ယူနိုက္တက္ ထရိန္နင္မွာ ရခဲ့တဲ့ ဒဏ္ရာ အေျခအေနကို ထုတ္ျပလာတဲ့ ေပါ့ဘာ

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ပေါ့ဘာဟာ အသင်း ထရိန်နင်မှာ ခံစစ်မှူး လင်ဒီလော့ဖ်နဲ့ ဝင်တိုက်မိတာကြောင့် ခြစ်မိတဲ့ ဒဏ်ရာတချို့ ရခဲ့ပြီး ထို အခြေအနေကို အင်စတာဂရမ်မှာ တင်ကာ အသိပေးခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ နောက်တစ်ပွဲဟာ ဆောက်သမ်တန်နဲ့ တနင်္လာနေ့မှာ ရင်ဆိုင်ရမှာ ဖြစ်လို့ ယူနိုက်တက် အသင်းသားတွေဟာ စနေနေ့မှာ လူစုံတက်စုံ လေ့ကျင့်မှုများ လုပ်ဆောင်နေကြပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ပို အားထည့်နေကြပါတယ်။ ထရိန်နင်မှာတော့ ယူနိုက်တက် အသင်းသားတွေဟာ အားပြည့်အင်ပြည့် ကြိုးစားနေတာ ဖြစ်လို့ ထိခိုက်မှုတချို့လည်း ရှိလာရတာပါ။

ယူနိုက်တက်ရဲ့ ပြင်သစ်သား ကွင်းလယ်သမား ပေါ့ဘာက လင်ဒီလော့ဖ်နဲ့ ထိမိပြီး မျက်နှာမှာ ခြစ်ရာတချို့နဲ့ မျက်လုံးထဲ သွေးခြေဥသွားပုံကို အွန်လိုင်းမှာ တင်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းက အဆင့်ဆင့် ထိသွားပုံကို ၁၂၃ နဲ့ပါ ခွဲခြားပြီး တင်ပေးခဲ့တာပါ။

” ဗစ်တာ၊ မင်းကတော့ ငါ့ကို လုပ်ထည့်လိုက်ပြီ။ ဒီမှာကြည့်ဦး ဘရို၊ ဒီမှာ ကြည့်ပါဦး ” ဆိုတဲ့ စာနဲ့တင်ထားခဲ့တာ ဖြစ်ပြီး အချင်းချင်း ရင်းနှီးစွာ နောက်ပြောင်နေခဲ့ပါတယ်။ ပေါ့ဘာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဖာနန်ဒက်စ်နဲ့ တိုက်မိပြီး နှစ်ဦးလုံး ဒဏ်ရာရတယ် သတင်းထွက်ခဲ့ပေမယ့် ကောလဟာလ အဖြစ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။

ပေါ့ဘာဟာ ယူနိုက်တက်ကနေ ထွက်ခွာတော့မယ့် သတင်းကြီးခဲ့ပေမယ့် လက်ရှိမှာတော့ ယူနိုက်တက်မှာ ပျော်ရွှင်နေပုံရပြီး အသင်းဖော်တွေနဲ့ ချစ်ခင် အဆင်ပြေနေတာကို တွေ့ရပါတယ်။ အသင်းလိုက် ညီညွတ်ရင် အတူ တိုက်စစ် ခံစစ်ကစားပြီး ပိုကောင်းလာတယ်လို့ ပေါ့ဘာက လတ်တလောလည်း ပျော်ရွှင်စွာ ပြောဆိုထားပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားကလည်း အသင်းရဲ့ တိုးတက်မှု ရှိနေတဲ့ အခြေအနေ အရပ်ရပ် အပေါ် သဘောကျနေပြီး ပေါ့ဘာနဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်မျှော်လင့်နေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ ေပါ့ဘာဟာ အသင္း ထရိန္နင္မွာ ခံစစ္မွဴး လင္ဒီေလာ့ဖ္နဲ႕ ၀င္တိုက္မိတာေၾကာင့္ ျခစ္မိတဲ့ ဒဏ္ရာတခ်ိဳ႕ ရခဲ့ျပီး ထို အေျခအေနကို အင္စတာဂရမ္မွာ တင္ကာ အသိေပးခဲ့ပါတယ္။

