ဗီလာကို ဂိုးပြတ်နိုင်ခဲ့ပေမယ့် တိုက်စစ်ကို စိတ်တိုင်းမကျဖြစ်နေတဲ့ ယူနိုက်တက် နည်းပြ ဆိုးရှား

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ သူ့အသင်းက အက်စတွန်ဗီလာကို ၃-၀ နဲ့ ဂိုးပြတ်နိုင်ခဲ့သည့် တိုင် ယူနိုက်တက် တိုက်စစ်မှူးတွေရဲ့ အဆုံးသတ် စွမ်းရည်က ဒိထက် ထိရောက် ကောင်းမွန်ခဲ့သင့်ကြောင်း ဝေဖန်ထောက်ပြခဲ့ပါတယ်။

ယူနိုက်တက် အတွက် ဂိုးတွေကို ဘရူနို ဖာနန်ဒက်စ်က ပင်နယ်တီကနေ တစ်ဂိုးနဲ့ ဂရင်းဝုဒ်၊ ပေါ့ဘာတို့က တစ်ဂိုးစီ သွင်းယူခဲ့ပါတယ်။ ဗီလာကို နိုင်လိုက်တဲ့ ယူနိုက်တက်ဟာ အဆင့် ၄ နေရာမှ လက်စတာနဲ့လည်း တစ်မှတ်သာ ကွာတော့ ပြီး ထိပ်ဆုံးလေးသင်းထဲ ဝင်ဖို့ ပို အခြေအနေ ကောင်းလာခဲ့ပါတယ်။

လက်စတာအသင်းဟာ ဂိုးကွာခြားချက်မှာတော့ ယူနိုက်တက်ထက် ၆ ဂိုးသာထားပြီး ချယ်ဆီးထက်ဆို ၉ ဂိုးထိ အသာရထားပါတယ်။ ဂိုးကွာခြားချက်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ ချန်ပီယံလိဂ် ဝင်ခွင့်မှာလည်း အဆုံးအဖြတ် ဖြစ်လာနိုင်ပြီး ဆိုးရှားကတော့ ယူနိုက်တက် သွင်းဂိုးတွေ ရသင့်သလောက် မရခဲ့တဲ့ အပေါ် မပျော်ရွှင် ဖြစ်နေပါတယ်။

” တခြား အသင်းတွေတော့ ဘယ်လိုခံစရားလဲ မသိဘူး။ ကျနေ်ာတို့ ဒီနေ့ဆို သုံးဂိုးသွင်းခဲ့တယ်။ ဂိုးကွာခြားချက်တွေ အကြောင်း ပြောတော့မယ် ဆို ဒီနေ့ပွဲမှာ ခံစစ်မှူးတွေက သူတို့ အလုပ် သူတို့ လုပ်သွားခဲ့တယ် (ပေးဂိုး မရှိဘူး) ဒါပေမယ့် ကျနေ်ာတို့ အခွင့်အရေးတွေ အများကြီး ဖန်တီးခဲ့တာကြောင့် အခု ရလဒ်ထက် သုံးလေးငါး ဂိုးလောက်ကို ထပ်သွင်းနိုင်ခဲ့ရမှာပါ။

ဒီလိုမျိုး ဂိုးပြတ် နိုင်ပွဲ အတွက် ပျော်ရွှင်ရမှာပါ။ ဒါပေမယ့် အခွင့်အရေး ဖန်တီးမှုတွေ ကြည့်ရင်တော့ ဒိထက် ပိုပြီး ထိထိရောက်ရောက် အသုံးချနိုင်ခဲ့သင့်တယ်။ ” လို့ ဆိုးရှားက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ နည္းျပ ဆိုးရွားကေတာ့ သူ႔အသင္းက အက္စတြန္ဗီလာကို ၃-၀ နဲ႕ ဂိုးျပတ္နုိင္ခဲ့သည့္ တိုင္ ယူနုိက္တက္ တိုက္စစ္မွဴးေတြရဲ႕ အဆံုးသတ္ စြမ္းရည္က ဒိထက္ ထိေရာက္ ေကာင္းမြန္ခဲ့သင့္ေၾကာင္း ေ၀ဖန္ေထာက္ျပခဲ့ပါတယ္။

ယူနုိက္တက္ အတြက္ ဂိုးေတြကို ဘရူနို ဖာနန္ဒက္စ္က ပင္နယ္တီကေန တစ္ဂိုးနဲ႕ ဂရင္း၀ုဒ္၊ ေပါ့ဘာတို႕က တစ္ဂိုးစီ သြင္းယူခဲ့ပါတယ္။ ဗီလာကို နုိင္လိုက္တဲ့ ယူနိုက္တက္ဟာ အဆင့္ ၄ ေနရာမွ လက္စတာနဲ႕လည္း တစ္မွတ္သာ ကြာေတာ့ ျပီး ထိပ္ဆံုးေလးသင္းထဲ ၀င္ဖို႔ ပို အေျခအေန ေကာင္းလာခဲ့ပါတယ္။

လက္စတာအသင္းဟာ ဂိုးကြာျခားခ်က္မွာေတာ့ ယူနုိက္တက္ထက္ ၆ ဂိုးသာထားျပီး ခ်ယ္ဆီးထက္ဆို ၉ ဂိုးထိ အသာရထားပါတယ္။ ဂိုးကြာျခားခ်က္ဟာ ျပိဳင္ဆိုင္မႈ ျပင္းထန္ေနတဲ့ ခ်န္ပီယံလိဂ္ ၀င္ခြင့္မွာလည္း အဆံုးအျဖတ္ ျဖစ္လာနုိင္ျပီး ဆိုးရွားကေတာ့ ယူနုိက္တက္ သြင္းဂိုးေတြ ရသင့္သေလာက္ မရခဲ့တဲ့ အေပၚ မေပ်ာ္ရႊင္ ျဖစ္ေနပါတယ္။

” တျခား အသင္းေတြေတာ့ ဘယ္လိုခံစရားလဲ မသိဘူး။ က်ေန္ာတို႔ ဒီေန႔ဆို သံုးဂိုးသြင္းခဲ့တယ္။ ဂိုးကြာျခားခ်က္ေတြ အေၾကာင္း ေျပာေတာ့မယ္ ဆို ဒီေန႔ပြဲမွာ ခံစစ္မွဴးေတြက သူတို႔ အလုပ္ သူတို႔ လုပ္သြားခဲ့တယ္ (ေပးဂိုး မရွိဘူး) ဒါေပမယ့္ က်ေန္ာတို႔ အခြင့္အေရးေတြ အမ်ားၾကီး ဖန္တီးခဲ့တာေၾကာင့္ အခု ရလဒ္ထက္ သံုးေလးငါး ဂိုးေလာက္ကို ထပ္သြင္းနုိင္ခဲ့ရမွာပါ။

ဒီလိုမ်ိဳး ဂိုးျပတ္ နုိင္ပြဲ အတြက္ ေပ်ာ္ရႊင္ရမွာပါ။ ဒါေပမယ့္ အခြင့္အေရး ဖန္တီးမႈေတြ ၾကည့္ရင္ေတာ့ ဒိထက္ ပိုျပီး ထိထိေရာက္ေရာက္ အသံုးခ်နိုင္ခဲ့သင့္တယ္။ ” လို႔ ဆိုးရွားက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။