူနိုက်တက် အနိုင် ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာယူနုိက္တက္ ဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာေတာ့ ေဆာက္သမ္တန္အသင္းနဲ႕ ရင္ဆုိင္ရမွာ ျဖစ္ျပီး အိမ္ကြင္း အိုးထရက္ဖို႕ဒ္မွာ ဧည့္ခံ ကစားမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ ကေတာ့ ဇူလိုင္ ၁၄ ရက္ (အဂၤါေန႔) နံနက္ ၁း၃၀ နာရီ မွာပါ။

ဒီပြဲစဥ္ အတြက္ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ရဲ႕ သံုးသပ္ ခန္႔မွန္းခ်က္ေတြ ထြက္ေပၚေနျပီ ျဖစ္ပါတယ္။

အို၀င္က – ” ၾကာသပေတးညက အက္စတြန္ဗီလာကို ၃-၀ နဲ႕ နုိင္အျပီးမွာ ဂိုးသြင္းၾကမ္းတဲ့ ယူနုိက္တက္ဟာ ပရီးမီးယားလိဂ္ သမုိင္းတေလ်ာက္ သံုးဂိုးနဲ႕ အထက္ ေလးပြဲဆက္ သြင္းနုိင္တဲ့ ပထမဆံုး အသင္း ျဖစ္လာပါတယ္။ ဆိုးရွားဟာ ပြဲထြက္ လူစာရင္းကိုလည္း ေလးပြဲဆက္ သံုးခဲ့ျပီး ဒါဟာ ၂၀၀၆ ေနာက္ပိုင္း ပထမဆံုးလို႔ ဆိုရမွာပါ။

ဒီလို ပံုစံေကာင္း ရေနတဲ့ အသင္းကိုလည္း ဘာ အေျပာင္းအလဲက လုပ္ဖို႔ လုိဦးမလဲ။ ယူနုိက္တက္ဟာ အခုဆို ျပိဳင္ပြဲစံု ၁၇ ပြဲဆက္ ရွံုးပြဲ မရွိ ျဖစ္ေနျပီး အဆင့္ ၄ ေနရာက လက္စတာေနာက္ တစ္မွတ္သာ ကြာပါေတာ့တယ္။

ၾကားရက္က အဲဗာတန္နဲ႕ ပြဲမွာ ေဆာက္သမ္တန္ တိုက္စစ္မွဴး ဒန္နီအင့္က အေကာင္းဆံုး ကစားသမား စြမ္းေဆာင္ရည္မ်ိဳး ျပခဲ့ျပီး ဂိုးလည္း သြင္းခဲ့ပါတယ္။ သူက ဒီရာသီ ေဆာက္သမ္တန္အသင္း ဂိုးေတြရဲ႕ ၄၄% ထိ သြင္းယူေပးထားသူပါ။ စိန္႔အသင္းက သူေတြ အားလံုးက ရာသီကုန္ထိ သူ႔ဂိုးေတြ ဆက္ျမင္ရဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ေဆာက္သမ္တန္က အေ၀းကြင္းပြဲေတြ ကေန ဒီရာသီ ရမွတ္ ၂၇ မွတ္ထိ ရထားျပီး သူတို႔ထက္သာတာက လီဗာပူး၊ မန္စီးတီးနဲ႕ ခ်ယ္ဆီး တို႔သာ ရွိပါတယ္။ ဒါေပမယ့္ ဒီပြဲကေတာ့ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ေတြ႔တာ ျဖစ္လို႔ သူတို႔ အတြက္ ေန႔ရက္ေကာင္းေတာ့ မဟုတ္ပါဘူး။ အိမ္ရွင္ ယူနိုက္တက္ကသာ ၃-၁ ေလာက္နဲ႕ နိုင္ပါလိမ့္မယ္။ ” လို႔ သံုးသပ္ထားပါတယ္။

မိုက္ကယ္ အို၀င္ ခန္႔မွန္းရလဒ္ ကေတာ့ နွစ္သငး္လံုး ဂိုးသြင္းျပီး ယူနုိက္တက္ အနုိင္ ျဖစ္ပါတယ္။