ယူနုိက္တက္ရဲ႕ ေနာက္တစ္ပြဲဟာ ေဆာက္သမ္တန္နဲ႕ တနလၤာေန႔မွာ ရင္ဆုိင္ရမွာ ျဖစ္လို႔ ယူနုိက္တက္ အသင္းသားေတြဟာ စေနေန႔မွာ လူစံုတက္စံု ေလ့က်င့္မႈမ်ား လုပ္ေဆာင္ေနၾကျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္အတြက္ ပို အားထည့္ေနၾကပါတယ္။ ထရိန္နင္မွာေတာ့ ယူနုိက္တက္ အသင္းသားေတြဟာ အားျပည့္အင္ျပည့္ ၾကိဳးစားေနတာ ျဖစ္လို႔ ထိခိုက္မႈတခ်ိဳ႕လည္း ရွိလာရတာပါ။

ယူနုိက္တက္ရဲ႕ ျပင္သစ္သား ကြင္းလယ္သမား ေပါ့ဘာက လင္ဒီေလာ့ဖ္နဲ႕ ထိမိျပီး မ်က္နွာမွာ ျခစ္ရာတခ်ိဳ႕နဲ႕ မ်က္လံုးထဲ ေသြးေျခဥသြားပံုကို အြန္လိုင္းမွာ တင္ခဲ့တာ ျဖစ္ပါတယ္။ ၄င္းက အဆင့္ဆင့္ ထိသြားပံုကို ၁၂၃ နဲ႕ပါ ခြဲျခားျပီး တင္ေပးခဲ့တာပါ။

” ဗစ္တာ၊ မင္းကေတာ့ ငါ့ကို လုပ္ထည့္လိုက္ျပီ။ ဒီမွာၾကည့္ဦး ဘရို၊ ဒီမွာ ၾကည့္ပါဦး ” ဆိုတဲ့ စာနဲ႕တင္ထားခဲ့တာ ျဖစ္ျပီး အခ်င္းခ်င္း ရင္းနွီးစြာ ေနာက္ေျပာင္ေနခဲ့ပါတယ္။ ေပါ့ဘာဟာ ျပီးခဲ့တဲ့ ရက္ပိုင္းကလည္း ဖာနန္ဒက္စ္နဲ႕ တိုက္မိျပီး နွစ္ဦးလံုး ဒဏ္ရာရတယ္ သတင္းထြက္ခဲ့ေပမယ့္ ေကာလဟာလ အျဖစ္နဲ႕သာ ျပီးဆံုးခဲ့ပါတယ္။

ေပါ့ဘာဟာ ယူနုိက္တက္ကေန ထြက္ခြာေတာ့မယ့္ သတင္းၾကီးခဲ့ေပမယ့္ လက္ရွိမွာေတာ့ ယူနုိက္တက္မွာ ေပ်ာ္ရႊင္ေနပံုရျပီး အသင္းေဖာ္ေတြနဲ႕ ခ်စ္ခင္ အဆင္ေျပေနတာကို ေတြ႔ရပါတယ္။ အသင္းလိုက္ ညီညြတ္ရင္ အတူ တိုက္စစ္ ခံစစ္ကစားျပီး ပိုေကာင္းလာတယ္လို႔ ေပါ့ဘာက လတ္တေလာလည္း ေပ်ာ္ရႊင္စြာ ေျပာဆိုထားပါတယ္။

ယူနုိက္တက္ နည္းျပ ဆိုးရွားကလည္း အသင္းရဲ႕ တိုးတက္မႈ ရွိေနတဲ့ အေျခအေန အရပ္ရပ္ အေပၚ သေဘာက်ေနျပီး ေပါ့ဘာနဲ႕ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုနိုင္မယ္လို႔ ယံုၾကည္ေမွ်ာ္လင့္ေနပါတယ္။